ဦးတင်ဦးလွင်(၁၉၅၆ဖွား) သည် မြန်မာ့နိုင်ငံရေးသမား နှင့် သံအမတ်ကြီးဟောင်း ဖြစ်သည်။သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်လည်းကောင်း[၁]နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၂] လက်ရှိတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသည်။[၃]

တင်ဦးလွင်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးကိုကို
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၉ ဩဂုတ် ၂၀၂၂ – ၃ ဩဂုတ် ၂၀၂၃
ယခင်လူဦးမောင်မောင်နိုင်
ဆက်ခံသူဦးသန်းထွန်းဦး
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး
တာဝန်သက်တမ်း
၁၄ ဩဂုတ် ၂၀၁၃ – ၃၁ မတ် ၂၀၁၆
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1956-05-13) ၁၃ မေ၊ ၁၉၅၆ (အသက် ၆၇)
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)မေမြင့်မောင်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
ရာထူးဗိုလ်မှူးချုပ်

ပညာရေး ပြင်ဆင်ရန်

သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၁၉)ဆင်း ဖြစ်သည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အပါတ်စဉ်တူသည်။[၄] ကာကွယ်ရေးတက္ကသိုလ် မှ မဟာဘွဲ့လည်း ရရှိသည်။

သံအမတ်ကြီးဘဝ ပြင်ဆင်ရန်

ဦးတင်ဦးလွင်သည် တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ နှစ်ပေါင်း ၃၀ကျော် တာဝန်ထမ်းဆောင်ရင်း အချိန်ကုန်ဆုံးခဲ့သည်။ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ၂၀၀၄ နောက်ပိုင်းတွင် ပြောင်းရွှေ့လာကာ သီရိလင်္ကာနိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး[၅]တောင်အာဖရိကဆိုင်ရာ မြန်မာသံအမတ်ကြီး[၆]စင်ကာပူနိုင်ငံဆိုင်ရာ သံအမတ်ကြီး[၇] အစရှိသည့် သံအမတ်ကြီးတာဝန်များထမ်းဆောင်သည်။

နိုင်ငံရေးဘဝ ပြင်ဆင်ရန်

သူ့ကို သံအမတ်ကြီးအဖြစ် မှ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ၂၀၂၃ ဩဂုတ် ၁၄ရက်တွင် ဦးသိန်းစိန် အစိုးရ က ခန့်အပ်ခံရသည်။[၈] [၉]

ထိုတာဝန်ကို ဦးသိန်းစိန် အစိုးရ သက်တမ်းပြည့် သည်အထိ တာဝန်ထမ်းဆောင်သည်။ယင်းနောက် အထွေထွေရွေးကောက်ပွဲ ၂၀၁၅အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ဝင်ပြိုင်သည်။[၁၀] ၂ကြိမ်စလုံးရွေးကောက်မခံရပေ။ထိုကာလတစ်လျှောက်လုံး ပါတီတွင် ပါတီဗဟိုကော်မတီဝင်အဖြစ် ထမ်းဆောင်သည်။ အထူးသဖြင့် ပါတီ၏နိုင်ငံခြားရေးရာတွင် တာဝန်ယူရသည်။

ဝန်ကြီးဘဝ ပြင်ဆင်ရန်

သူ့ကို စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နေပြည်တော်ကောင်စီဥက္ကဋ္ဌ အဖြစ် တာဝန်ပေးသည်။ [၁၁] ယင်းနောက် ၂၀၂၃ ဩဂုတ် ၃ရက် တွင် သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ခန့်အပ်သည်။

မိသားစုဘဝ ပြင်ဆင်ရန်

အိမ်ထောင်သည်တစ်ဦးဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. လှေစီးဒုက္ခသည်များ အမြန်ပြန်ပို့ရန် လုပ်ဆောင်နေဟု အစိုးရသတင်းထုတ်ပြန်DVB Burmese (၂၄ မေ ၂၀၁၅)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်Myanmar Digital News (၈ ဇူလိုင် ၂၀၂၃)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် “လောဘအမှောင်” ဆို ငို ပြော ဇာတ်တော်ကြီး ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်နေမှု ကြည့်ရှုစစ်ဆေးMOI Myanmar (၂၅ ဩဂုတ် ၂၀၂၃)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. စစ်ကောင်စီ သက်တမ်းတိုးပြီးနောက် ရာထူးအပြောင်းအလဲများဧရာဝတီသတင်း (၇ ဩဂုတ် ၂၀၂၃)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်ဦးတင်ဦးလွင်အားခန့်အပ်ကြေးမုံသတင်းစာ(၁၂-၈-၂၀၀၅)နေ့ထုတ်စာမျက်နှာ၂ (၁၂ ဩဂုတ် ၂၀၀၅)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. မြန်မာ့အရေး ကြားဝင်စေ့စပ်ပေးလိုဟု တောင်အာဖရိက ကမ်းလှမ်းVOA Burmese (၂၆ မေ ၂၀၀၉)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. နိုင်ငံတော်သမ္မတဦးသိန်းစိန်၏စင်ကာပူခရီးစဉ်ကြေးမုံသတင်းစာ(၃-၂-၂၀၁၂) (၃ ဖေဖော်ဝါရီ ၂၀၁၂)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ဒု ဝန်ကြီး ၃ ဦး ခန့်အပ် တာဝန်ပေးဧရာဝတီသတင်း (၁၄ ဩဂုတ် ၂၀၁၃)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. H.E. Mr. Tin Oo Lwin, Deputy Foreign Minister of Myanmar visited the ASEAN-Japan CentreAsean Japan Centre (22 May 2014)။ 3 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 September 2023 တွင် ပြန်စစ်ပြီး။
  10. ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဝန်ကြီးဟောင်းများပိုင်ဆိုင်သည့် ကုမ္ပဏီများMyanmar Now (၂၃ စက်တင်ဘာ ၂၀၂၀)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းဆင်ဟွာသတင်း (၃ ဩဂုတ် ၂၀၂၃)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။