ကိုလေး (ဗိုလ်ချုပ်)

ဒုတိယဝန်ကြီး-ကာကွယ်ရေးဝန်ကြီးဌာန

ဗိုလ်ချုပ်ကိုလေး (၁၉၆၅ ဖွား) သည် တပ်မတော်သားတစ်ဦးဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ၏ လက်ရှိ ဒုတိယဝန်ကြီး ဖြစ်သည်။[၁] ယင်းမတိုင်မီက သူသည် ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဖြစ်ခဲ့သည်။


ကိုလေး
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၈ မေ ၂၀၂၄
သမ္မတဦးမြင့်ဆွေ (ယာယီ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမင်းအောင်လှိုင်
ယခင်လူဗိုလ်ချုပ် အောင်လင်းထွန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၅
ကြင်ဖော်(များ)လေးပို
မိခင်ကျောင်းစစ်တက္ကသိုလ် အပတ်စဉ်(၂၇)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဗိုလ်ချုပ်

စစ်မှုထမ်းဘဝ

ပြင်ဆင်ရန်

သူသည် စစ်တက္ကသိုလ် အမှတ်စဉ် (၂၇) ဆင်း တစ်ဦးဖြစ်သည်။ ပြန်တမ်းဝင်အမှတ် ကြည်း ၁၉၅၉၀ ဖြင့် စစ်မှုထမ်းသည်။တပ်မတော် တွင် နှစ်ပေါင်း၃၀ကျော်ကြာ အဆင့်ဆင့်တာဝန် ထမ်းဆောင်ပြီးနောက် ၂၀၁၉ ခုနှစ် တွင် ဗိုလ်ချုပ်အဆင့်ဖြင့် ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဖြစ်လာခဲ့သည်။ထိုသို့ဖြစ်လာပြီးနောက် သူသည် တပ်မတော်နေ့ ကျင်းပရေး စစ်ရေးပြလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန် ယူရသည်။[၂]သူသည် တပ်မတော် ဒုတိယအကြီးအကဲဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ လူယုံတစ်ဦး ဟူ၍လည်း ဖော်ညွှန်းခံရသည်။[၃]ယင်းအပြင် ဒရုန်းတပ်ဖွဲ့ ကိုလည်း စီမံကွပ်ကဲရသည်။

ဒုတိယဝန်ကြီးဘဝ

ပြင်ဆင်ရန်

၂၀၂၄ ခုနှစ် မေလ ၂၈ ရက်နေ့ တွင် ကာကွယ်ရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ပေးခံရသည်။

ရရှိခဲ့သောဆု

ပြင်ဆင်ရန်

၎င်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ရက်တွင် တပ်မတော်ဆိုင်ရာစွမ်းဆောင်မှုဘွဲ့တံဆိပ် တစ်ခု ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ အားချီးမြှင့်ခံရသည်။[၄] ယင်းအပြင် သူသည် ၂၀၂၀ပြည့်နှစ်ထဲမှာပင် တပ်မတော်ဆိုင်ရာစွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ် ကိုလည်း ချီးမြှင့်ခံရသည်။[၅]

  1. ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၂၈ မေ ၂၀၂၄)။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းMWD Webportal (၂၂ မတ် ၂၀၂၄)။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ဒီချုပ်အစိုးရလက်ထက်က ဇေယျကျော်ထင်ဘွဲ့ရဗိုလ်ချုပ်ကိုလေး ကာကွယ်ရေးဒုဝန်ကြီးဖြစ်လာTachileik News Agency (၂၈ မေ ၂၀၂၄)။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပMyanmar Digital News (၁ ဇန်နဝါရီ ၂၀၂၁)။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ(၃/၂၀၂၀) ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၂၇ရက်နေ့ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်း (၄ ဇန်နဝါရီ ၂၀၂၀)။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။