ကုန်းစံရွာ၊ နောင်ချိုမြို့နယ်

ကုန်းစံရွာ (အင်္ဂလိပ်: Konesam)သည် ရှမ်းပြည်နယ် (မြောက်)ကျောက်မဲခရိုင်နောင်ချိုမြို့နယ်ကုန်းစံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၅၈၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကုန်းစံကျေးရွာအုပ်စုတွင် ကျား ၁၁၃၂ ဦး၊ မ ၁၂၀၂ ဦး၊ လူဦးရေ စုစုပေါင်း ၂၃၃၄ ဦးနေထိုင်သည်။ [၁]

ကုန်းစံ
ရွာ
ကုန်းစံရွာ
ကုန်းစံ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကုန်းစံ
ကုန်းစံ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°19′16″N 96°51′58″E / 22.3212203979492°N 96.8662109375°E / 22.3212203979492; 96.8662109375ကိုဩဒိနိတ်: 22°19′16″N 96°51′58″E / 22.3212203979492°N 96.8662109375°E / 22.3212203979492; 96.8662109375
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်ကျောက်မဲခရိုင်
မြို့နယ်နောင်ချိုမြို့နယ်
ကျေးရွာအုပ်စုကုန်းစံ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကုန်းစံ ကျေးရွာအုပ်စုကို ကျေးရွာ (၇) ရွာဖြင့် ဖွဲ့စည်းထားပြီး အုပ်စုရွာ မှာ ကုန်းစံ ဖြစ်သည်။ နာမည်ကျော် ဂုတ်ထိပ်တံတား နှင့် ဂုတ်ထိပ် ရွာမှာ ကုန်းစံအုပ်စုအတွင်း တည်ရှိသည်။ ဂုတ်ထိပ်လေးလမ်းသွားကားလမ်းကူးတံတားသစ်သည် ကုန်းစံအုပ်စုအတွင်းရှိ ဂုတ်တွင်းလျှို နောင်ချိုမြို့နယ်ဖက်ကမ်း ကို ကျောက်မဲမြို့နယ်ဖက်ကမ်းနှင့် ဆက်သွယ်ပေးမည်ဖြစ်သည်။ တံတားစီမံကိန်းအတွက် မြေလျာနှင့်သီးနှံလျော်ကြေးများ ပေးပြီးဖြစ်ကာ စိတ်ဝင်စားမှုအဆိုပြုလွှာခေါ်ယူခဲ့ရာ ယခင်အဆိုပြု အော်ရီယံတယ် ဟိုက်ဝေး (ယခင် အေးရှားဝေါ) ကုမ္ပဏီကပင် တင်ဒါလုပ်ငန်းများ လုပ်ကိုင်ရဖွယ်ရှိနေသည်။ ကုန်းစံရွာတွင် သစ်တောကြိုးဝိုင်းမြေကိစ္စ အငြင်းပွားမှုများ ရှိသည်။


ကိုးကား ပြင်ဆင်ရန်

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။