ကုလသမဂ္ဂ ကြေညာစာတမ်း
ကုလသမဂ္ဂကြေညာစာတမ်းသည် ဒုတိယကမ္ဘာစစ်၏ မဟာမိတ်များကို တရားဝင်ဖြစ်စေခဲ့သော အဓိကသဘောတူစာချုပ်ဖြစ်ပြီး ၁၉၄၂ မှ ၁၉၄၅ ခုနှစ်များအတွင်း နိုင်ငံပေါင်း ၄၇ နိုင်ငံမှ အစိုးရများက လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၄၂ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျင်းပလျက်ရှိခဲ့သော အာကေးဒီးယားညီလာခံအတွင်း ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စု၊ ဆိုဗီယက်ယူနီယံနှင့် တရုတ်နိုင်ငံတို့ပါဝင်သည့် "ကြီးလေးကြီး"တို့သည် ကုလသမဂ္ဂကြေညာစာတမ်းဟု လူသိများလာမည့် စာတမ်းအတိုတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး နောက်တစ်နေ့တွင် အခြားနိုင်ငံ ၂၂ နိုင်ငံ၏ ကိုယ်စားလှယ်များကလည်း လက်မှတ်များ ပါဝင်ရေးထိုးခဲ့ကြသည်။[၁][၂][၃]
ကုလသမဂ္ဂကြေညာစာတမ်း | |||||||
"ကုလသမဂ္ဂသည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သည်။" — အမေရိကန်စစ်သတင်းပြန်ကြားရေးရုံး၏ ပိုစတာ (၁၉၄၃) | |||||||
ရိုးရာ တရုတ် | 聯合國共同宣言 | ||||||
---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 联合国家宣言 | ||||||
| |||||||
ရုရှားအမည် | |||||||
ရုရှား | Декларация Объединённых Наций | ||||||
ရိုမန်ပြုခြင်း | Deklaratsiya Ob"yedinonnykh Natsiy | ||||||
အင်္ဂလိပ် name | |||||||
အင်္ဂလိပ် | Declaration by United Nations |
စာသား
ပြင်ဆင်ရန်အမေရိကန်ပြည်ထောင်စု၊ မဟာဗြိတိန်နှင့်မြောက်အိုင်ယာလန် ပြည်ထောင်စုဘုရင့်နိုင်ငံ၊ ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံများပြည်ထောင်စု၊ တရုတ်၊ ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ကော့စတာရီကာ၊ ကျူးဘား၊ ချက်ကိုဆလိုဗားကီးယား၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အယ်ဆာဗေဒို၊ ဂရိ၊ ဂွါတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ လူဇင်ဘတ်၊ နယ်သာလန်၊ နယူးဇီလန်၊ နီကာရာဂွာ၊ နော်ဝေ၊ ပနားမား၊ ပိုလန်၊ တောင်အာဖရိက၊ ယူဂိုဆလာဗီယားနိုင်ငံတို့၏ ပူးတွဲကြေညာချက်
အောက်ဖော်ပြပါအချက်များအတွက် ဤအစိုးရများကလက်မှတ်ရေးထိုးကြသည်။
၁၉၄၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ရက်စွဲတွင် ကြေညာခဲ့သော အတ္တလန္တိတ်စာချုပ်ဟူ၍လည်း အမည်ရသည့် အမေရိကန်ပြည်ထောင်စုသမ္မတနှင့် မဟာဗြိတိန်နိုင်ငံဝန်ကြီးချုပ်တို့၏ ပူးတွဲကြေညာစာတမ်းတွင်ပါရှိသည့် ရည်ရွယ်ချက်များနှင့် အခြေခံမူများပါရှိသည့် ဘုံအစီအစဉ်တစ်ခုတွင် လာရောက်ပါဝင်ခြင်း၊
မိမိတို့၏အသက်၊ လွတ်လပ်ခွင့်၊ လွတ်လပ်ရေးနှင့် ဘာသာရေးလွတ်လပ်ခွင့်တို့ကို ခုခံကာကွယ်ရန်နှင့် မိမိတို့နိုင်ငံအပြင် အခြားနိုင်ငံများတွင်လည်း လူ့အခွင့်အရေးနှင့် တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်တို့အတွက် မိမိတို့၏ရန်သူများကို အပြည့်အဝတိုက်ခိုက်ရန် လိုအပ်ကြောင်းသိရှိရခြင်း၊ ယခုအခါတွင်လည်း ကမ္ဘာကြီးကိုချေမှုန်းရန် ကြိုးပမ်းနေကြသော ရက်စက်ကြမ်းကြုတ်သည့် အင်အားစုများကို ဆန့်ကျင်နေကြသော ဘုံတိုက်ပွဲများတွင် ပါဝင်နေကြခြင်း
ကြေညာအပ်ပါသည်:
(၁) အစိုးရတိုင်းသည် သုံးပွင့်ဆိုင်စစ်စာချုပ်၏ အဖွဲ့ဝင်များနှင့် အဆိုပါအစိုးရနှင့် စစ်ဖြစ်နေသော ထိုစာချုပ်နှင့်ဆက်စပ်နေသူတို့ကို ဆန့်ကျင်သည့်ရန်အတွက် မိမိ၏စစ်ဖက်ဆိုင်ရာ သို့မဟုတ် စီးပွားရေးဆိုင်ရာ အရင်းအမြစ်များကို အပြည့်အဝအသုံးချရန် ကတိပြုပါကြောင်း၊
(၂) အစိုးရတိုင်းသည် ဤနေရာ၌လက်မှတ်ရေးထိုးထားသော အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ရန်သူများနှင့် သီးခြားအပစ်အခတ်ရပ်စဲရေး သို့တည်းမဟုတ် စစ်ပြေငြိမ်းချမ်းရေးမပြုလုပ်ရန် ကတိပြုပါကြောင်း၊
ဟစ်တလာဝါဒကို အောင်နိုင်ရန်အတွက် ကြိုးပမ်းမှုတွင် ထောက်ပံ့ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနေသည့် သို့တည်းမဟုတ်လျှင် ဆောင်ရွက်ကောင်းဆောင်ရွက်ပေးနိုင်မည့် အခြားနိုင်ငံများအနေဖြင့်လည်း အထက်ဖော်ပြပါကြေညာချက်ကို လိုက်နာကြနိုင်သည်။[၄]
လက်မှတ်ထိုးသူများ
ပြင်ဆင်ရန်မူလလက်မှတ်ထိုးသူများ[၅] | |
---|---|
ကြီးလေးကြီး[၃][၆] | |
ဗြိတိသျှဓနသဟာယ၏ ဒိုမီနီယံများ | |
အမေရိကတိုက်ရှိ လွတ်လပ်သောနိုင်ငံများ | |
ဥရောပ စစ်ပြေးအစိုးရများ | |
ဗြိတိသျှအင်ပါယာ၏ မလွတ်လပ်သောနယ်မြေများ | အိန္ဒိယ |
နောက်မှလက်မှတ်ထိုးသူများ[၅] | |
၁၉၄၂ | (၁၉၃၄–၁၉၄၆ အတွင်း အမေရိကန်နိုင်ငံ၏ ဓနသဟာယနယ်မြေ) |
၁၉၄၃ | |
၁၉၄၄ | |
၁၉၄၅ |
|
ဆက်စပ်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ 1942: The Declaration by United Nations။ United Nations။ 12 July 2021 တွင် ပြန်စစ်ပြီး။
- ↑ Ma၊ Xiaohua (2003)။ The Sino-American alliance during World War II and the lifting of the Chinese exclusion acts။ American Studies International။ 38။ New York: Routledge။ pp. 203–204။ ISBN 0-415-94028-1။ JSTOR 41279769။
- ↑ ၃.၀ ၃.၁ "The Moscow Declaration on general security"။ Yearbook of the United Nations 1946-1947။ Lake Success, NY: United Nations။ 1947။ p. 3။ OCLC 243471225။ 25 April 2015 တွင် ပြန်စစ်ပြီး။
- ↑ "ဝါရှင်တန်ကွန်ဖရင့် ၁၉၄၁–၁၉၄၂"မှစာသား
- ↑ ၅.၀ ၅.၁ "The Declaration by United Nations"။ Yearbook of the United Nations 1946-1947။ Lake Success, NY: United Nations။ 1947။ pp. 1–2။ OCLC 243471225။ 20 April 2015 တွင် ပြန်စစ်ပြီး။
- ↑ Ma၊ Xiaohua (2003)။ The Sino-American alliance during World War II and the lifting of the Chinese exclusion acts။ American Studies International။ 38။ New York: Routledge။ pp. 203–204။ ISBN 0-415-94028-1။ JSTOR 41279769။