တရုတ်သမ္မတနိုင်ငံ (၁၉၁၂–၁၉၄၉)

တရုတ်ပြည်မ၌တည်ရှိခဲ့သောနိုင်ငံဟောင်း
၁၉၄၉ နောက်ပိုင်းသမိုင်းကြောင်း အတွက် ထိုင်ဝမ် ကို ကြည့်ပါ။

၁၉၁၂ ခုနှစ် မှ ၁၉၄၉ ခုနှစ်ကာလ၌ တရုတ်သမ္မတနိုင်ငံ (အာအိုစီ) (အင်္ဂလိပ်: Republic of China (ROC)) သည် တရုတ်ပြည်မ၌ တည်ရှိခဲ့သော နိုင်ငံဟောင်းတစ်နိုင်ငံဖြစ်သည်။ ထိုအချိန်၌ "တရုတ်" ဟုဆိုလျှင် ဤနိုင်ငံကိုရည်ညွှန်းသည်။ ၁၉၄၉ ‌တွင် အာအိုစီအစိုးရမှ ထိုင်ဝမ်သို့ပြောင်းရွှေ့ခဲ့ရသည်။ ၁၉၄၉ ခုနှစ်တွင် လူဦးရေ ၅၄၁ သန်းရှိခဲ့ရာ လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်ခဲ့သည်။ ဧရိယာအကျယ်အဝန်းမှာ ၁၁.၄ မီလီယံ စတုရန်းကီလိုမီတာ (၄.၄ မီလီယံ စတုရန်း‌မိုင်) ရှိခဲ့သည်။[၃] ပြည်နယ် ၃၅ ပြည်နယ်၊ အထူးအုပ်ချုပ်ရေးဒေသ ၁ နေရာ၊ တိုင်းဒေသကြီး ၂ တိုင်း၊ အထူးမြူနီစပယ်ဒေသ ၁၂ ခု တို့ဖြင့်ဖွဲ့စည်းထားသည်။ ဤကာလကို အာအိုစီသမိုင်း သို့မဟုတ် ထိုင်ဝမ်သမိုင်းတွင် "သမ္မတနိုင်ငံခေတ်" (Republican Era)[၄] သို့မဟုတ် "ပြည်မခေတ်" (Mainland Period)[၅] ဟူ၍ရည်ညွှန်းခေါ်ဆိုကြသည်။

တရုတ်သမ္မတနိုင်ငံတော်
Republic of China

中華民國
Chunghwa Minkuo
Zhōnghuá Mínguó
တရုတ်သမ္မတနိုင်ငံ (၁၉၁၂–၁၉၄၉)၏ အလံတော်
Flag of the Republic of China.svg
Twelve Symbols national emblem of China.svg
National Emblem of the Republic of China.svg
အလံတော် အပေါ်: (၁၉၁၃–၁၉၂၈)
အောက်: (၁၉၂၈–၁၉၄၉)
နိုင်ငံတော် သီချင်း: 
  • 《五族共和歌》
  • "Song of Five Races Under One Union"
    (၁၉၁၂–၁၉၁၃)
    《卿雲歌》
  • "Song to the Auspicious Cloud"
    (၁၉၁၃–၁၉၁၅၊ ၁၉၂၁–၁၉၂၈)[မှတ်စု ၁]
    《中華雄立宇宙間》
  • "China Heroically Stands in the Universe"
    (၁၉၁၅–၁၉၂၁)
    《中華民國國歌》
  • "National Anthem of the Republic of China"
(၁၉၃၀–၁၉၄၉)
တံဆိပ်‌တော်
中華民國之璽
中華民國之璽.svg
(၁၉၂၉-၁၉၄၉)
တရုတ်သမ္မတနိုင်ငံ (၁၉၁၂–၁၉၄၉) ၏ တည်နေရာ
မြို့တော်ပေကျင်းမြို့ (၁၉၁၂–၁၉၂၇)
နန်ကျင်းမြို့ (၁၉၂၇–၁၉၃၇၊ ၁၉၄၆–၁၉၄၉)
ဝူဟန်မြို့ (၁၉၂၇၊ ၁၉၃၇)
ချုံချင့်မြို့ (၁၉၃၇–၁၉၄၆၊ ၁၉၄၉)
ကွမ်ကျိုးမြို့ (၁၉၄၉)
ချင်းဒူမြို့ (၁၉၄၉)
အကြီးဆုံးမြို့ရှန်ဟိုင်းမြို့
ရုံးသုံး ဘာသာစကားများတရုတ်ဘာသာ
အသိအမှတ်ပြု နိုင်ငံတော် ဘာသာစကားများတီဗက်ဘာသာ
ဝီဂါဘာသာ
မန်ချူးဘာသာ
မွန်ဂိုလီးယန်းဘာသာ
ရုံးသုံးအရေးအသား
  • ရိုးရာတရုတ်
  • မန်ချူးအက္ခရာ
  • မွန်ဂိုအက္ခရာ
  • တိဘက်အက္ခရာ
  • ဝီဂါအက္ခရာ
  • ဖော်မိုးဆန်းလက်တင်အက္ခရာ (၁၉၄၅ မှ)
ကိုးကွယ်မှုအများအပြား
Demonymတရုတ်[၁]
အစိုးရ
  • ယာယီအစိုးရ (၁၉၁၂)
  • ပေရန်းအစိုးရ (၁၉၁၂–၁၉၂၈)
  • အမျိုးသားအစိုးရ (၁၉၂၈–၁၉၄၈)
  • ထိုင်ဝမ်အစိုးရ (၁၉၄၈–၁၉၄၉)
• သမ္မတ
• ဥက္ကဋ္ဌ
  • တန်ရှောင်ယီ (၁၉၁၂) (ပထမ)
  • ဟေယင်းချင် (၁၉၄၉) (နောက်ဆုံး)
ဥပဒေပြုလွှတ်တော်လွှတ်တော်
National Assembly
Control Yuan[၂]
Legislative Yuan
သမိုင်းဝင်ဖြစ်ရပ်များ
• ရှန်ဟိုက်တော်လှန်ရေး
၁၀ အောက်တိုဘာ ၁၉၁၁ [မှတ်စု ၂]–၁၂ ဖေဖော်ဝါရီ ၁၉၁၂[မှတ်စု ၃]
• သမ္မတနိုင်ငံတည်ထောင်
၁ ဇန်နဝါရီ ၁၉၁၂
• ပေယန်းအစိုးရ
၁၉၁၂–၁၉၁၅၊ ၁၉၁၆–၁၉၂၈
၁၀ ဇန်နဝါရီ ၁၉၂၀
• မြောက်ဘက်စစ်ရေးဆင်ခြင်း
၁၉၂၆–၁၉၂၈
• အမျိုးသားရေးအစိုးရ
၁၉၂၇–၁၉၄၉
၁၉၂၇–၁၉၄၆
၁၉၄၆–၁၉၅၀[မှတ်စု ၄]
၇ ဇူလိုင် ၁၉၃၇[မှတ်စု ၅]–၂ စက်တင်ဘာ ၁၉၄၅[မှတ်စု ၆]
• ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာ
၂၄ အောက်တိုဘာ ၁၉၄၅
• ထိုင်ဝမ်ကိုအုပ်ချုပ်
၂၅ အောက်တိုဘာ ၁၉၄၅
၁ အောက်တိုဘာ ၁၉၄၉
• ထိုင်ပေမြို့သို့ပြောင်း
၇ ဒီဇင်ဘာ ၁၉၄၉
ဧရိယာ
• စုစုပေါင်း
၁၁,၀၇၇,၃၈၀ km2 (၄,၂၇၇,၀၀၀ sq mi)
လူဦးရေ
• သန်းခေါင်စာရင်း
  • ၄၃၂,၃၇၅,၀၀၀ (၁၉၂၀)
  • ၄၇၂,၀၀၀,၀၀၀ (၁၉၃၀)
  • ၄၈၉,၀၀၀,၀၀၀ (၁၉၄၀)
  • ၅၃၅,၄၁၈,၀၀၀ (၁၉၄၆)
  • ၅၄၁,၆၇၀,၀၀၀ (၁၉၄၉)
ငွေကြေးတရုတ်ရွှေယူနစ် (၁၉၁၂–၁၉၄၉၊ တရုတ်ပြည်မ၌)
ထိုင်ဝမ်ဒေါ်လာဟောင်း (၁၉၄၆–၁၉၄၉၊ ထိုင်ဝမ်၌)
အချိန်ဇုန်Kunlun to Changpai Standard Times (UTC+5:30 to +8:30)
ယာဉ်ကြောစနစ်လက်ယာ[မှတ်စု ၇]
လူဦးရေကို http://www.populstat.info/Asia/chinac.htm မှကိုးကားသည်။

တရုတ်သမ္မတနိုင်ငံသည် နိုင်ငံပေါင်းချုပ် အသင်းကြီးနှင့်ကုလသမဂ္ဂ (လုံခြုံရေးကောင်စီ အပါအဝင်) တို့၏ တည်ထောင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ၁၉၇၁ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အာအိုစီ၏နေရာကိုယူခဲ့သည်။ ကမ္ဘာ့စာပို့လုပ်ငန်းသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီတို့၏ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ခဲ့သည်။

သမိုင်းအကျဉ်းပြင်ဆင်

 
ဆွန်ယက်ဆင်မှ တရုတ်သမ္မတနိုင်ငံ တည်ထောင်လိုက်ကြောင်း ပြောကြားစဉ် (၁၉၁၂)

တရုတ်ပြည်တွင် ဝူချန်းအရေးတော်ပုံမှ ရှန်ဟိုက်တော်လှန်ရေးဖြစ်ပွားခဲ့ပြီး ချင်းမင်းဆက်ကို ဖြုတ်ချနိုင်ခဲ့ရာ နှစ်ပေါင်းများစွာရှိခဲ့‌သော တရုတ်ဘုရင်စနစ်ကို အပြီးတိုင်အဆုံးသတ်စေခဲ့သည်။[၆] သို့သော်နိုင်ငံရေးအခြေအနေမှာ ငြိမ်သက်မှုမရှိခဲ့ပေ။ ၁၉၂၅–၁၉၂၈ တွင် စစ်သူကြီးများက မိမိတို့ဒေသအသီးသီးကို သီးခြားပြည်နယ်အဖြစ် ကိုယ်တိုင်အုပ်ချုပ်ခဲ့ကြသည်။ ၁၉၃၇–၁၉၄၅ တွင် ဂျပန်တို့ကကျူးကျော်ခဲ့ကြသည်။ ၁၉၂၇–၁၉၄၉ တွင် ကွန်မြူနစ်များနှင့် ပြည်တွင်းစစ်တိုက်ခိုက်ခဲ့ရသည်။ သမ္မတနိုင်ငံဟုဆိုသော်လည်း ဆွန်ယက်ဆင်ကွယ်လွန်ပြီး ကူမင်တန်တို့မှာ စစ်အာဏာရှင်စနစ်နှင့်သာ အုပ်ချုပ်ခဲ့ကြသည်။[၇]

၁၉၄၅ တွင် ဂျပန်တို့ကစစ်ရှုံးခဲ့သဖြင့် ထိုင်ဝမ်ကျွန်းအား အာအိုစီထံသို့ပြန်ပေးအပ်ခဲ့သည်။ ၁၉၄၉ တွင် ကွန်မြူနစ်များ စစ်နိုင်ခဲ့သဖြင့် ထိုင်ဝမ်သို့တိမ်းရှောင်ခဲ့ရာ ထိုင်ပေမြို့အား မြို့တော်အဖြစ်သတ်မှတ်ခဲ့သည်။[၈] စစ်နိုင်ကွန်မြူနစ်များသည် တရုတ်ပြည်မကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ်တည်ထောင်ခဲ့ပြီး ပေကျင်းမြို့ကို မြို့တော်အဖြစ်ထားခဲ့သည်။[၉][၁၀]

သမိုင်းအကျယ်ပြင်ဆင်

အခြားကြည့်ရန်။ တရုတ်သမိုင်း

နိုင်ငံတည်ထောင်ခြင်းပြင်ဆင်

 
ယွမ်ရှိခိုင် (ဝဲ)၊ ဆွန်ယက်ဆင် (ယာ) နှင့် နိုင်ငံတော်အလံများ

၁၉ ရာစုတွင် တရုတ်ပြည်ကိုအုပ်ချုပ်ခဲ့သော ချင်းမင်းဆက်လက်ထက်တွင် အနောက်တိုင်းနိုင်ငံများ နယ်ချဲ့လာမှုနှင့် ပြည်တွင်းပဋိပက္ခများကြောင့် တိုင်းပြည်မှာမငြိမ်မသက်ဖြစ်ခဲ့ရသည်။[၁၁][၁၂][၁၃] ထိုသို့မတည်ငြိမ်မှုများသည် မန်ချူးဘုရင်ဆန့်ကျင်သူများအတွက် သမ္မတနိုင်ငံသစ်ကိုတည်ထောင်ရန် အခွင့်အလမ်းဖြစ်ခဲ့သည်။[၆]

၁၉၁၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဘုရင်အစိုးရကိုဆန့်ကျင့်သော ဝူချန်းအရေးတော်ပုံဖြစ်ပွားခဲ့သည်။ ယခုအခါထိုနေ့ကို ထိုင်ဝမ်၏အမျိုးသားနေ့အဖြစ် ကျင်းပလျက်ရှိသည်။ ဆွန်ယက်ဆင်သည် ပြင်ပနယ်၌ ရှိနေခဲ့သော်လည်း တော်လှန်ရေးလုပ်ငန်းများကို အားပေးလျက်ရှိခဲ့သည်။ ၁၉၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဆွန်ယက်ဆင်သည် နိုင်ငံတော်သမ္မတအဖြစ် ‌ရွေးကောက်ခြင်းခံခဲ့ရသည်။

အစောပိုင်းကာလပြင်ဆင်

၁၉၁၂ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆွန်ယက်ဆင်သည် သမ္မတမိန့်ခွန်းပြောကြားရာ၌ မန်ချူးဘုရင်စနစ်ကို တိုက်ထုတ်မည်ဖြစ်ကြောင်းနှင့် လူနေမှုအဆင့်အတန်းတို့ကို မြှင့်တင်မည်ဖြစ်ကြောင်းတို့ကို ပြောဆိုခဲ့သည်။[၁၄] ထိုသို့နိုင်ငံသစ်ကို တည်ထောင်နိုင်ခဲ့သော်လည်း စစ်အင်အားမရှိခဲ့ပေ။ ထိုအချိန်၌ မန်ချူးဘုရင်ထောက်ခံသူများသည် စစ်သူကြီးယွမ်ရှိခိုင်ကို အားကိုးခဲ့ရသည်။ သို့ဖြစ်ရာဆွန်ယက်ဆင်သည် ယွမ်ရှိခိုင်အား ဘုရင်ကိုဖြုတ်ချလျှင် သမ္မတနေရာ ပေးမည်ဖြစ်ကြောင်းပြောဆိုခဲ့ရာ သဘောတူညီမှုရရှိခဲ့သည်။ ယွမ်ရှိခိုင်သည် တရုတ်ချင်းမင်းဆက်၏ နောက်ဆုံးဘုရင်ပုရီအား ဖြုတ်ချပေးခဲ့သည်။ ကွန်မင်တန်ပါတီ၏ ဆော်ကျော်ရင် (Song Jiaoren) သည် ရွေးကောက်ပွဲ၌အနိုင်ရရှိခဲ့ရာ ယွမ်ရှိခိုင်သည်ကြေးစားလူသတ်သမားကို ငှားရမ်း၍ဆော်ကျော်ရင်အား လုပ်ကြံစေခဲ့သည်။[၁၅]

၁၉၁၃ တွင် ယွမ်ရှိခိုင်သည် တရုတ်သမ္မတဖြစ်လာခဲ့သည်။[၁၁][၁၆] သို့သော်စစ်အုပ်ချုပ်ရေးဖြင့်သာ အုပ်ချုပ်ခဲ့ပြီး ဆွန်ယက်ဆင်၏သဘောထားများကို အလေးပေးမှုမရှိခဲ့ပေ။ ထို့အပြင် ကူမင်တန်ပါတီကို ဖျက်သိမ်းစေခဲ့ပြီး ယာယီဖွဲ့စည်းပုံဥပဒေကိုလည်း လျစ်လျူရှုခဲ့သည်။ ၁၉၁၅ တွင် ယွမ်ရှိခိုင်သည် မိမိကိုယ်ကိုတရုတ်ဧကရာဇ် ဟူ၍ကြေညာခဲ့ပြီး နိုင်ငံကိုဘုရင်စနစ်ကဲ့သို့ ပြန်လည်အုပ်ချုပ်နိုင်အောင် ကြိုးပမ်းခဲ့သည်။[၁၇] သို့သော်တရုတ်ပြည်၏ တိုင်းဒေသကြီးများသည် လွတ်လပ်ရေးကြေညာ၍ သီးခြားပြည်နယ်များအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခဲ့ကြသည်။ ၁၉၁၆ တွင် ယွမ်ရှိခိုင်သည် ခေါင်းဆောင်နေရာမှဆင်းခဲ့ပြီး မကြာမီကွယ်လွန်ခဲ့သည်။[၁၈][၁၉] သို့ဖြစ်ရာတရုတ်ပြည်သည် သီးခြားကိုယ်ပိုင်အုပ်ချုပ်သည့် ဒေသ‌ပေါင်းများစွာကွဲပြားခဲ့ရသည်။ ဆွန်ယက်ဆင်သည် ကွမ်တုန်းပြည်နယ်သို့ သွားရောက်ခဲ့ရာ ၁၉၁၇ နှင့် ၁၉၂၂ ခုနှစ် တို့တွင် ပေကျင်းမြို့ရှိ ပေယန်းအစိုးရ (Beiyang Government) ကို ဆန့်ကျင်ရန် အစိုးရအဖွဲများဖွဲ့စည်းခဲ့သည်။ ၁၉၁၉ အောက်တိုဘာတွင် ကူမင်တန်ပါတီကို ပြန်လည်တည်ထောင်ခဲ့သည်။ ဆွန်ယက်ဆင်သည် မြောက်ပိုင်းမှစ၍ တရုတ်ပြည်ကိုပြန်လည်စည်းရုံးလိုသော်လည်း စစ်အင်အားမရှိခဲ့ပေ။[၂၀]

၁၉၁၉ တွင် ပေယန်းအစိုးရ၏ ဗာဆိုင်းစာချုပ်အပေါ် အလေးမထားမှုနှင့် အနောက်တိုင်းယဉ်ကျေးမှုတို့ကို ဆန့်ကျင့်သော မေ ၄ အရေးတော်ပုံ ဖြစ်ပွားခဲ့သည်။ မာ့စ်ဝါဒမှာ လူငယ်များအကြား ပြန့်ပွားလာမှုကြောင့် တရုတ်ကွန်မြူနစ်ပါတီမှာ ပေါ်ပေါက်လာခဲ့သည်။[၂၁]

နန်ကျင်းဆယ်စုနှစ်ပြင်ဆင်

 
တရုတ်ပြည်တစ်ဝှမ်း သီးခြားပြည်နယ်များစွာ ကွဲပြား‌နေပုံ
 
ဂျာမနီ၏ကူညီမှုကြောင့် တရုတ်ပြည်၏ စက်မှုနည်းပညာမှာ တိုးတက်လာခဲ့သည်။

၁၉၂၅ မတ်လတွင် ဆွန်ယက်ဆင်ကွယ်လွန်ခဲ့သောအခါ ချန်ကေရှိတ်မှာ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ချန်ကေရှိတ်သည် တရုတ်ပြည်မြောက်ပိုင်းသို့ သွားရောက်ခဲ့ရာ ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ကွန်မြူနစ်ပါတီတို့၏ အကူအညီကိုရရှိခဲ့သည်။ သို့သော် မိမိနေရာကိုအစားထိုးအုပ်ချုပ်မည် ဟူ၍မသင်ကာသောကြောင့် ဆိုဗီယက်တို့နှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့သည်။[၂၂] ထို့နောက်ချန်ကေရှိတ်သည် မြောက်ဘက်စစ်ဆင်ရေး (Northern Expedition) ကို ဆောင်ရွက်၍ ကွန်မြူနစ်များကို သတ်ဖြတ်ရန်ဆုံးဖြတ်ခဲ့သည်။ ထိုသို့သတ်ဖြတ်နေသည်နှင့်တစ်ပြိုင်နက် တရုတ်တောင်ပိုင်း၌ ကွန်မြူနစ်တို့သည်လည်း အမျိုးသားရေးဝါဒထောက်ခံသူများကို သတ်ဖြတ်ခဲ့ကြသည်။ သို့ဖြစ်ရာ အမျိုးသားရေးနှင့်ကွန်မြူနစ်တို့ ပြည်တွင်းစစ်စတင်တိုက်ခိုက်ခဲ့ကြသည်။ ချန်ကေရှိတ်သည် ကွန်မြူနစ်များကို တိုက်ထုတ်ပြီးနောက် ၁၉၂၇ တွင် နန်ကျင်းမြို့ကို မြို့တော်အဖြစ်တည်ထောင်ခဲ့သည်။[၂၃]

ဆွန်ယက်ဆင်သည်–

  • ဦးစွာ တိုင်းပြည်ကို စစ်အင်အားသုံး၍ စည်းရုံးရမည်
  • ထို့နောက် စစ်အုပ်ချုပ်ရေးဖြင့် ဥပဒေရေးဆွဲခြင်းကဲ့သို့သော ပြင်ဆင်မှုများပြုလုပ်ရမည်
  • နောက်ဆုံး၌ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရမည်

ဟူ‌သော အဆင့်များအတိုင်း ဆောင်ရွက်နိုင်မည် ဟုယုံကြည်ခဲ့သည်။[၂၄] ၁၉၃၀ တွင် အမျိုးသားရေးအစိုးရမှာ တရုတ်တစ်ပြည်လုံးကို စည်းရုံးနိုင်ခဲ့၍ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။[၂၅] ၁၉၃၆ မေလ ၅ ရက်နေ့တွင် အစိုးရမှ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြဋ္ဌာန်းပေးခဲ့သည်။[၂၆]

နန်ကျင်းဆယ်စုနှစ်ကာလသည် တရုတ်သမ္မတနိုင်ငံအစိုးရ၏ အာဏာအရှိဆုံးကာလဖြစ်သည်။ သို့သော် တရုတ်-တိဘက်စစ်ပွဲ၊ ဆိုဗီယက်တို့၏ကျူးကျော်မှု၊ သူပုန်တို့ထကြွမှုများ၊ ကွန်မြူနစ်တို့နှင့်တိုက်ပွဲ၊ ဂျပန်တို့၏ကျူးကျော်မှု စသောတိုက်ပွဲများစွာတို့ကို ရင်ဆိုင်ခဲ့ရသည်။

ဒုတိယတရုတ်-ဂျပန်စစ်ပွဲပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒုတိယ တရုတ်-ဂျပန်စစ်ပွဲ
 
တရုတ်တို့သည် ၁၉၃၁ မှစ၍ ဂျပန်တို့အား ခုခံတိုက်ခိုက်ခဲ့သည်။

၁၉၃၁ ခုနှစ်တွင် ဂျပန်တို့သည် မန်ချူးရီးယားဒေသကို ကျူးကျော်ခဲ့ပြီး ၁၉၃၂ တွင် မန်ချူးကိုးနိုင်ငံအဖြစ် တည်ထောင်ခဲ့ရာ ယခင်တရုတ်ဘုရင်ပုရီအား မန်ချူးကိုးနိုင်ငံ၏ ခေါင်းဆောင်အဖြစ်ထားခဲ့သည်။ မန်ချူးရီးယားဒေသဆုံးရှုံးမှုကြောင့် တရုတ်ပြည်စီးပွားရေးမှာ ထိခိုက်ခဲ့သည်။ ဂျပန်ကျူးကျော်မှုနှင့် ပက်သက်၍ နိုင်ငံပေါင်းချုပ် အသင်းကြီးမှာ မည်သို့မျှဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပေ။ ဂျပန်တို့သည် တရုတ်မဟာတံတိုင်းမှ ကမ်းရိုးတန်းတစ်လျှောက် ကျူးကျော်စစ်ဆင်နွှဲခဲ့သည်။ ၁၉၃၆ ဒီဇင်ဘာလတွင် မန်ချူရီးယားကိုအုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်ကျန်ရွှေးလျန် (Zhang Xueliang) သည် ချန်ကေရှိတ်ကို ပြန်ပေးဆွဲခဲ့၍ ဂျပန်တို့အားတိုက်ထုတ်ရန် ကွန်မြူနစ်များနှင့် အတင်းအဓ္ဓမပူးပေါင်းစေခဲ့သည်။

၁၉၃၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ပေကျင်းမြို့အနီးရှိ မာကိုပိုလိုတံတားအနီး၌ တရုတ်နှင်ဂျပန်စစ်သားတို့သည် စတင်တိုက်ခိုက်ခဲ့ကြရာ စစ်ပွဲစတင်ဖြစ်ပွားခဲ့သည်။ သုံးလကြာသော် ရှန်ဟိုင်းမြို့ကျခဲ့သည်။ ဒီဇင်ဘာ ၁၉၃၇ တွင် နန်ကျင်းမြို့ကျခဲ့၍ နန်ကျင်းသတ်ဖြတ်မှုကြီး (Nanking massacre) ဖြစ်ပွားခဲ့သည်။ မြို့တော်ကိုဝူဟန်မြို့သို့ ခေတ္တပြောင်းရွှေ့ခဲ့ပြီး ၁၉၄၅ မတိုင်မီအထိ ချုံချင့်မြို့ကို မြို့တော်အဖြစ်ထားခဲ့ရသည်။ ၁၉၄၀ တွင် ဂျပန်တို့နှင့်ပူးပေါင်းခဲ့သူ ဝမ်ကျင်းဝေ (Wang Jingwei) ကို ခေါင်းဆောင်အဖြစ်ထား၍ "တရုတ်သမ္မတနိုင်ငံ" ကို လက်အောက်ခံတိုင်းပြည်အဖြစ် ပြန်လည်တည်ထောင်ခဲ့သည်။

၁၉၄၀ တွင် ကူမင်တန်နှင့်ကွန်မြူနစ်တို့၏ ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့သည်။ ဂျပန်လက်အောက်ခံမဟုတ်သော ‌‌‌‌‌ဒေသများ၌ ကူမင်တန်နှင့်ကွန်မြူနစ်တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့သည်။ ကွန်မြူနစ်တို့သည် မိမိတို့ဝါဒကို ပြန့်ပွားစေရန်ဆောင်ရွက်ခဲ့ပြီး ကူမင်တန်တို့သည်လည်း ကွန်မြူနစ်ဝါဒကို မပြန့်ပွားနိုင်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။

ဒုတိယကမ္ဘာစစ်ပြင်ဆင်

ဒုတိယကမ္ဘာစစ်တွင် အမေရိကန်နိုင်ငံသည် ပစိဖိတ်ဒေသ၌ စတင်တိုင်ခိုက်ခဲ့သောကြောင့် တရုတ်ပြည်အရေး၌ ဝင်ရောက်လာခဲ့သည်။ ၁၉၄၁ တွင် အမေရိကန်မှကူမင်တန်အစိုးရအား စစ်လက်နက်နှင့်ငွေကြေး‌‌ထောက်ပံ့မှုများစွာ ပေးအပ်ခဲ့သည်။ ၁၉၄၃ ဇန်နဝါရီလတွင် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့သည် တရုတ်ချင်းမင်းဆက်လက်ထက်၌ ချုပ်ဆိုထားခဲ့သော မတရားသည့်စာချုပ်ပါ အချက်အလက်များကို ပြင်ဆင်ရုပ်သိမ်းပေးခဲ့သည်။[၂၇][၂၈] အမေရိကန်သည် ဂျပန်တို့အားကောင်းမွန်စွာတိုက်ထုတ်နိုင်ရန် ကူမင်တန်နှင့်ကွန်မြူနစ်တို့ကို ပူပေါင်းစေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၁၉၄၃ ဒီဇင်ဘာတွင် အမေရိကန်တို့သည် မိမိနယ်မြေ၌တရုတ်တို့အား လာရောက်နေထိုင်ခွင့်ပေးခဲ့သည်။ အမေရိကန်၏စစ်ကာလပေါလစီသည် တရုတ်နိုင်ငံကို အင်အားပြန်လည်ဖြည့်စည်း၍ မဟာမိတ်နိုင်ငံဖြ‌စ်‌‌စေရေးအတွက် ဆောင်ရွက်ရန်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်စစ်ကာလ၌ တရုတ်နိုင်ငံသည် မဟာမိတ်နိုင်ငံများ၏ အဖွဲ့ဝင်နိုင်ငံသာမက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ရှေ့ပြေးအဖွဲ့ဖြစ်ခဲ့သော ရဲသမားကြီးလေးယောက် (Four Policemen) တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။

 
ချန်ကေရှိတ်ဖရန်ကလင် ဒီလာနို ရုစဗဲ့နှင့် ဝင်စတန် ချာချီတို့ ကိုင်ရိုမြို့ကွန်ဖရန့်၌ တွေ့ဆုံကြစဉ် (၁၉၄၃)

၁၉၄၅ ဩဂုတ်တွင် ကူမင်တန်တို့သည် အမေရိကန်၏အကူအညီဖြင့် တရုတ်မြောက်ပိုင်းရှိ ဂျပန်တပ်များကို တိုက်ခိုက်နိုင်ခဲ့သည်။ ထို့နောက် ဆိုဗီယက်တို့သည် မန်ချူးရီးယားဒေသကို ကျူးကျော်ခဲ့ပြီး စစ်ကိုပြီးဆုံးစေခဲ့သော်လည်း ကွန်မြူနစ်ဝါဒကို ပြန့်ပွားစေခဲ့သည်။ တရုတ်ပြည်အရှေ့မြောက်ပိုင်း၌ ဆိုဗီယက်တို့တည်ရှိနေမှုကြောင့် တရုတ်ကွန်မြူနစ်များမှာ ဂျပန်တို့မှအရှုံးပေး၍ချထားခဲ့သော လက်နက်များကိုသုံး၍ အင်အားပြန်လည်ဖြည့်စည်းနိုင်ခဲ့သည်။

စစ်ပြီးကာလပြင်ဆင်

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်တွင် အမျိုးသားရေးအစိုးရမှာ နန်ကျင်းမြို့သို့ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ သို့သော်နိုင်ငံသမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် နိုင်ငံ့စီးပွားရေးမှာ လွန်စွာပျက်ပြားသွားခဲ့သည်။ ဂျပန်ခေတ်ကသိမ်းပိုက်ထားခဲ့သော ဒေသများကိုပြန်လည်အုပ်ချုပ်နိုင်ရန် အခက်အခဲများတွေ့ခဲ့ရသည်။ ငွေကြေးဖောင်းပွမှုကြောင့် သန်းပေါင်းများစွာသော ပြည်သူတို့မှာ အိမ်ခြေရာမဲ့ဖြစ်ခဲ့ရသည်။

၁၉၄၅ အောက်တိုဘာ ၂၅ တွင် ဂျပန်တို့မှအရှုံးပေးခဲ့သဖြင့် ထိုင်ဝမ်ကျွန်းနှင့် ပင်ဂူးကျွန်းများကို တရုတ်နိုင်ငံထံ ပြန်လည်ပေးအပ်ခဲ့သည်။[၂၉] စစ်ပြီးကာလ၌တရုတ်တို့သည် ဆိုဗီယက်တို့၏ကျူးကျော်မှုကို စိုးရိမ်ခဲ့သဖြင့် အမေရိကန်မရိန်းတပ်များကို ပေပင်းမြို့နှင့် ထျန်းကျင်းမြို့များ၌ တပ်စွဲစေခဲ့သည်။ ၁၉၄၅ စက်တင်ဘာ ၃၀ တွင် မရိန်းတပ်၏ပထမတပ်ရင်းသည် ထိုအကြောင်းဖြင့် ရှန်တုန်းကျွန်းဆွယ်သို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။[၃၀]

၁၉၄၆ ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံသည် ကူမင်တန်နှင့်ကွန်မြူနစ်တို့၏ တိုက်ပွဲကိုရပ်ဆိုင်းစေခဲ့သော်လည်း တိုက်ပွဲများမှာ ဆက်လက်၍သာဖြစ်ပွားခဲ့သည်။ အမျိုးသားရေးအစိုးရ၏ ဂုဏ်သိက္ခာသည်လည်း ကျဆင်းလာခဲ့လေရာ ကွန်မြူနစ်များက အစိုးရ၏ပြုပြင်ပြောင်းလဲမှုများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ အမေရိကန်အနေဖြင့် မိမိ၏ စစ်အင်အားကိုသုံး၍ ပြည်တွင်းစစ်ကို ရန်တန့်နိုင်သော်လည်း ၁၉၄၇ အစောပိုင်းတွင် အမေရိကန်တပ်များသည် တရုတ်ပြည်မှထွက်ခွာခဲ့လေသည်။ ပြည်တွင်းစစ်၏အရှိန်အဟုန်မှာ ပိုမိုပြင်းထန်သည်ထက် ပြင်းထန်လာခဲ့လေရာ သာမန်ပြည်သူများပါ ပါဝင်လာခဲ့ကြသည်။ အမေရိကန်နိုင်ငံသည် အမျိုးသားရေးအစိုးရအား စီးပွားရေးအရထောက်ပံ့ပေးခဲ့သော်လည်း စစ်ကူတိုက်ပေးမှုမရှိခဲ့ပေ။

ထိုင်ဝမ်သို့တိမ်းရှောင်ရခြင်းပြင်ဆင်

 
အမျိုးသားရေးအစိုးရသည် ထိုင်ပေမြို့သို့ အဆင့်ဆင့်တိမ်းရှောင်ခဲ့ပုံ

တရုတ်အစိုးရသည် တရုတ်ပြည်သူတို့၏ ထောက်ခံမှုကိုရယူရန် ကြိုးပမ်းခဲ့သော်လည်း အဂတိလိုက်စားမှုနှင့် စီးပွားရေးယိမ်းယိုင်မှုကြောင့် မည်သို့မျှမဆောင်ရွက်နိုင်ခဲ့ပေ။ ၁၉၄၈ နှောင်းပိုင်းတွင် ကူမင်တန်အစိုးရ၏ အခြေအနေမှာ အလွန်ပင်ဆိုးရွားလာခဲ့လေသည်။ ကွန်မြူနစ်တို့အင်အားသည် တရုတ်ပြည်၏မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် တောင့်တင်းလျက်ရှိခဲ့သည်။ ကူမင်တန်၏ အမျိုးသားတော်လှန်ရေးတပ်မတော်သည် ကွန်မြူနစ်တို့၏ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ထက် အင်အားသာလွန်လှသော်လည်း စစ်ပွဲများစွာတို့ကိုဆက်တိုက် တိုက်ခိုက်ခဲ့ရသည့်ဒဏ်ကြောင့် ကွန်မြူနစ်တို့ကို မတိုက်ထုတ်နိုင်တော့ပေ။ ထို့အပြင်ကွန်မြူနစ်တို့သည် ကူမင်တန်အစိုးရဆန့်ကျင်သည့် လူများကို ဝါဒဖြန့်စည်းရုံးနိုင်ခဲ့သည်။

၁၉၄၉ ဇန်နဝါရီတွင် ကွန်မြူနစ်တို့သည် ပေပင်းမြို့ကို သိမ်းပိုက်ပြီးနောက် ပေကျင်းမြို့ဟု အမည်ပြောင်းခဲ့သည်။ ဧပြီ ၂၃ တွင် နန်ကျင်းမြို့ကို သိမ်းပိုက်ခဲ့သည်။ နိုဝင်လာလအထိ မြို့ကြီးများကို ဆက်တိုက်သိမ်းပိုက်ခဲ့သည်။ ၁၉၄၉ အောက်တိုဘာလ ၁ ရက်နေ့တွင် ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည်။ ၁၉၄၉ မေလတွင် ချန်ကေရှိတ်သည် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့သည်။ အင်အားသိန်းဂဏန်းရှိသော အမျို‌သားရေးတပ်များနှင့် ၂ သန်းကျော်မျှသော ပြည်သူတို့သည် ထိုင်ဝမ်ကျွန်းသို့ ရွှေ့ပြောင်းခဲ့ကြသည်။ သို့ဖြစ်ရာ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အကြွင်းအကျန်မျှသာဖြစ်ခဲ့ရသည်။ ၁၉၄၉ ဒီဇင်ဘာ ၇ တွင် ချန်ကေရှိတ်သည် ထိုင်ပေမြို့ကို တရုတ်သမ္မတနိုင်ငံ၏ ယာယီမြို့တော်အဖြစ် ထားရှိခဲ့သည်။ ထို့သို့ယာယီမြို့တော်ကို ထားရှိရခြင်းမှာ တရုတ်ပြည်မကို ပြန်လည်သိမ်းပိုက်လိုခဲ့သောကြောင့်ဖြစ်သည်။

တရုတ်ပြည်တွင်းစစ်သည် နှစ်ဖက်လုံးအတွက်သာမက ဖက်မလိုက်သောသူများပါ အသေအကြေများသော စစ်ပွဲတစ်ခုဖြစ်ခဲ့သည်။[၃၁] ၁၉၂၇ မှ ၁၉၄၉ ကာလအတွင်း သေဆုံးသူစုစုပေါင်း ၁.၈ သန်းမှ ၃.၅ သန်းခန့်ရှိခဲ့သည်။[၃၂]

အစိုးရပြင်ဆင်

တရုတ်သမ္မတနိုင်ငံ၏ ပထမဆုံးအစိုးရကို ၁၉၁၂ ဇန်နဝါရီ ၁ ရက်နေ့တွင် နန်ကျင်းမြို့၌ ဖွဲ့ခဲ့သည်။ တရုတ်သမ္မတနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် "နိုင်ငံတော်သည် ဒီမိုကရက်တစ်သမ္မတစနစ်ဖြစ်၍ ပြည်သူများတွင် အုပ်ချုပ်နိုင်စွမ်းရှိသည်" ဟူ၍ဖော်ပြထားသည်။[၃၃]

ဆွန်ယက်ဆင်မှာ တရုတ်နိုင်ငံ၏ ယာယီသမ္မတမျှသာဖြစ်ခဲ့ရသည်။ အစိုးရ၏အာဏာခိုင်မြဲစေရေးအတွက် ပြည်နယ်ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ပြီး ၁၉၁၃ တွင် ပထမဦးဆုံးသော လွှတ်တော်ကို ဖွဲ့စည်းခဲ့သည်။ တရုတ်ပြည်မြောက်ပိုင်းဒေသတွင် စစ်သူကြီးများကြီးစိုးနေခဲ့သောကြောင့် အစိုးရ၏အခွင့်အာဏာမှာ အကန့်အသတ်ရှိခဲ့သည်။ ထိုအစိုးရသည် မန်ချူးဘုရင်စနစ်ကို အမြစ်ဖြတ်စေနိုင်သည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပေးခဲ့သည်။

ယွမ်ရှိခိုင်သည် တရုတ်ခေါင်းဆောင် ဖြစ်လာခဲ့သောအခါ လွှတ်တော်၏လုပ်ပိုင်ခွင့်အာဏာမှာ အမည်ခံအဖြစ်သာရှိတော့သည်။ ယွမ်ရှိခိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လျစ်လျူရှုကာ မိမိကိုယ်ကို ဧကရာဇ်အဖြစ် ကြေညာခဲ့သည်။ ယွမ်ရှိခိုင်သည် စစ်ဗိုလ်ချုပ်ကြီးများအား စေလွှတ်ကာ ပြည်နယ်အုပ်ချုပ်ရေးမှူးများအဖြစ် တာဝန်ပေးခဲ့သည်။ ထို့အပြင်မူလက နယ်တွင်ကြီးစိုးနေသည့် စစ်ဗိုလ်ကြီးများအား ဩဇာခံအဖြစ်သိမ်းသွင်းကာ မိမိ၏အာဏာတည်မြဲအောင် ကြိုးပမ်းခဲ့သည်။

ယွမ်ရှိခိုင်ကွယ်လွန်ပြီးနောက် တရုတ်လွှတ်တော်သည် အစိုးရသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ သို့သော်လည်း လက်တွေ့တွင်မူ ဗိုလ်ချုပ်ကြီးများသာလျှင် ဩဇာအာဏာကြီးမားသူများဖြစ်ခဲ့ကြသည်။ သို့သော်ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်တွင် အနောက်နိုင်ငံများနှင့် ဂျပန်တို့က တရုတ်အား ဂျာမနီကိုတိုက်ထုတ်ရန် တောင်းဆိုရာတွင် ထိုအစိုးရသစ်နှင့် ဆက်ဆံခဲ့သည်။

၁၉၂၈ ဖေဖော်ဝါရီတွင် ကူမင်တန်အမျိုးသား ကွန်ဂရက်အစည်းအဝေးတွင် အမျိုးသားရေးအစိုးရကို ပြန်လည်တည်ထောင်မည့် အက်ဥပဒေကို အတည်ပြုခဲ့သည်။ ထိုအက်ဥပဒေတွင် အမျိုးသားရေးအစိုးရကို ကူမင်တန်ဗဟိုလုပ်ဆောင်မှုကော်မတီမှ ရွေးကောက်ပြီး ထိုအစိုးရကိုဦးဆောင်ပေးရမည်ဟု ပြဋ္ဌာန်းပေးထားသည်။ တစ်နည်းဆိုရသော် အမျိုးသားရေးအစိုးရကို ကူမင်တန်လက်အောက်၌ ထားရှိထားသည်။ အမျိုးသားရေးအစိုးရလက်ထက်တွင် ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ ပို့ဆောင်ရေး၊ တရားစီရင်ရေး၊ စိုက်ပျိုးရေးနှင့် မိုင်းတွင်းများ၊ ရောင်းဝယ်ရေး ဟူသောဝန်ကြီးဌာနများကို တည်ထောင်နိုင်ခဲ့သည်။ ထို့အပြင် တရားရုံးချုပ်နှင့် ထိန်းသိမ်းရေးယွမ် (Control Yuan) တို့လည်း ပေါ်ပေါက်လာခဲ့သည်။

 
၁၉၃၀ တွင် အမျိုးသားရေးအစိုးရ၏ တရုတ်တစ်ပြည်လုံးကို အုပ်ချုပ်နိုင်မှုမှာ အမည်ခံမျှသာ ဖြစ်ခဲ့ရသည်။

၁၉၂၈ တွင် အမျိုးသားရေးအစိုးရမှ အော်ဂန်နစ်ဥပဒေ (Organic Law)[၃၄] ကိုပြဋ္ဌာန်းခဲ့ရာ ထိန်းသိမ်းရေးယွမ်အပြင် လုပ်ဆောင်ရေးယွမ် (Executive Yuan)၊ ဥပဒေပြုရေးယွမ် (Legislative Yuan)၊ တရားစီရင်ရေးယွမ် (Judicial Yuan)နှင့် စစ်ဆေးရေးယွမ် (Examination Yuan) တို့ပေါ်ပေါက်လာခဲ့သည်။ တရုတ်အမျိုးသားအစိုးရ၏ ဥက္ကဋ္ဌမှာ နိုင်ငံခေါင်းဆောင်နှင့် အမျိုးသားတော်လှန်ရေး တပ်မတော်၏ စစ်သေနာပတိချုပ်ဖြစ်သည်။ ချန်ကေရှိတ်သည် ပထမဆုံးအစိုးရဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး ၁၉၃၁ အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ အော်ဂန်နစ်ဥပဒေတွင် ကူမင်တန်သည် နိုင်ငံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေစဉ် အမျိုးသားအစိုးရကိုလည်း ဦးဆောင်ပေးရမည် ဟူ၍ပြဋ္ဌာန်းထားသည်။[၃၅]

ဒုတိယ တရုတ်-ဂျပန်စစ်ပွဲအပြီး ၁၉၄၆ မေလတွင် နန်ကျင်းမြို့၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွှေးပွဲကြီးကို ကျင်းပခဲ့သည်။ ကူမင်တန်အပါအဝင် အခြားသောပါတီများမှ ပြင်ဆင်မှုများစွာဖြင့် ပြုလုပ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၄၆ ဒီဇင်ဘာ ၂၅ တွင် ရေးဆွဲနိုင်ခဲ့သည်။ ၁၉၄၇ ဒီဇင်ဘာ ၂၅ တွင် ထိုဖွဲ့စည်းပုံအခြေခံဥပဒေမှာ စတင်အကျုံးဝင်ခဲ့သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗဟိုအစိုးရကို နိုင်ငံတော်သမ္မတနှင့် "ယွမ်" ငါးခုတို့၌ အခြေခံထားပြီး သီးခြားတာဝန်ကဏ္ဍများကို ထမ်းဆောင်ရသည်။ နိုင်ငံတော်သမ္မတသည် လုပ်ဆောင်ရေးယွမ်၏ ခေါင်းဆောင်ကို ခန့်အပ်ရသည်။ ထို့အပြင် နိုင်ငံတော်သမ္မတနှင့် "ယွမ်" ငါးခုတို့သည် လူထူကိုယ်စားပြုဖြစ်သော အမျိုးသားလွှတ်တော် (National Assembly) ကိုတင်ပြရသည်။

ဇန်နဝါရီလ ၁၉၄၈ တွင် အမျိုးသားလွှတ်တော်အတွက် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့သည်။ ၁၉၄၈ မတ်လတွင် လွှတ်တော်အစည်းအဝေးကို ကျင်းပနိုင်ခဲ့သည်။ ၁၉၄၈ မတ်လ ၂၁ ရက်နေ့တွင် သမ္မတအသစ်ကို ရွေးကောက်နိုင်ခဲ့ရာ ကူမင်တန်၏အုပ်ချုပ်မှုကို ပြီးစေခဲ့သည်။ သို့သော် ရွေးကောက်ခံသမ္မတမှာ ကူမင်တန်ပါတီ၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ထိုရွေးကောက်ပွဲရလဒ်များကို အမေရိကန်နိုင်ငံမှ ချီးကျူးခဲ့သော်လည်း ကွန်မြူနစ်တို့သည် မကျေမနပ်ဖြစ်ခဲ့ရာ စတင်ထကြွသောင်းကျန်းခဲ့ကြသည်။

နိုင်ငံတကာဆက်ဆံရေးပြင်ဆင်

တရုတ်သမ္မတနိုင်ငံသည် အမေရိကန်ဂျပန်ယူနိုက်တက်ကင်းဒမ်းဂျာမနီဆိုဗီယက်ပြည်ထောင်စုချက်ကိုဆလိုဗားကီးယား‌နော်ဝေးဗာတီကန်စီးတီးတို့အပါအဝင် နိုင်ငံပေါင်း ၅၉ နိုင်ငံနှင့် ဆက်ဆံရေးရှိခဲ့သည်။ ထိုသို့နိုင်ငံတကာဆက်ဆံရေး ရှိခဲ့သည်မှာ ၁၉၇၀ အထိဖြစ်သည်။ တရုတ်နိုင်ငံသည် ၁၉၇၁ အထိ ကုလသမဂ္ဂ၏အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။

မှတ်စုပြင်ဆင်

  1. ၁၉၁၂–၁၉၂၈ သီချင်းမှာ အနည်းငယ်ပြောင်းလဲထားသည်။
  2. ဝူချန်းအရေးတော်ပုံစတင်
  3. ချင်းမင်းဆက်ကိုဖြုတ်ချ
  4. တရုတ်ကွန်မြူနစ်တော်လှန်ရေး
  5. မာကိုပိုလိုတံတားအရေးအခင်း
  6. ဂျပန်တို့မှအရှုံးပေး
  7. ၁၉၄၆ မတိုင်ခင် လက်ဝဲ

ကိုးကားချက်များပြင်ဆင်

ကျမ်းကိုးပြင်ဆင်

  1. Dreyer၊ June Teufel (17 July 2003)။ The Evolution of a Taiwanese National Identity။ Woodrow Wilson International Center for Scholars13 January 2018 တွင် ပြန်စစ်ပြီး
  2. 司法院釋字第76號解釋, Judicial Yuan interpretation number 76 (English translation) Archived 5 January 2019 at the Wayback Machine.
  3. 中華民國九十四年年鑑:第一篇 總論 第二章 土地 第二節 大陸地區။ 14 February 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 May 2021 တွင် ပြန်စစ်ပြီး။
  4. https://www.ibiblio.org/chinesehistory/contents/06dat/bio.3rep.html
  5. Joachim၊ Martin D. (1993)။ Languages of the World: Cataloging Issues and ProblemsISBN 9781560245209
  6. ၆.၀ ၆.၁ China, Fiver thousand years of History and Civilization။ City University Of Hong Kong Press။ 2007။ p. 116။ ISBN 97896293714019 September 2014 တွင် ပြန်စစ်ပြီး
  7. Roy၊ Denny (2004)။ Taiwan: A Political History။ Ithaca, New York: Cornell University Press။ pp. 55, 56။ ISBN 0-8014-8805-2
  8. "Taiwan Timeline – Retreat to Taiwan"၊ BBC News 
  9. China: U.S. policy since 1945Congressional Quarterly။ 1980။ ISBN 0-87187-188-2the city of Taipei became the temporary capital of the Republic of China
  10. "Introduction to Sovereignty: A Case Study of Taiwan" (2004). Stanford Program on International and Cross-Cultural Education. 
  11. ၁၁.၀ ၁၁.၁ The Chinese Revolution of 1911။ US Department of State။
  12. Fenby 2009, pp. 89–94
  13. Fairbank; Goldman (1972)။ China။ p. 235ISBN 0-690-07612-6
  14. Jonathan Fenby, The Penguin History of Modern China (2013) p. 123.
  15. Jonathan Fenby, "The silencing of Song." History Today (March 2013 (63#3 pp 5-7.
  16. Fenby 2009, pp. 123–125
  17. Fenby 2009, p. 131
  18. Fenby 2009, pp. 136–138
  19. Meyer၊ Kathryn; James H Wittebols; Terry Parssinen (2002)။ Webs of Smoke။ Rowman & Littlefield။ pp. 54–56။ ISBN 0-7425-2003-X
  20. Pak၊ Edwin; Wah Leung (2005)။ Essentials of Modern Chinese History။ Research & Education Assoc.။ pp. 59–61။ ISBN 978-0-87891-458-6
  21. Guillermaz, Jacques (1972)။ A History of the Chinese Communist Party 1921–1949။ Taylor & Francis။ pp. 22–23။
  22. Fenby 2009
  23. 民國十六年,國民政府宣言定為首都,今以臺北市為我國中央政府所在地。 (in zh)။ Ministry of Education, ROC။
  24. Edmund S. K. Fung. In Search of Chinese Democracy: Civil Opposition in Nationalist China, 1929–1949 (Cambridge; New York: Cambridge University Press, 2000. ISBN 0521771242), p. 30.
  25. Chen၊ Lifu; Ramon Hawley Myers (1994)။ Hsu-hsin Chang, Ramon Hawley Myers (ed.)။ The storm clouds clear over China: the memoir of Chʻen Li-fu, 1900–1993။ Hoover Press။ p. 102။ ISBN 0-8179-9272-3After the 1930 mutiny ended, Chiang accepted the suggestion of Wang Ching-wei, Yen Hsi-shan, and Feng Yü-hsiang that a provisional constitution for the political tutelage period be drafted.
  26. Jing Zhiren (荆知仁)။ 中华民国立宪史 (တရုတ်ဘာသာစကားဖြင့်)။ 联经出版公司။
  27. Sino-American Treaty for the Relinquishment of Extraterritorial Rights in China
  28. Sino-British Treaty for the Relinquishment of Extra-Territorial Rights in China
  29. Brendan M. Howe (2016)။ Post-Conflict Development in East Asia။ Routledge။ p. 71။ ISBN 9781317077404
  30. Jessup၊ John E. (1989)။ A Chronology of Conflict and Resolution, 1945–1985။ New York: Greenwood Press။ ISBN 0-313-24308-5
  31. Rummel, Rudolph (1994), Death by Government.
  32. Valentino, Benjamin A. Final solutions: mass killing and genocide in the twentieth century Cornell University Press. 8 December 2005. p88
  33. The Republic of China Yearbook 2008 / CHAPTER 4 Government။ Government Information Office, Republic of China (Taiwan) (2008)။[လင့်ခ်သေ]
  34. Organic Law of the National Government of the Republic of China။ China။ 1 Jan 1928။
  35. Wilbur, Clarence Martin. The Nationalist Revolution in China, 1923–1928. Cambridge University Press, 1983, p. 190.

ရင်းမြစ်စာအုပ်များပြင်ဆင်