ပါရာဂွေးနိုင်ငံ

(ပါရာဂွေး မှ ပြန်ညွှန်းထားသည်)

ကိုဩဒိနိတ်: 23°S 58°W / 23°S 58°W / -23; -58

ပါရာဂွေးနိုင်ငံ၏ တရားဝင်အမည်မှာ ပါရာဂွေးသမ္မတနိုင်ငံ ဖြစ်ပြီး တောင်အမေရိကတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် အာဂျင်တီးနားနိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တွင် ဘရာဇီးနိုင်ငံ၊အနောက်မြောက်ဘက်တွင် ဘိုလီးဗီးယားနိုင်ငံ တို့က ဝန်းရံထားသည်။ ပါရာဂွေးနိုင်ငံသည် ပါရာဂွေးမြစ်၏ မြစ်ကမ်းနှစ်ဖက်စလုံးတွင် တည်ရှိပြီး ထိုမြစ်မှာ နိုင်ငံ၏ အလယ်ပိုင်းတွင် မြောက်မှတောင်သို့ ဖြတ်သန်း စီးဆင်းလျက် ရှိသည်။ တောင်အမေရိက၏ အလယ်ပိုင်းတွင် ရှိသောကြောင့် တခါတရံတွင် အမေရိက ၏ နှလုံးသားဟု တင်စားခေါ်ဝေါ်ကြသည်။

ပါရာဂွေး သမ္မတနိုင်ငံ
ဆောင်ပုဒ်: "Paz y justicia" (စပိန်)
"ငြိမ်းချမ်းရေးနှင့် တရားမျှတရေး"
နိုင်ငံတော် သီချင်း: 
Himno Nacional Paraguayo  (စပိန်)
 ပါရာဂွေးနိုင်ငံ၏ တည်နေရာ  (အစိမ်းရင့်) တောင်အမေရိကတိုက် အတွင်း  (မီးခိုး)
 ပါရာဂွေးနိုင်ငံ၏ တည်နေရာ  (အစိမ်းရင့်)

တောင်အမေရိကတိုက် အတွင်း  (မီးခိုး)

Peru၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
အာဆွန်စီယွန်မြို့
25°16′S 57°40′W / 25.267°S 57.667°W / -25.267; -57.667
ရုံးသုံး ဘာသာစကားများ
လူမျိုးစု (2019[])
ကိုးကွယ်မှု
လူမျိုးParaguayan
အစိုးရပြည်ထောင်စု သမ္မတ သမ္မတနိုင်ငံစနစ်
Mario Abdo Benítez
Hugo Velázquez Moreno
ဥပဒေပြုလွှတ်တော်ကွန်ဂရက်လွှတ်တော်
ဆီးနိတ်လွှတ်တော်
Chamber of Deputies
စပိန်နိုင်ငံမှ လွတ်လပ်ရေးရရှိခြင်း
• ကြေညာခဲ့
၁၈၁၁ ခုနှစ် မေလ ၁၄ ရက်
• အသိအမှတ်ပြုခဲ့
၁၈၄၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်
၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်
ဧရိယာ
• စုစုပေါင်း
၄၀၆,၇၉၆ km2 (၁၅၇,၀၆၅ sq mi) (အဆင့်: ၆၀)
• ရေထု (%)
၂.၆
လူဦးရေ
• ၂၀၂၁ ခန့်မှန်း
၇,၃၅၉,၀၀၀[] (အဆင့် - ၁၀၄)
• သိပ်သည်းမှု
၁၈.၀၀/km2 (၄၆.၆/sq mi) (အဆင့် - ၂၁၀)
GDP (PPP)၂၀၂၀ ခန့်မှန်း
• စုစုပေါင်း
$၁၀၁.၀၇၅ ဘီလီယံ[] (အဆင့် - ၉၀)
• Per capita
$၁၅,၀၃၀ (အဆင့် - ၉၆)
GDP (nominal)၂၀၂၀ ခန့်မှန်း
• စုစုပေါင်း
$၄၄.၅၅၇ ဘီလီယံ[] (အဆင့် - ၉၄)
• Per capita
$၆,၂၃၀[] (အဆင့် - ၉၄)
Gini (၂၀၁၈)၄၆.၂[]
မြင့်
HDI (၂၀၁၉)Steady ၀.၇၂၈[]
မြင့် · ၁၀၃
ငွေကြေးပါရာဂွေး ဂွာရာနီ (PYG)
အချိန်ဇုန်PYT (UTC–4)
• နွေရာသီ (DST)
PYST (UTC–3)
ရက်စွဲပုံစံdd/mm/yyyy
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၅၉၅
Internet TLD.py
  1. Mixed European and Amerindian.

၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၆.၃ သန်းခန့် ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ အဆွန်စီယုန်းမြို့ ဖြစ်သည်။ ရုံးသုံးဘာသာစကားများမှာ စပိန်ဘာသာ နှင့် ဂွာရာနီ ဘာသာစကားတို့ ဖြစ်ကြပြီး တစ်နိုင်ငံလုံးတွင် ထိုဘာသာနှစ်မျိုးစလုံးကို ကျယ်ပြန့်စွာ သုံးစွဲကြသည်။ လူဦးရေ အများစုမှာ ဥရောပနှင့် တိုင်းရင်းသား သွေးနှောသူများ ဖြစ်ကြသည်။

၁၆ ရာစု ဥရောပသားတို့ မရောက်မီကတည်းကပင် ဂွာရာနီတို့သည် ပါရာဂွေးတွင် နေထိုင်လျက် ရှိကြပြီး နောက်တွင် ပါရာဂွေးသည် စပိန် ကိုလိုနီအင်ပိုင်ယာ၏ တစိတ်တဒေသ ဖြစ်လာသည်။ ပါရာဂွေးသည် ၁၈၁၁ ခုနှစ်တွင် စပိန်မှ လွတ်လပ်ရေး ရခဲ့သည်။

ပါရာဂွေး၏ မြို့တော် အဆွန်စီယုန်းမြို့
ပါရာဂွေး၏ မြို့တော် အဆွန်စီယုန်းမြို့

မှတ်ချက်များ

ပြင်ဆင်ရန်
  1. The reverse side of the National Seal of Paraguay:
     
  2. The reverse side of the Flag of Paraguay:
     
  1. Central Intelligence Agency (2016)။ ParaguayThe World Factbook။ Central Intelligence Agency။ 1 January 2017 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ParaguayWorld Economic Outlook Database, October 2018အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (9 October 2018)။ 31 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 October 2018 တွင် ပြန်စစ်ပြီး။
  3. Gini Indexကမ္ဘာ့ဘဏ်။ 5 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 April 2019 တွင် ပြန်စစ်ပြီး။
  4. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-516 December 2020 တွင် ပြန်စစ်ပြီး