ကော့ကရိတ်မြို့

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ မြို့
(ကော့ကရိတ် မှ ပြန်ညွှန်းထားသည်)

ကော့ကရိတ်မြို့ (ကရင်: ကီၢ်ကရံၣ်ဝ့ၢ်ဖိ) သည် မြန်မာနိုင်ငံကရင်ပြည်နယ်ကော့ကရိတ်ခရိုင်ကော့ကရိတ်မြို့နယ်၏ မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်သည်။ မော်လမြိုင်မြို့၏ အရှေ့ဘက် မိုင် ၅ဝ ခန့်အကွာတွင် တည်ရှိ၏။ မော်လမြိုင်မြို့မှ ဂျိုင်းမြစ်အတိုင်း မိုင် ၄ဝ ခန့်ဆန်တက်ကာ ဟောင်သရောမြစ်လက်တက်ဖက်သို့ ချိုးဝင်ပါက ကျုံဒိုးမြို့သို့ရောက်၍၊ ထိုမှတစ်ဆင့်မော်တော်ကားဖြင့် ကော့ကရိတ်မြို့သို့ ၁၅ မိုင်ခန့်သွားရသည်။

ကော့ကရိတ်မြို့
ကီၢ်ကရံၣ်ဝ့ၢ်ဖိ
မြန်မာနိုင်ငံရှိ မြို့များ
Skyline of ကော့ကရိတ်မြို့
ကော့ကရိတ်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကော့ကရိတ်မြို့
ကော့ကရိတ်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 16°33′N 98°14′E / 16.550°N 98.233°E / 16.550; 98.233
နိုင်ငံ မြန်မာ
ပြည်နယ် ကရင်
ခရိုင်ကော့ကရိတ်
မြို့နယ်ကော့ကရိတ်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ကော့ကရိတ်မြို့သည် ထိုင်း မြန်မာနယ်စပ်ဖြစ်သော မြဝတီမြို့နှင့် ၄၁ မိုင်မျှသာကွာဝေး၍ ကားလမ်းဖြင့်ဆက်သွယ်ထား၏။ သို့ဖြစ်၍ ကော့ကရိတ်မြို့မှာ ထိုင်းနှင့် မြန်မာ ကူးသန်းရောင်းဝယ်ရေးတွင် အချက်အချာဌာနတစ်ခု ဖြစ်လေသည်။ ယိုးဒယား၊ ရှမ်း၊ မွန်၊ မြန်မာ၊ ကရင်၊ပအိုဝ်း‌၊ တရုတ်၊ အိနၵိယစသည်ဖြင့် လူမျိုးပေါင်းစုံနေထိုင်၍ တောင်သူလယ်သမား အဖြစ် အသက်မွေးမြူသူများသည်။

ကော့ကရိတ်မြို့၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၃.၂ ခန့်ရှိ၍ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၂,၉၅၀ ဦး[၁] ရှိသည်။ ကော့ကရိတ်မြို့နယ်မှာ ရှေးအခါက ဟောင်သရောမြို့နယ် ဖြစ်ခဲ့ဘူး၏။ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ၂ ခု ပေါင်း၍ ကော့ကရိတ်ခရိုင်အဖြစ် ဖွဲ့စည်းထားသည်။ ဤမြို့နယ် ၂ ခုကို ကရင်ပြည်နယ်သို့ ပူးပေါင်း သွတ်သွင်းရန် ၁၉၅၂-ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၁။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)