ကော့ချီ အားအချိုး တာအုံ
ဒြပ်တသားထု မက္ကဲန်းနစ်တွင် ဟု သင်္ကေတ ပြုကြသော ကော့ချီ အားအချိုး တာအုံ (သို့) အားကြောင်းစုံ တာအုံ (အင်္ဂလိပ်: Cauchy stress tensor or just stress tensor) ဆိုသည်မှာ ဒြပ်သားထုတခုခု အထိုက်အလျောက် ပုံယွင်းသွားအောင် အားများ သက်ရောက်နေချိန်၌ ထိုဒြပ်သား၏ တနေရာရာအပေါ် ဖိ၍၊ ဆွဲ၍၊ ပွတ်၍ သက်ရောက်မိနေသည့် ထိုအားတို့၏ ဖြန့်ကျက်သက်ရောက်အသွင် အမျိုးမျိုးကို သင်္ချာသုံး ကိန်းအုံနှင့် စုစည်းဖော်ပြသည့် တာအုံ ဖြစ်သည်။
ဤ ကော့ချီ အားအချိုးတာအုံ (အားကြောင်းစုံ တာအုံ)၏ တာစ(component) များမှာ အားတို့၏ မျက်နှာပြင်အပေါ် စုစည်းမှုနှုန်းထား (stress) များ ကိုယ်စီ ဖြစ်ကြ၏၊ ဖိအား(pressure) ယူနစ် ရှိကြ၏။ ထိုတာစတစ်ခုချင်းစီကို ပုံစံဖြင့် ရေးကြသည်။ ဤတာအုံသည် ၂-ကြောင်းဆွဲ တာအုံ (rank-2 tensor) ဖြစ်၍၊ နှင့် ဟု ညွှန်းလုံး (index) ၂ခု ပါနေခြင်း ဖြစ်သည်။ ထို့ကြောင့် -
- တိုင်းကြောင်း ၂ခု (2 dimensions) ရှိသော ရပ်ဝန်း (space) အဖြစ် စဉ်းစားလျှင် (မျက်နှာပြင် အကျယ်အဝန်းသဘောကို ကွက်စဉ်းစားလျှင်) ၂-တိုင်းကြောင်းတာအုံ အနေနှင့် တာစ၄ခု ဖြစ်နေမည်၊ ပြင်ပွတ် အားအချိုး (shear torsion) များချည်း အလိုလို ဖြစ်သွားလျက်။
- တိုင်းကြောင်း ၃ခု (3 dimensions) ရှိသော ရပ်ဝန်း (space) အဖြစ်စဉ်းစားလျှင် (ထုထည် အကျယ်အဝန်းသဘောကို ယူစဉ်းစားလျှင်) ၂-တိုင်းကြောင်းတာအုံ အနေနှင့် တာစ၉ခု ဖြစ်နေမည်။
ကော့ချီ အားအချိုးတာအုံ (အားကြောင်းစုံ တာအုံ) | |
---|---|
၃-တိုင်းကြောင်း ရပ်ဝန်းအတွင်း ကုဗတုံးသာဓက၏ မျက်နှာပြင် တနေရာချင်းစီ၌ အသီးသီးခံစားနေရသော သက်ရောက်အား ဖြန့်ကျက်ပုံ တာစ (stress components)များကို မြားများဖြင့် ပြထားပုံ။ | |
ယေဘုယျ သင်္ကေတ | σ |
SI ယူနစ် | ဘယ်နှ ပါစကယ် (Pa) |
အခြားယူနစ်များ | လက်မကွက်တွင်း ပေါင် ဘယ်နှပေါင် (psi; pound per squared inch), ဘယ်နှ ဘား (bar) |
SI အခြေပြု ယူနစ်များ | (ပါစကယ်) Pa = kg⋅m−1⋅s−2 |
သင်္ချာ
ပြင်ဆင်ရန်ပုံစံတွင်
- ပထမညွှန်းလုံး နေရာက "မည်သည့်ဦးတည်ဘက်သို့ သက်ရောက်နေသည့် အားကို ဆိုလိုကြောင်း" [မည်သည့် တာစ ဖြစ်ကြောင်း] ထည့်ရေးရန်၊
- ဒုတိယညွှန်းလုံး နေရာက "ထိုအားက မည်သည့်လားရာအတိုင်း ဒြပ်မျက်နှာပြင်ပေါ် (ဖိ၍ဆွဲ၍လော၊ ပွတ်၍လော) သက်ရောက်နေခြင်း စုစည်းမှုနှုန်းထားကို တွက်ချက်လိုခြင်း ဖြစ်ကြောင်း" [မည်သည့် မျက်နှာပြင်အကျယ်အဝန်း ဖြစ်ကြောင်း] ထည့်ရေးရန် ဖြစ်သည်။
၃-တိုင်းကြောင်း ရပ်ဝန်း (3-Dimensional Space) အတွင်း
ပြင်ဆင်ရန်သာမန်ရပ်ဝန်း သဘောနှင့် တွက်ချက်လျှင် တိုင်းကြောင်း ၃ခုအတွက် ကော့ချီ အားအချိုးတာအုံ (အားကြောင်းစုံ တာအုံ) မှာ ဤသို့ ဖြစ်သည်။
- σ11, σ22, σ33 | များ | ပြင်ပေါ်တည့် အားစုနှုန်းထားများ (normal stresses)
- σ12, σ13, σ21, σ23, σ31, σ32 | များ | ပြင်ပွတ် အားစုနှုန်းထားများ (shear stresses)