ကိန်းအုံ(matrix)တခု၏ အစိတ်အပိုင်းအဖြစ် ပါဝင်သည့် ကိန်းလုံးများ နည်းတူ၊ ဗှတ္တာတခု၏ အပိုင်းခွဲ (သို့) ပိုမှန်ခြုံငုံမှန်ကန်စွာလျှင် တာအုံတခု၏ တာစ (အင်္ဂလိပ်: component) သည် ထို တာအုံ(Tensor)၏ အစိတ်အပိုင်းသဖွယ် လိုက်လျောပါဝင်နေသည့် ကိန်းလုံး ဖြစ်၍၊ တာအုံတို့၏ သဘောက ဆိုင်ရာအမှတ်ချအိမ်သင်္ချာသရုပ်ဖော်ချက်အတိုင်း ထွက်ပေါ်ရလေရာ ၎င်းတာအုံတို့ကို စုပေါင်းဖော်ဆောင်နေသည့် ဤ တာစ (component) တို့၏ တန်ဖိုးများသည် ဆိုင်ရာအမှတ်ချအိမ်၏ အတိုင်းဆတာအုံနှင့် စံအလွှားတို့ အလျောက် ထွက်ပေါ်နေမည် ဖြစ်၏။
တာအုံတို့တွင် ဘယ်နှကြောင်းဆွဲဖြစ်သည် (rank အရေအတွက်)ကို လိုက်၍ တာအုံ အမျိုးမျိုး ရှိနိုင်လေရာ၊ ၁-ကြောင်းဆွဲတာအုံများ (rank-1 Tensors) သည်ပင် ဗှတ္တာများ (Vectors) ဖြစ်၏။ တိုင်းကြောင်းအရေအတွက်မူ ခု ဖြစ်သည်ချင်း အတူတူထား၍ သာဓကကြည့်လျှင် -

  • ၃-ကြောင်းဆွဲ (rank-3) တာအုံ တစ်ခုတွင် တာစ (components) ခု၊
  • ၂-ကြောင်းဆွဲ (rank-2) တာအုံ တစ်ခုတွင် တာစ (components) ခု၊
  • ၁-ကြောင်းဆွဲ (rank-1) တာအုံ၊ ဗှတ္တာ တစ်ခုတွင် တာစ (components) ခု၊
  • ၀-ကြောင်းဆွဲ (rank-0) တာအုံ၊ စကေလာ (ကိန်းထီး) တစ်ခုလုံးသည် တာစ (component) ခုတည်း ဖြစ်နေမည်။