ဦးတင်ဦး (သံအမတ်ကြီး) သည် ဗိုလ်မှူးချုပ်ဟောင်း တစ်ဦးဖြစ်သည်။ ရခိုင်ပြည်နယ်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တို့တွင် လည်း တာဝန်များ အသီးသီးထမ်းဆောင်ခဲ့သည်။ သူသည် ၂၀၂၁ စစ်အာဏာသိမ်းပြီး နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ရာထူး နှင့် အရေးကြီးရာထူးများ ခန့်အပ်ခံရသည်။ နိုင်ငံအကြီးအကဲများနှင့် ဝန်ကြီးများ အပါအဝင် ဝန်ကြီးချုပ် များအား သူဦးဆောင်သည့် ကော်မရှင် က အဂတိအမှုများ ဖြင့် တရားလိုလုပ် အမှုဖွင့်ခဲ့၍ သူသည် အထူး ထင်ရှားခဲ့သည်။လက်ရှိတွင် သူသည် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ၏ ဥက္ကဋ္ဌ ဖြစ်သည်။ [၁]

H.E

တင်ဦး
သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်ကပုံ (၂၀၁၃)
ပြည်ထောင်စုစာရင်းစစ်ချုပ်
တာဝန်သက်တမ်း
၁၉ ဩဂုတ် ၂၀၂၂ – ၂ ဩဂုတ် ၂၀၂၃
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဒေါက်တာ ကံဇော်
ဆက်ခံသူဒေါက်တာ ခင်နိုင်ဦး
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၀ ဖေဖော်ဝါရီ ၂၀၂၁ – ၁၉ ဩဂုတ် ၂၀၂၂
သမ္မတဦးမြင့်ဆွေ (ယာယီ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမင်းအောင်လှိုင်
ယခင်လူဦးအောင်ကြည်
ဆက်ခံသူဦးသန်းဆွေ
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်
တာဝန်သက်တမ်း
၈ ဖေဖော်ဝါရီ ၂၀၂၁ – ၂၀ ဖေဖော်ဝါရီ ၂၀၂၁
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အတွင်းရေးမှူး
တာဝန်သက်တမ်း
၂၅ ဖေဖော်ဝါရီ ၂၀၁၄ – ၂၃ နိုဝင်ဘာ ၂၀၁၇
သမ္မတဦးသိန်းစိန်
ယခင်လူကိုယ်တိုင်
ဆက်ခံသူစန်းဝင်း
တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၁၅ ဖေဖော်ဝါရီ ၂၀၁၁ – ၃၁ ဒီဇင်ဘာ ၂၀၁၃
ယခင်လူသိန်းလွင်
ဆက်ခံသူသစ်လင်းအုန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၂-၁၁-၂၄) နိုဝင်ဘာ ၂၄၊ ၁၉၅၂ (အသက် ၇၁)
ရန်ကုန်မြို့
လူမျိုးမြန်မာ
ကြင်ဖော်(များ)သီတာဌေး
သားသမီးအောင်ဌေးဦး၊ဇေယျာဦး
မိခင်ကျောင်းစစ်တက္ကသိုလ်
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၁၉၇၅ -၂၀၀၃
ရာထူးဗိုလ်မှူးချုပ်

ငယ်ဘဝ ပြင်ဆင်ရန်

ရန်ကုန်မြို့ တွင်ပင် ကြီးပြင်းခဲ့သည်။ တာမွေမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မှ ဆယ်တန်းအောင်သည်။ စစ်တက္ကသိုလ် အမှတ်စဉ် (၁၆) သို့ တက်ရောက်သည်။ ယခင်ရွေးကော် ဥက္ကဋ္ဌ ဟောင်း ဦးသိန်းစိုး ၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့နှင့် အမှတ်စဉ် တူသည်။

တပ်မတော်သားဘဝ ပြင်ဆင်ရန်

သူသည် တပ်မတော်တွင် ဗိုလ်မှူးချုပ် ရာထူး အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ် နောက်ပိုင်းတွင် စစ်ဘက်မှ အရပ်ဘက် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ သံအမတ်ကြီး အဆင့် ဖြင့် ကူးပြောင်းသည်။[၂] ထိုနောက်ပိုင်းကာလ များတွင် သံအမတ်ကြီး အဖြစ် [၃] ဘဝအား ဖြတ်သန်းကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် တွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်မှ အငြိမ်းစားယူသည်။ [၄]

အခြားဘဝဖြတ်သန်းမှုများ ပြင်ဆင်ရန်

သံအမတ်ကြီး အဖြစ် အငြိမ်းစားယူပြီးနောက် သူ့ကို သမ္မတဦးသိန်းစိန် က ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ရခိုင်ပြည်နယ်မောင်တောမြို့နယ် ဒုချီးယားတန်းကျေးရွာ နှင့် ဒုချီးယားတန်း(အနောက်)ကျေးရွာ တို့တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်နှင့်စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ၏ အဖွဲ့ဝင် အဖြစ် တာဝန်ပေးသည်။[၅] ယင်းနောက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် တွင် လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင် အတွင်းရေးမှူး အဖြစ် ဆက်လက် တာဝန် ပေးသည်။[၆] [၇] ထိုကော်မရှင် အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖြစ် ပြောင်းလဲလိုက်သည့် အခါတွင်လည်း အတွင်းရေးမှူး အဖြစ် ဆက်လက် ပါဝင်ခဲ့ကာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ လ တွင် အနားယူသည်။[၈]

၂၀၂၁ နောက်ပိုင်းဖြစ်ရပ်များ ပြင်ဆင်ရန်

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် တွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့ ၏ အဖွဲ့ဝင် အဖြစ် တာဝန်ပေးသည်။[၉] ထိုတာဝန် အား ရက်ပိုင်း သာ ထမ်းဆောင်ရပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၏ ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲ ခန့်အပ်ခံရသည်။[၁၀] ထိုသို့ ခန့်အပ်ခံရပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုဝန်ကြီး များ၊ဒုတိယဝန်ကြီး များ နှင့် ဝန်ကြီးချုပ် များအား အဂတိလိုက်စားမှုဥပဒေ များ ဖြင့် တရားလိုလုပ် အမှုဖွင့် တရားစွဲ ခြင်း များအား သူဦးဆောင်သည့် ကော်မရှင် က ဆက်တိုက် ဆောင်ရွက်သည်။[၁၁] [၁၂]

၎င်းတို့ တရားလိုလုပ် အမှုဖွင့်ခဲ့သည့် အမှုအားလုံးဖြင့် အမှုဖွင့်ခံရသူအားလုံး တစ်ယောက်မှ မလွတ်ခဲ့ဘဲ ထောင်နှစ်ရှည် ချခံရသည်။၂၀၂၂ ခုနှစ် ဩဂုတ် ၁၉ ရက် တွင် သူ့ကို ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ပြောင်းလဲခန့်အပ်ကာ[၁၃] [၁၄] ၂၀၂၃ ခုနှစ် ဩဂုတ် လ ၂ ရက် တွင် တာဝန်မှ အနားပေးခဲ့သည်။[၁၅]

အရေးယူပိတ်ဆို့ခံရမှု ပြင်ဆင်ရန်

သူ့ကို ၂၀၂၁ နောက်ပိုင်း လုပ်ဆောင်ချက်များကြောင့် အမေရိကန်၊ဥရောပသမဂ္ဂ နှင့် အနောက် နိုင်ငံများက အရေးယူဒဏ်ခတ်ပိတ်ဆို့ထားသည်။[၁၆] [၁၇] [၁၈]

မိသားစုဘဝ ပြင်ဆင်ရန်

သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်ပြီး အောင်ဌေးဦး နှင့် ဇေယျာဦး ဆိုသည့် သား ၂ဦး ထွန်းကားသည်။

ကိုးကား ပြင်ဆင်ရန်

  1. Myanmar embraces Dragon Year Spring Festival celebrationXinhua (19 Feb 2024)။ 1 March 2024 တွင် ပြန်စစ်ပြီး။
  2. လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံး (၉ ဒီဇင်ဘာ ၂၀၀၄)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၆၇နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲCRI Online (၂၈ မတ် ၂၀၁၂)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. The Myanmar Ambassador in BeijingEmbassy of the Republic of Union of Myanmar Beijing,China။ 1 March 2024 တွင် ပြန်စစ်ပြီး။
  5. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်(၁၆/၂၀၁၄) စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်းမြန်မာနိုင်ငံတော်ပြန်တမ်း (၆ ဖေဖော်ဝါရီ ၂၀၁၄)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. နိုင်ငံတော်သမ္မတရုံးအမိန့်အမှတ် (၆/၂၀၁၄)လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင် ဖွဲ့စည်းခြင်းမြန်မာနိုင်ငံတော်ပြန်တမ်း (၂၅ ဖေဖော်ဝါရီ ၂၀၁၄)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်The Irrawaddy (၂၅ ဖေဖော်ဝါရီ ၂၀၁၄)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြင်ဖွဲ့ပါ
  9. ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၈ ဖေဖော်ဝါရီ ၂၀၂၁)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ခန့်အပ် တာဝန်ပေးMWD Webportal (၂၀ ဖေဖော်ဝါရီ ၂၀၂၁)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. ၂၀၂၁ စစ်အာဏာသိမ်း- ဒေါ်အောင်ဆန်းစုကြည်အတွက် ရှည်လျားတဲ့တရားခွင်BBC Burmese (၂၀ စက်တင်ဘာ ၂၀၂၁)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  12. ရဟတ်ယာဉ်နှင့်ပတ်သက်သည့်အဂတိမှု တရားလိုတင်သွင်းသည့် သက်သေခံကို တရားရုံးလက်ခံDVB (၁၉ ဖေဖော်ဝါရီ ၂၀၂၂)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  13. ပြည်ထောင်စု ဝန်ကြီးအချို့အား ဌာနပြောင်းရွှေ့မှုများပြုလုပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းEleven Media Group (၁၉ ဩဂုတ် ၂၀၂၂)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  14. မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၏ (၁၅) ကြိမ်မြောက် အထွေထွေ အစည်းအဝေးသို့ တက်ရောက်Myanmar Digital News (၂၅ နိုဝင်ဘာ ၂၀၂၂)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  15. အာဏာသိမ်းစစ်တပ် ဖွဲ့စည်းပုံပြောင်းလဲ၊ ဝန်ကြီးအပါအဝင် ၁၀ ဦး အနားပေးခံရDVB (၃ ဩဂုတ် ၂၀၂၃)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  16. Tin Oo Sanctioned entityOpen Sanstions။ 1 March 2024 တွင် ပြန်စစ်ပြီး။
  17. US, UK, Canada sanction top Myanmar justice officialsaljazeera (31 January 2022)။ 1 March 2024 တွင် ပြန်စစ်ပြီး။
  18. Treasury Sanctions Regime Officials and Military Affiliated Cronies in Burma on One-Year Anniversary of Military CoupU.S. DEPARTMENT OF THE TREASURY (31 January 2022)။ 1 March 2024 တွင် ပြန်စစ်ပြီး။