ကျင်ဒွေးမြို့
(ကျင်ဒွေးရွာ၊ ကန်ပက်လက်မြို့နယ် မှ ပြန်ညွှန်းထားသည်)
ကျင်ဒွေးမြို့သည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တည်ရှိသည့် မြို့တစ်မြို့ ဖြစ်သည်။[၁] ၂၀၂၃ နှစ်ကုန်ပိုင်းမှ ၂၀၂၄ မတ်လအထိ AA နှင့် ချင်းကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုခံရသည့် မြို့ဖြစ်သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်ကျင်ဒွေးမြို့သည် ၁၉၇၀ ခုနှစ်ခန့်တွင် မြို့အဆင့်ရှိခဲ့ရာမှ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့အဆင့်မှ ကျေးရွာအုပ်စုအဆင့်သို့ လျော့ကျခဲ့သည်။[၂] ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်စွဲပါ ပြည်ထဲရေးဝန်ကြီးဌာန၏ စာအမှတ်(၁၇၃၀/၂၀၁၈) အရ ကျင်ဒွေးကျေးရွာအုပ်စုရှိ ကျင်ဒွေးရွာ၊ ဟုတ်ပုံကျင်းရွာ၊ ဖုံးတွီကျင်းရွာနှင့် ဖာဖုတ်ရွာတို့ကို ပေါင်းစည်း၍[၃] မြို့အဆင့်သို့ ပြန်လည်တိုးမြှင့် သတ်မှတ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ကျင်ဒွေးမြို့ဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။[၄]
ကိုးကား
ပြင်ဆင်ရန်- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ "ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ကန်ပက်လက်မြို့မိုးလုံလေလုံအားကစားရုံ ဆောက်လုပ်နေမှုနှင့် ပြည်သူ့ဆေးရုံတို့အား ကြည့်ရှု စစ်ဆေး" (in my)၊ MDN - Myanmar DigitalNews။ 19 March 2024 တွင် ပြန်စစ်ပြီး။ Archived from the original on 19 March 2024။
- ↑ ကျင်ဒွေးရွာ မြို့ရပြီ၊ ချင်းပြည်နယ်ရဲ့ (၉)ခုမြောက်မြို့ဖြစ်လာ (21 ဒီဇင်ဘာ 2018)။ ၁၉ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ "မြို့သုံးမြို့ဖွင့်ပွဲများတွင် ဝေဘူလမြို့ဖွင့်ပွဲတွင်သာ ဝန်ကြီးချုပ်တက်ရောက်ပြီး လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့" (in my)၊ နိုင်ငံတကာမြန်မာ့သတင်း။
ဤ ချင်းပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |