ကျော်မျိုးထွဋ်

သံအမတ်ကြီး(ငြိမ်း)၊နိုင်ငံခြားရေးဒုဝန်ကြီး(ငြိမ်း)နှင့်ရာထူးဝန်အဖွဲ့ဝင်

ဦးကျော်မျိုးထွဋ် (၁၉၆၀ ဖွား) သည် တပ်မတော်သားဘဝ မှ သံအမတ် ဖြစ်လာသူဖြစ်ပြီး အင်္ဂလန်အမေရိကန် နှင့် ကနေဒါ နိုင်ငံ တို့တွင် မြန်မာသံအမတ်ကြီး တာဝန် များ ထမ်းဆောင်ခဲ့သူဖြစ်သည်။သူသည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရေး ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခံရသည်။ ထိုတာဝန်အား ၃နှစ် နီးပါးထမ်းဆောင်ရပြီး လက်ရှိတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တွင် အဖွဲ့ဝင်အဖြစ် ထမ်းဆောင်နေသည်။

H.E

ကျော်မျိုးထွဋ်
ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇန်နဝါရီ ၂၀၂၄
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၁၁ ဖေဖော်ဝါရီ ၂၀၂၁ – ၃၁ ဇန်နဝါရီလ ၂၀၂၄
သမ္မတဦးမြင့်ဆွေ (ယာယီ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမင်းအောင်လှိုင်
ကနေဒါနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
ဩဂုတ် ၂၀၁၆ [] – ၉ ဒီဇင်ဘာ ၂၀၂၀
ယခင်လူဟောက်ဒိုဆွမ်း
ဆက်ခံသူဟောက်ခန့်ဆုမ်း
အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၂၆ စက်တင်ဘာ ၂၀၁၃ – ဩဂုတ် ၂၀၁၆
ယခင်လူသန်းဆွေ
ဆက်ခံသူအောင်လင်း []
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1960-12-09) ဒီဇင်ဘာ ၉၊ ၁၉၆၀ (အသက် ၆၃)
လူမျိုးမြန်မာ
ကြင်ဖော်(များ)ခင်မြင့်ကြည်
သားသမီးသမီး ၁ဦး
မိခင်ကျောင်းစစ်တက္ကသိုလ်အမှတ်စဉ်(၂၂)
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၁၉၈၁ -၂၀၀၈
ရာထူးဗိုလ်မှူးကြီး

သူသည် စစ်တက္ကသိုလ် အမှတ်စဉ်(၂၂)ကို တက်ရောက်ခဲ့သူဖြစ်သည်။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အမှတ်စဉ် တူသည်။

အလုပ်အကိုင်

ပြင်ဆင်ရန်

သူသည် ၁၉၈၁ ခုနှစ်က စပြီး စစ်မှုထမ်းရင်း ဘဝအား ဖြတ်သန်း ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် မှ နေ၍ ကာကွယ်ရေးဘာသာရပ် ဖြင့် မဟာဘွဲ့ ဘွဲ့ရရှိခဲ့သည်။ဦးကျော်မျိုးထွဋ် သည် ဗိုလ်မှူးကြီး အဆင့် အထိ တပ်မတော် တွင် တာဝန်ထမ်းရာ မှ ၂၀၀၈ ခုနှစ် တွင် တပ်မှ ထွက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန သို့ အရပ်သားအနေဖြင့် ကူးပြောင်းဝင်ရောက်သည်။ ယင်းနောက် ဂျီနီဗာမြို့ ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ရုံးတွင် သံအမတ် ( ဒုတိယအမြဲတမ်း ကိုယ်စားလှယ်) အဖြစ် စေလွှတ်ခံရသည်။[] ထိုတာဝန် အား ၂၀၁၁ ခုနှစ် မတိုင်ခင် အထိ တာဝန်ထမ်းသည်။၂၀၁၁ ခုနှစ်တွင် ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ်ခံရသည်။ထိုတာဝန် အပြင် ဆွီဒင် နှင့် နော်ဝေနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ပူးတွဲ ထမ်းဆောင်သည်။၂၀၁၃ ခုနှစ် တွင် သူ့ကို သမ္မတဦးသိန်းစိန် က အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ်သည်။[] []၂၀၁၆ ခုနှစ် တွင် သမ္မတဦးထင်ကျော် က ၎င်းအား ကနေဒါနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ဆက်လက် တာဝန်ပေးသည်။ [] ထိုတာဝန် အား ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၉ ရက်အထိ တာဝန်ထမ်း ကာ သက်ပြည့် အငြိမ်းစားယူသည်။[]


နိုင်ငံခြားရေးဒုဝန်ကြီးဖြစ်လာပုံ

ပြင်ဆင်ရန်

၂၀၂၁ စစ်အာဏာသိမ်းပြီး နောက် သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ပေးသည်။[] ထို တာဝန်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ တာဝန် ထမ်းခဲ့ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏ အဖွဲ့ဝင် အဖြစ် ထိုနေ့တွင် ပင် ပြောင်းလဲ ခန့်အပ်ခံရသည်။[]

မိသားစုဘဝ

ပြင်ဆင်ရန်

သူသည် ဇနီးဖြစ်သူ ဒေါ်ခင်မြင့်ကြည် နှင့် အိမ်ထောင်ကျပြီး သမီးတစ်ဦး ထွန်းကားသည်။


  1. မော်လမြိုင်နဲ့ Fort Wayne တို့ ချစ်ကြည်ရင်းနှီးမှုမြို့တော် ဖြစ်ရေးဆွေးနွေးVOA Burmese (၁၈ ဇူလိုင် ၂၀၁၆)။ ၉ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီးသစ် ခန့်အပ်VOA Burmese (၂၀ ဇူလိုင် ၂၀၁၆)။ ၁၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. Kyaw, Myo Htut Position: Ambassadorallgov။ 11 March 2024 တွင် ပြန်စစ်ပြီး။
  4. Former Military Man Becomes Myanmar’s Reluctant AmbassadorThe Washington Diplomat (1 April 2014)။ 11 March 2014 တွင် ပြန်စစ်ပြီး။
  5. [https://2009-2017.state.gov/s/cpr/rls/91578.htm Diplomatic Representation for Union of Burma Share]။ U.S Department of State Diplomacy In Action (27 September 2013)။ 11 March 2024 တွင် ပြန်စစ်ပြီး။
  6. Myanmar and Canada,Bilateral Relationshipပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြန်ာနိုင်ငံတော်သံရုံး,အော်တာဝါမြို့။ ၁၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. နိုင်ငံခြားရေးဝန်ကြီးဌာန ကြော်ငြာချက် အမှတ်၅၆၀/၂၀၂၀၊ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအားသက်ပြည့်အငြိမ်းစားယူခွင့်ပြုခြင်း၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၂) ပြန်တမ်းစာစောင် (e-Book) (၁ ဒီဇင်ဘာ ၂၀၂၀)။ ၉ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးMWD Webportal (၁၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃/၂၀၂၄ ၁၃၈၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်းCINCDS Myanmar (၃၁ ဇန်နဝါရီ ၂၀၂၄)။ ၁၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။