ခင်မောင်ဆွေ
ဦးခင်မောင်ဆွေ သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည်။[၁]ယခင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီဥက္ကဋ္ဌဖြစ်သည်။
ဦးခင်မောင်ဆွေ | |
---|---|
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ဝင် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၃ | |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် | |
တာဝန်သက်တမ်း ၂ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဖေဖော်ဝါရီ ၂၀၂၃ | |
သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
ခေါင်းဆောင် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ဇွန် ၂၀၁၀ | |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
ယခင်လူ | အခြေခံဥပဒေ စတင် |
ဆက်ခံသူ | အခြေခံဥပဒေ ဖျက်သိမ်း |
မဲဆန္ဒနယ် | စမ်းချောင်းမြို့နယ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ဇူလိုင် ၁၉၄၂ (အသက် ၈၁–၈၂) ငသိုင်းချောင်းမြို့၊ ပုသိမ်ခရိုင်၊ မြန်မာနိုင်ငံ |
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ |
|
အလုပ်အကိုင် | နိုင်ငံရေးသမား |
ဦးခင်မောင်ဆွေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း တစ်ဦး ဖြစ်ပြီး NLD ပါတီမှ ခွဲထွက်ခဲ့ကာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သော နိုင်ငံရေးပါတီတွေများတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီလည်း ပါဝင်ခဲ့သည်။[၂]
အစောပိုင်းဘဝနှင့် ပညာရေး
ပြင်ဆင်ရန်ဦးခင်မောင်ဆွေကို ၁၉၄၂ ခုနှစ် ဇူလိုင်လတွင် ပုသိမ်ခရိုင်၊ ငသိုင်းချောင်းမြို့တွင် မွေးဖွားခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် ပုသိမ်မြို့မှ အထက်တန်းအောင်မြင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ဘူမိဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။ ၁၉၆၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ရေနံကော်ပိုရေးရှင်းတွင် ဘူမိဗေဒပညာရှင်အဖြစ် လုပ်ကိုင်ခဲ့သည်။[၃]
နိုင်ငံရေး
ပြင်ဆင်ရန်ရှစ်လေးလုံးအရေးအခင်းတွင် ရေနံမြေအလုပ်သမားသမဂ္ဂအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ခေါ်မှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဖြစ်လာခဲ့ပြီး ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဇူလိုင်တွင် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။[၃]
၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် စမ်းချောင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော်လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ အာဏာလွှဲပြောင်းရန် ငြင်းဆန်ခဲ့ပြီး နိုင်ငံရေးသမားများကို ဖမ်းဆီးအကျဉ်းချခဲ့ရာ ဦးခင်မောင်ဆွေလည်း ဖမ်းဆီးခံခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလတွင် ဦးခင်မောင်ဆွေကို နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှုများဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့သည်။[၃]
၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ထောင်မှလွတ်မြောက်လာခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်မဝင်ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ သဘောထားကွဲလွဲရာမှ ပါတီမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် ဒေါက်တာသန်းငြိမ်းနှင့် ဦးခင်မောင်ဆွေတို့ ဦးဆောင်ကာ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီကို ဖွဲ့စည်းခဲ့သည်။[၃]
နိုင်ငံတော် ကောင်စီဝင်အဖြစ် တာဝန်ပေးခံရခြင်း
ပြင်ဆင်ရန်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[၂]
နိုင်ငံတော် ကောင်စီဝင်အဖြစ်မှ ဖယ်ရှားခံရခြင်း
ပြင်ဆင်ရန်စစ်အာဏာသိမ်းပြီး ၂နှစ်အကြာ ၂၀၂၃ ဖေဖော်ဝါရီ ၁ရက်တွင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဦးခင်မောင်ဆွေ ပြန်မပါလာတော့ဘဲ ဖယ်ရှားခံလိုက်ရသည်။သို့သော်လည်း ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ တွင် အဖွဲ့ဝင်အဖြစ်မူဆက်လက်ခန့်ထားခဲ့သည်။အကြံပေးအဖွဲ့ အဖွဲ့ဝင်ဖြစ်လာပြီးနောက် မူလနေထိုင်ရာ ဝန်ကြီးအဆင့်နေအိမ်မှ ဖယ်ပေးလိုက်ရပြီး ဒုတိယဝန်ကြီးအဆင့်နေအိမ်သို့ ပြောင်းရွှေ့ရကာ လစာလည်း အလျှော့ခံရသည်။[၄]
အရေးယူပိတ်ဆို့ခံရခြင်း
ပြင်ဆင်ရန်အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ ၂၀၂၁ မေ ၁၇ရက် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုပြုလုပ်တွင် ဦးခင်မောင်ဆွေ ထည့်သွင်းခံရသည်။[၅]ယင်းအပြင် ဥရောပသမဂ္ဂကလည်း ဦးခင်ဆွေကို ၂၀၂၁ ဧပြီ ၁၉ ရက်တွင် အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားသည်။[၆]
ကိုးကား
ပြင်ဆင်ရန်- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်း (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး (in en)။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ၃.၂ ၃.၃ ဦးခင်မောင်ဆွေ (သို့မဟုတ်) အင်န်အယ်လ်ဒီနှင့် လမ်းခွဲခဲ့သူ (31 မေ 2017)။ 26 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ။ Myanmar Now (၁၃ ဖေဖော်ဝါရီ ၂၀၂၃)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာစစ်တပ်နှင့်ဆက်နွှယ်သည့် အုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့် မိသားစုဝင်များအား ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုပြုလုပ်ခြင်း။ U.S. Embassy in Burma (၁၇ မေ ၂၀၂၁)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ [https://eur-lex.europa.eu/legal-content/EN/TXT/PDF/?uri=OJ:L:2021:132I:FULL&from=EN COUNCIL IMPLEMENTING REGULATION (EU) 2021/638 of 19 April 2021 implementing Regulation (EU) No 401/2013 concerning restrictive measures in view of the situation in Myanmar/Burma]။ the European Union (19 April 2021)။ 1 Mar 2023 တွင် ပြန်စစ်ပြီး။