ကိုဩဒိနိတ်

(ချအမှတ် မှ ပြန်ညွှန်းထားသည်)
ဤဆောင်းပါးသည် အင်္ဂလိပ်: coordinate ခေါ် ကိုဩဒီးနိတ်(ချအမှတ်) တစ်ခုချင်းစီတို့ အကြောင်း ဖြစ်သည်။ ဤ"en:coordinate (ကိုဩဒီးနိတ် ခေါ် ချအမှတ်) တစ်ခုချင်းစီ" နှင့် မတူဘဲ en:Coordinate System နှင့် သဘောချင်းတူသော ကိုဩဒီးနိတ်အိမ် ခေါ် အမှတ်ချအိမ် များ အတွက် အမှတ်ချအိမ် ကို ကြည့်ပါ။

ကိုဩဒီးနိတ်များ (သို့) ချအမှတ်များ (အင်္ဂလိပ်: coordinates) ဆိုသည်မှာ ဆိုင်ရာ ကိုဩဒီးနိတ်အိမ် (သို့) အမှတ်ချအိမ် (Coordinate System) အတွင်း၌ တည်နေရာအမှတ် အသီးသီးကို ဖော်ပြကိုယ်စားပြုနေသည့် စုံလိုက်စုံလိုက် ကိန်းလုံးတို့ ဖြစ်ပြီး၊ ကွင်းခတ်၍ ရေးလေ့ရှိ၏။ သာဓကအားဖြင့် X, Y, Z စံတိုင်(ဝင်ရိုး) ၃ခုဖြင့် စုဖွဲ့သည့် တိုင်းကြောင်း၃ခုပါ ကာတက်စီးယန်း အမှတ်ချအိမ်တွင် (x, y, z) ဟု ကွင်းအတွင်း၌ အကန့်ခွဲကာ အစဉ်လိုက် ရေးကြ၏။ အစဉ်လိုက်ဖြစ်မှုမှာ သတိပြု ရေးဖွယ်၊ ဖတ်ဖွယ် ဖြစ်သည်။ ဤသာဓကအတိုင်းလျှင် ကို ပထမထား၊ ကို ဒုတိယထား၊ ကို တတိယထား ရေးကြရိုး ဖြစ်၏။

တိုင်းဖွယ် အမျိုးအစားများ

ပြင်ဆင်ရန်

နေရာရပ်ဝန်းသဘော သီးသန့်နှင့် အမှတ်ချအိမ် (ကိုဩဒီးနိတ်အိမ်)များ အဖို့၊ ချအမှတ် (ကိုဩဒီးနိတ်)ပါ ကိန်းဂဏန်းများ၏ ဆိုင်ရာယူနစ်မှာ -

  • အကွာအဝေးသဘော ဖြစ်သည့် (လက်မ၊ ပေ၊ စင်တီမီတာ၊ မီတာ စသည့်) အလျား ယူနစ်၊
  • သို့တည်းမဟုတ် ဦးတည်ချက်သဘော ဖြစ်သည့် (ဒီဂရီ၊ ရေဒီယန် ကဲ့သို့) ထောင့် ယူနစ်

ဖြစ်နေမည်။
အချိန်ကုန်ဆုံးမှု တိုင်းကြောင်း (temperal dimension) ကိုပါ (အမှတ်ချအိမ် အတွင်း) စံတိုင် (axis) တစ်ခုအဖြစ် ထပ်ပေါင်းထည့်သော် -

  • နျူတန်ပျိုး ရူပဗေဒအရမူ၊ အချိန်ဆိုင်ရာ ချအမှတ်အပိုင်းအစက (စက္ကန့်၊ မိနစ် စသည့်) အချိန်ယူနစ် ဖြစ်မည်၊
  • သို့သော် နှိုင်းရ ရူပဗေဒ၌၊ အချိန်ဆိုင်ရာ တာစာ (temporal component) ကို အလျားသဘော အလိုအလျောက် ပြောင်းထားသည့် စနစ်လည်း အသုံးပြုကြသဖြင့် ထိုအခါမျိုးတွင် ကြာချိန်ကို ညွှန်းသည့် ယူနစ်ကလည်း အလျားယူနစ်နှင့် ဖြစ်နေတတ်သည်။[၁]

အကိုးအကား

ပြင်ဆင်ရန်
  1. A First Course in General Relativity by Bernard Schutz