သစ်ကျုတ်

နို့တိုက်သတ္တဝါမျိုးစိတ်
(ချီတာ မှ ပြန်ညွှန်းထားသည်)
ဤဆောင်းပါးသည် အင်္ဂလိပ်ဘာသာဖြင့် "Cheetah" ဟုခေါ်သည့် ကြောင်မျိုးရင်းဝင်တိရစ္ဆာန်အကြောင်းဖြစ်သည်။
"ချီတာ"သည် 'ကျားသစ် (Leopard)' မဟုတ်ပါ။
သစ်ကျုတ် (ဝါ) ချီတာ
(အင်္ဂလိပ်: Cheetah)
Temporal range: PleistoceneHolocene, 1.9–0 Ma
Cheetah sitting on a mound in Sabi Sand Game Reserve, South Africa
တောင်အာဖရိကနိုင်ငံမှ သစ်ကျုတ် တစ်ကောင်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
မျိုးရင်း: Felidae
မျိုးရင်းသေး: Felinae
မျိုးစု: Acinonyx
မျိုးစိတ်:
A. jubatus
ဒွိနာမ
Acinonyx jubatus
(Schreber, 1775)
မျိုးစိတ်ခွဲ
Map showing the distribution of the cheetah in 2015
The range of the cheetah as of 2015[၁]
Synonyms

ချီတာ (ခေါ်) သစ်ကျုတ် (အင်္ဂလိပ်: Cheetah) သည် အာဖရိကတိုက်နှင့် အာရှတိုက်တွင် အီရန်နိုင်ငံအလယ်ပိုင်းတို့၏ ဒေသရင်းမျိုးစိတ် ကြောင်မျိုးရင်းဝင် သားရဲတိရစ္ဆာန်တစ်မျိုးဖြစ်သည်။ ချီတာနှင့် ပူမာတို့သည် အရွယ်အစားအတန်အသင့် ကြီးမားသည့် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ ဖြစ်သော်လည်း ကျားခြင်္သေ့ဂျိုက်ဂွါးအင်းကျား စသည့် တိရစ္ဆာန်များနှင့် မျိုးရင်းခွဲ မတူကြဘဲ အိမ်မွေးကြောင်ကဲ့သို့ အရွယ်အစားသေးငယ်သည့် ကြောင်များနှင့် မျိုးရင်းခွဲတူ ဖြစ်လေသည်။ ချီတာသည် ကြောင်မျိုးရင်းခွဲ ဖဲလိုင်နီး(Felinae) တွင်ပါဝင်သော အစီနိုနိတ်စ်(Acinonyx) မျိုးစုမှဖြစ်ပြီး ၎င်း၏ သိပ္ပံအမည်မှာ "အစီနိုနိတ်စ် ဂျုဘာတတ်စ် (Acinonyx jubatus)" ဖြစ်သည်။ ချီတာများသည် ဆူညံသံပေးခြင်းမှလွှဲ၍ ဟိန်းသံ မပြုနိုင်ချေ။ ယင်းအချက်သည် ကြောင်မျိုးရင်းခွဲ (Felinae) နှင့် ကြောင်ကြီးမျိုးရင်းခွဲ (Pantherinae) ၏ အဓိကကွဲပြားချက်ပင် ဖြစ်လေသည်။

ကမ္ဘာ့အမြန်ဆုံး ကုန်းနေသတ္တဝါ "ချီတာ" ပြင်ဆင်ရန်

ချီတာသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၈၀ (ကီလိုမီတာ ၈၀ မှ ၁၂၉) ကြား အမြန်နှုန်းပြေးနိုင်သဖြင့် "ကုန်းပေါ်တွင်နေထိုင်သော တိရစ္ဆာန်များထဲတွင် အမြန်ဆုံးတိရစ္ဆာန်" ဖြစ်လေ၏။ မှတ်တမ်းတင်ထားသည့် အမြန်နှုန်းများအနေဖြင့် ၅၈ မှ ၆၀ mph (၉၃ မှ ၉၇ km/h) ပျမ်းမျှရှိသည်ဟု သိရသည်။

ခန္ဓာကိုယ်ဖွဲ့စည်းပုံ နှင့် သွင်ပြင်ပုံသဏ္ဌာန် ပြင်ဆင်ရန်

 
မျက်ရည်ကဲ့သို့သော မျက်နှာပေါ်မှ အနက်ရောင်အစင်းကြောင်း

သစ်ကျုတ်များသည် ဤကဲ့သို့သော အမြန်နှုန်းဖြင့်ပြေးနိုင်ရခြင်းမှာလည်း ၎င်းတို့၏ ပေါ့ပါးကျစ်လျစ်သော ခန္ဓာကိုယ်တည်ဆောက်မှု၊ သွယ်ပြီးရှည်လျားသော ခြေတံများနှင့် ပြေးသည့်အချိန်တွင် ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းပေးသော အမြီးရှည်များ ပါဝင်သောကြောင့် ဖြစ်လေ၏။

သွင်ပြင်ပုံသဏ္ဌာန် ပြင်ဆင်ရန်

၎င်း၏ ဦးခေါင်းသည် သေးငယ်၍လုံးဝန်းကာ နှာတံတိုပြီး မျက်နှာတစ်ဖက် တစ်ချက်စီတွင် မျက်လုံးရှေ့မှ နှာတံတလျှောက် အနက်ရောင်အစင်းကြောင်းပါရှိသည်။ ခန္ဓာကိုယ်၏ အရောင်အသွေးသည် များသောအားဖြင့် ခရင်မ်ဖြူ (သို့) နီညိုရောင် ခပ်ဖျော့ဖျော့ရှိပြီး ၎င်းအရောင်များဖြင့် ခန္ဓာကိုယ်တစ်ခုလုံးအပေါ်တွင် အနက်ရောင်အစက်အပြောက်များဖြင့် အညီအမျှ ဖုံးအုပ်ထားသည်။

ဇီဝမျိုးရိုးခွဲခြားမှု ပြင်ဆင်ရန်

 
၎င်း၏ ပေါ့ပါးကျစ်လျစ်ပြီး သွယ်လျသည့် ခန္ဓာကိုယ်ပုံစံ၊ ရှည်လျားသည့် အမြီးနှင့် အစက်ပြောက်များဖုံးလွှမ်းနေသော အရောင်အသွေးတို့ကို တွေ့မြင်နိုင်သည်။
ချီတာ နှင့် အခြားကြောင်မျိုးရင်းဝင်များ၏ မျိုးရိုးဆင်းသက်ပုံ ဇယားကားချပ်
 ကြောင်မျိုးရင်း 
 ကြောင်မျိုးရင်းခွဲ 
 လျင့်ဇ်မျိုး 

 ကြောင်မြီးတို(L. lynx)

(Lynx)
 ပူမာမျိုး 

 ကူဂါ(P. concolor) 

(Puma)
 ချီတာမျိုး 

 "သစ်ကျုတ်"(A. jubatus) 

(Acinonyx)
 အိမ်ကြောင်မျိုး 

 ကြောင်(F. catus)

(Felis)
 သစ်ကြောင်မျိုး 

 သစ်ကြောင်(P. bengalensis)

(Prionailurus)

 အခြားမျိုးရင်းခွဲတူ မျိုးစု (၈)စု

(Felinae)
 ကြောင်ကြီးမျိုးရင်းခွဲ 
 ကြောင်ကြီးမျိုး 

 (မျိုးစိတ် ၅ ခု)

(Panthera)
 အင်းကျားမျိုး 

 (မျိုးစိတ် ၂ ခု)

(Neofelis)
(Pantherinae)
(Felidae)

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "Acinonyx jubatus" (2015). IUCN Red List of Threatened Species 2015. IUCN. 
  2. Cheetah (Acinonyx jubatus)US Fish and Wildlife Service။ 19 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 October 2021 တွင် ပြန်စစ်ပြီး။