ဦးခွန်ရဲထွေး သို့မဟုတ် ဦးခွန်ရဲမြင့်နိုင် (၄ ဇန်နဝါရီ ၁၉၆၁ မွေးဖွား) သည် မြန်မာနိုင်ငံသား ပအိုဝ်းလူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဦးခွန်ရဲထွေး
ဥက္ကဋ္ဌ[၁]
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
ယခင်လူဦးခွန်စံလွင် (ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ)
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ရှမ်းပြည်နယ် အစိုးရအဖွဲ့
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁
မဲဆန္ဒနယ်ရှမ်းပြည်နယ်လွှတ်တော် တောင်ကြီး မဲဆန္ဒနယ် ၁
အနိုင်ရမဲ အရေအတွက်၄၂,၇၄၂[၂]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၆၁-0၄-0၁) ဧပြီ ၁၊ ၁၉၆၁ (အသက် ၆၃)
တောင်ငူမြို့[၃]
နိုင်ငံသားမြန်မာ
လူမျိုးပအိုဝ်း
ကြင်ဖော်(များ)​ ဒေါ်မြတ်ခင်မော်
မိခင်​ ဒေါ်မြစိန်
ဖခင်ဦးဘိုးရွှေ
ပညာရေးသိပ္ပံဘွဲ့ (ရူပဗေဒ)
မိခင်ကျောင်းမော်လမြိုင်ဒီဂရီကောလိပ်

အစောပိုင်းဘဝ ပြင်ဆင်ရန်

ဦးခွန်ရဲထွေးကို ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဦးဘိုးရွှေနှင့် ဒေါ်မြစိန်တို့က တောင်ငူမြို့တွင် မွေးဖွားခဲ့သည်။ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးရွာ အမကကျောင်း၊ တောင်ငူမြို့ အလက(၂)နှင့် အထက(၅) တို့တွင် အခြေခံပညာသင်ကြားခဲ့ပြီး ပဲခူးဒေသကောလိပ်၊ မော်လမြိုင်ဒီဂရီကောလိပ်တို့တွင် ဆက်လက်ပညာသင်ကြားခဲ့ကာ ရူပဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ ရရှိခဲ့သည်။[၃]

စစ်ဖက်တာဝန်ထမ်းဆောင်ခြင်း ပြင်ဆင်ရန်

ဦးခွန်ရဲထွေးသည် တပ်မတော်တွင် ဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ခလရ (၁၁၃)၊ ခလရ (၂၃၄)၊ ကော့သောင်း စစ်ဗျူဟာ၊ ခလရ (၂၅၉)၊ ခမရ (၅၁၈)၊ ခမရ (၅၁၂)၊ ဘုရင့်နောင်တိုက်ခိုက်ရေးတပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ် (၁၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်နဲ့ အမှတ်(၁၀) တန်းမြှင့်သင်တန်းကျောင်းတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။[၃]

နိုင်ငံရေး ပြင်ဆင်ရန်

တပ်မတော်မှ အငြိမ်းစားယူကာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တွင် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့တွင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၃]

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် ဦးခွန်ရဲထွေးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း ခံရသည်။

ကိုးကား ပြင်ဆင်ရန်