အနောက်မြောက်တိုင်းစစ်ဌာနချုပ်
အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် နမခ) သည် မုံရွာမြို့(မုံရွာ-ရေဦးအဝေးပြေးလမ်းမကြီးအနီး)တွင် အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။ အဓိက တာဝန်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ ချင်းပြည်နယ်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် မျိုးမင်းထွေး ဖြစ်သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် | |
---|---|
နမခ | |
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
စခန်းမှူး | ဒုတိယဗိုလ်မှူးကြီး ဟိန်းရန်လင်း |
အမည်ပြောင် | လေး နဲ့ မြှား |
အရောင်များ | |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်မှူးချုပ် မျိုးမင်းထွေး |
ဒုတိယတိုင်းမှူး | ဗိုလ်မှူးချုပ် မိုးဟိန်း |
တိုင်းဦးစီး | ဗိုလ်မှူးချုပ် ကျော်စွာဝင်း |
အဆောင်အယောင်များ | |
အလံတော် |
သမိုင်း
ပြင်ဆင်ရန်၁၉၆၁ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းချိန်က မန္တလေးမြို့တွင် အခြေစိုက်သည်။ ထိုစဉ်က ပထမဆုံးတိုင်းမှူးမှာ ဗိုလ်မှူးချုပ်စန်းယုဖြစ်သည်။၁၉၈၈ခုနှစ်နောက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ခွဲခြားကာ တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား မန္တလေးမြို့သို့ပြောင်းရွှေ့ခဲ့သည်။ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မုံရွာမြို့သို့ ပြောင်းရွှေ့အခြေစိုက်သည်။ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်ထပ်မံဖွဲ့စည်းခဲ့သည်။[၁][၂][၃]
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်- တိုင်းစစ်ဌာနချုပ်ရုံး
- တိုင်းမှူးရုံး
- ဒုတိုင်းမှူးရုံး
- တိုင်းဦးစီး(ဗိုလ်မှူးချုပ်) ရုံး
- စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) ရုံး
- စစ်ဦးစီးမှူး(ပထမတန်း)
- စစ်ဆင်ရေးဌာနခွဲ
- တာဝန် နှင့် လေ့ကျင့်ရေးဌာနခွဲ
- စစ်ဦးစီးမှူး(ပထမတန်း၊ စစ်ဘက်ရေးရာလုံခြုံရေးဌာနခွဲ)
- စစ်ဦးစီးမှူး(ပထမတန်း၊ ပြည်သူ့စစ်ဌာနခွဲ)
- စစ်ဦးစီးမှူး(ပထမတန်း)
- ဦးစီးအရာရှိ(ဗိုလ်မှူးကြီး၊ စစ်ရေးဌာန)ရုံး
- ဦးစီးအရာရှိ(ပထမတန်း၊ ငွေစာရင်းဌာနခွဲ)ရုံး
- ဦးစီးအရာရှိ(ပထမတန်း၊ မှတ်တမ်းဌာနခွဲ)ရုံး
- ဦးစီးအရာရှိ(ဗိုလ်မှူးကြီး၊ စစ်ထောက်ဌာန)ရုံး
- ဦးစီးအရာရှိ(ပထမတန်း) (ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေးဌာနခွဲ) ရုံး
- ဦးစီးအရာရှိ(ပထမတန်း) (ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ) ရုံး
- စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) ရုံး
- စခန်းရုံး
- ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
- ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး
- ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ
- အခြေချ စစ်ဗျူဟာအဖွဲ့များ
- အခြေချ စစ်ဗျူဟာအဖွဲ့ရုံး
- ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ
- စစ်ဗျူဟာအဖွဲ့များ (သို့) လှုပ်ရှား စစ်ဗျူဟာအဖွဲ့များ
- လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်ရင်းများ
နမခ နယ်မြေအတွင်းတွင် တည်ရှိသော စစ်ဌာနချုပ်များ နှင့် ၎င်း၏ကွပ်ကဲမှုအောက် စစ်ဗျူဟာများနှင့် လက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
စစ်ဗျူဟာများ
ပြင်ဆင်ရန်- စစ်ဗျူဟာအဖွဲ့အခြေချ(ဟားခါး)
- စစ်ဗျူဟာအဖွဲ့အခြေချ(ခန္တီး)
- စစ်ဗျူဟာအဖွဲ့အခြေချ(မတူပီ)
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မ နှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များ
ပြင်ဆင်ရန်အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
ပြင်ဆင်ရန်- ဗိုလ်မှူးကြီး မောင်ရွှေ (ကြည်း - ၃၅၇၅) (၁၆-၁၀-၁၉၆၁ မှ ၂၉-၁၁-၁၉၆၁)
- ဗိုလ်မှူးချုပ် စန်းယု (ကြည်း - ၃၅၆၉) (၂၉-၁၁-၁၉၆၁ မှ ၁၅-၂-၁၉၆၃))
- ဗိုလ်မှူးကြီး လွန်းတင် (ကြည်း - ၃၆၁၀) (၁၅-၂-၁၉၆၃ မှ ၂၁-၅-၁၉၆၅)
- ဗိုလ်မှူးကြီး စိန်မြ (ကြည်း - ၃၅၇၆) (၂၁-၅-၁၉၆၅ မှ ၂-၇-၁၉၆၉)
- ဗိုလ်မှူးကြီး စိန်လွင် (ကြည်း - ၅၄၄၄) (၃-၇-၁၉၆၉ မှ ၈-၃-၁၉၇၄)
- ဗိုလ်မှူးကြီး အေးကို (ကြည်း - ၆၁၃၃) (၈-၃-၁၉၇၄ မှ ၁၈-၃-၁၉၇၅)
- ဗိုလ်မှူးချုပ် လှထွန်း (ကြည်း - ၅၄၉၇) (ဗသက - ၁) (၁၈-၃-၁၉၇၅ မှ ၂၁-၇-၁၉၇၇)
- ဗိုလ်မှူးချုပ် အောင်ခင် (ကြည်း - ၅၉၃၄) (၂၁-၇-၁၉၇၇ မှ ၄-၅-၁၉၇၉)
- ဗိုလ်မှူးချုပ် သန်းညွှန့် (ကြည်း - ၆၃၅၆) (၄-၅-၁၉၇၉ မှ ၄-၁၁-၁၉၈၅)
- ဗိုလ်ချုပ် ထွန်းကြည် (ကြည်း - ၇၈၆၄) (စတသ - ၁) (၄-၁၁-၁၉၈၅ မှ )
- ဗိုလ်ချုပ် ကျော်မင်း (ကြည်း - ၇၁၂၆)
- ဗိုလ်ချုပ် လှမြင့်ဆွေ (ဗသက - ၃၀)
- ဗိုလ်ချုပ် စိုးဝင်း (ကြည်း - ၁၁၇၁၅) (စတသ - ၁၂)
- ဗိုလ်ချုပ် စိုးနိုင် (ကြည်း - ) (စတသ - ၁၇)
- ဗိုလ်ချုပ် မြင့်စိုး (ကြည်း - ၁၆၃၉၁) (ဗသက - ၆၁)
- ဗိုလ်ချုပ် စိုးလွင် (ကြည်း - ၁၈၁၈၉)
- ဗိုလ်ချုပ် အောင်လင်းဒွေး (ကြည်း - ၁၈၂၆၃) (စတသ - ၂၅)
- ဗိုလ်ချုပ် သက်ပုံ (ကြည်း - ၂၀၇၃၅) (စတသ - ၂၉) (ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထ ၅ မှူး )
- ဗိုလ်ချုပ် ဖုန်းမြတ် (ကြည်း - ၂၀၃၂၄) (ဗသက - ၇၃) (ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထ ၃ မှူး)
- ဗိုလ်ချုပ် စိုးတင့်နိုင် (နောင်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး)
- ဗိုလ်ချုပ် မျိုးမိုးအောင် (ကြည်း - ၂၂၅၇၂) (စတသ - ၃၂) (ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်)
- ဗိုလ်ချုပ် ဖြိုးသန့် (တေဇ - ၂၃) (ယခု နယ်စပ်ရေးရာဒုတိယဝန်ကြီး)
- ဗိုလ်ချုပ် သန်းထိုက် (ကြည်း - ၂၈၁၄၆) (စတသ - ၃၈) (ယခင် အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး)[၄]
- ဗိုလ်မှူးချုပ် မျိုးမင်းထွေး [၅]
ကိုးကား
ပြင်ဆင်ရန်- ↑ "ဗိုလ်ချုပ်မှူးကြီးစောမောင်ကို နဝတဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားခဲ့စဉ်က"။
- ↑ ကိုဝင်း(အမရပူရ)။ အကွဲအပြဲနှင့် မသဲမကွဲမြန်မာပြည်။
- ↑ မြဝင်း။ တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်း (၁၉၄၁-၁၉၉၈)။
- ↑ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်။ MOI Myanmar (၂ ဇွန် ၂၀၂၄)။ ၃ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ညှိကွပ်အပါအဝင် စစ်ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်။ BBC Burmese (၁၈ ဒီဇင်ဘာ ၂၀၂၄)။ ၁၈ ဒီဇင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။