ဦးခက်ထိန်နန် သည် ကချင်လူမျိုး စီးပွားရေးလုပ်ငန်းရှင်နှင့် နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ လက်ရှိတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ မှ ဇူလိုင်လအထိ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

ခက်ထိန်နန်
ကချင်ပြည်နယ် ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဩဂုတ် ၂၀၂၁
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူကိုယ်တိုင် (ပစကဥက္ကဋ္ဌအဖြစ်)
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂ ဖေဖော်ဝါရီ ၂၀၂၁ – ၃၁ ဇူလိုင် ၂၀၂၁
သမ္မတဦးမြင့်ဆွေ (ယာယီ)
ယခင်လူဒေါက်တာ ခက်အောင် (ဝန်ကြီးချုပ်အဖြစ်)
ဆက်ခံသူကိုယ်တိုင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂၀၁၁ – ၂၀၁၆
ယခင်လူအခြေခံဥပဒေစတင်
ဆက်ခံသူဦးဂျေယောဝူ
မဲဆန္ဒနယ်ကချင်ပြည်နယ် အမှတ် (၁)
အနိုင်ရမဲ အရေအတွက်၅၂,၃၉၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1959-04-01) ဧပြီ ၁၊ ၁၉၅၉ (အသက် ၆၄)
မိုးကောင်းမြို့နယ်ကချင်ပြည်နယ်မြန်မာနိုင်ငံ
နိုင်ငံရေးပါတီစည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်
သွေးသားတော်စပ်သူဦးခက်အောင်
(အစ်ကို)
မိဘဦးခက်လ (ဖခင်)

သူသည် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[၁] ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ဦးခက်အောင် မှာ ဦးခက်ထိန်နန်နှင့် ညီအစ်ကို တော်စပ်သူဖြစ်သည်။

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

ဦးခက်ထိန်နန်ကို ၁၉၅၉ခုနှစ် ဧပြီလ ၁ရက်နေ့တွင် မိုးကောင်းမြို့နယ်၌ ဖွားမြင်ခဲ့သည်။ သတ္တဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။[၂]

နိုင်ငံရေး ပြင်ဆင်ရန်

လွှတ်တော်ကိုယ်စားလှယ်ဘဝ ပြင်ဆင်ရန်

ဦးခက်ထိန်နန်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁)မှ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) ပါတီကိုယ်စားပြု ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သည်။ တစ်ဦးတည်းသောပြိုင်ဘက်ဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းအား မဲအရေအတွက် (၂၀,၀၀၀) ကျော်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။[၃] သူသည် ဦးသိန်းစိန်အစိုးရနှင့် ကေအိုင်အို တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။[၄]

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုငိဘက်ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းအား မဲအရေအတွက် (၃၀,၀၀၀) ကျော်ကွာခြားချက်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဆန္ဒမဲအရေအတွက် (၁၈,၈၈၂) ဖြင့် ကိုယ်စားလှယ်လောင်း (၁၀)ဦးတွင် ဒုတိယအများဆုံး ရရှိခဲ့သည်။[၅]

ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ ပြင်ဆင်ရန်

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်အောင် အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အား ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် ဖွဲ့စည်းကာ ဦးခက်ထိန်နန်အား ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။[၆] ၂၀၂၁ခုနှစ် ဩဂုတ်လ (၁)ရက်နေ့တွင် အိမ်စောင့်အစိုးရ ဖွဲ့စည်းခြင်းနှင့်အတူ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို ပြန်လည်ဖွဲ့စည်းရာ ဦးခက်ထိန်နန်သည် ကချင်ပြည်နယ်၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[၇]ကချင်လူမှုအခြေပြု အဖွဲ့အစည်းများသည် ဦးခက်ထိန်နန်ကို ရှုတ်ချခဲ့ကြပြီး ကချင်အမျိုးသား သစ္စာဖောက်ဟု သုံးစွဲခဲ့ကြသည်။[၈]

ပိတ်ဆို့အရေးယူခံရခြင်း ပြင်ဆင်ရန်

၂၀၂၁ခုနှစ် အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံမှ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် (၄)ဦးအား ဒဏ်ခတ်အရေးယူခဲ့ရာ ဦးခက်ထိန်နန်လည်း ပါဝင်ခဲ့သည်။ [၉]

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

ဦးခက်အောင်သည် ဦးခက်ထိန်နန်၏ အစ်ကိုတော်စပ်သူဖြစ်သည်။ ၂၀၂၁ခုနှစ်တွင် ဦးခက်အောင်ကို ကချင်ပြည်နယ် ဝန်ကြီးချုပ်နေရာမှ တပ်မတော်က ဖယ်ရှားခဲ့ပြီးနောက် ညီဖြစ်သူ ဦးခက်ထိန်နန်ကို ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ရာထူးများ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။[၁၀]

ကိုးကား ပြင်ဆင်ရန်

  1. Kachin People invited to take part in boosting state's economy။ 7 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2022 တွင် ပြန်စစ်ပြီး။
  2. "ဦးခက်ထိန်နန်"။ 7 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 7 February 2022။ 
  3. ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ။ 21 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2022 တွင် ပြန်စစ်ပြီး။
  4. ကေအိုင်အိုနှင့် အစိုးရတွေ့ဆုံ
  5. ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ။ 8 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2022 တွင် ပြန်စစ်ပြီး။
  6. "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း"။ 
  7. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၈ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း"။ 
  8. "ကပ်ဘေးဒုက္ခဆီသို့ မြန်မာ့စစ်တပ် ခင်းသောလမ်း"။ 
  9. Global Magnitsky Designations; North Korea Designations; Burma-related Designations; Non-SDN Chinese Military-Industrial Complex Companies (NS-CMIC) List Update
  10. "ကချင်ပြည်နယ် ဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်သူ"။