ဆန္ဒာဓိက

ဘာသာရေးစာပေရေးသားသူ ရွှေပါရမီတောရဆရာတော်

ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက သည် မြန်မာနိုင်ငံသား ရဟန်းတော်တစ်ပါးဖြစ်၍ ဗုဒ္ဓဘာသာ စာပေများကိုလည်း ဟောပြော၊ ရေးသားသော သူတစ်ဦးဖြစ်၏ ။

အရှင်ဆန္ဒာဓိက
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ကျောင်းတိုက်ရွှေပါရမီတောရကျောင်း
ပညာရေးဓမ္မာစရိယဘွဲ့
ဓမ္မအမည်ဆန္ဒာဓိက (Chandādhika)
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးဗမာလူမျိုး
မွေးဖွား (1968-01-09) ၉ ဇန်နဝါရီ၊ ၁၉၆၈ (အသက် ၅၆)
ရေနံချောင်းမြို့မကွေးတိုင်းမြန်မာနိုင်ငံ
ဘာသာရေးရာ
ဝက်ဘ်ဆိုဒ်shweparami.net

ဘဝအကျဉ်း ပြင်ဆင်ရန်

၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်၊ အင်္ဂါနေ့တွင် ရေနံချောင်းမြို့၊ သူဌေးကုန်းရပ်ကွက်၌ ခမည်းတော်ဦးစိန်ဝင်း၊ မယ်တော်ဒေါ်သိန်းသိန်း တို့မှ ဖွားမြင်သည်။

၁၉၈၄ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ရေနံချောင်းမြို့၊ အထက(၁)မှ ခြောက်ဘာသာ (ဘာသာစုံ) ဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယရလျက် အောင်မြင်သည်။

သုံးထပ်ကွမ်းလူရည်ချွန်အဖြစ် ၈တန်း၊ ၉တန်း၊ ၁၀တန်းတို့၌ သုံးနှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရသည်။

၁၉၈၄ ခုနှစ်၊ ဆယ်တန်းအောင်မြင်ပြီးနောက် သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး အမရပူရမြို့မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပရိယတ္တိစာပေများ လေ့လာဆည်းပူးခဲ့သည်။

၁၉၉၂ ခုနှစ်တွင် ပထမကျော်ဘွဲ့ နှင့် ၁၉၉၅ ခုနှစ်တွင် ဓမ္မာစရိယဘွဲ့တို့ကို ရရှိခဲ့သည်။

၁၉၉၈ ခုနှစ်တွင် အသက်(၃၀)ပြည့် ပုလဲရတု မွေးနေ့အထိမ်းအမှတ်အဖြစ် တစ်ယောက်တည်းနေ တစ်စိတ်တည်းထား စာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။

အလှူဒါန ပြင်ဆင်ရန်

  • ၂၀ဝ၅-ခုနှစ်၊ မေလ(၁၉)ရက်မှ (၂၂)ရက်အထိ ရေနံချောင်းမြို့တွင် မျက်စိအထူးကုဆရာဝန်ကြီးမှ မျက်စိဝေဒနာရှင်(၂၅၀ဝ)ကျော်ကို ကြည့်ရှုစစ်ဆေးပေးခြင်း အတွင်းတိမ်လူနာ(၂၈၈)ဦးနှင့် အသေးစားခွဲစိတ်ကုသရန် လိုအပ်သည့် လူနာ(၂၈)ဦး စုစုပေါင်း (၃၁၆)ဦး တို့အား အခမဲ့ ခွဲစိတ်ကုသပေးရာတွင် ဆရာတော်မှဦးဆောင်ပြီး တပည့်ဒါယကာ၊ ဒါယိကာမများမှ ပံ့ပိုးကူညီပေးခဲ့သည်။
  • ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကသည် သက်တော်(၃၀)ပြည့်မှစ၍ ယနေ့အထိ လှူခဲ့ပြီးသော လှူတန်းမှုအစုစုမှာ ကျပ်သိန်း(၃၀ဝ၀) ခန့်ရှိပြီဟု သိရသည်။

၂၀ဝ၉-ခုနှစ်၊ ဇွန်လ ၄နေ့ ညနေ ၆ နာရီခန့်တွင် စစ်ကိုင်းတိုင်း မုံရွာရှိ ဗောဓိတထောင် ဘုရားမှ ဓာတ်လှေကားတစ်ခုသည် ပေ ၂၀ ကျော်အမြင့်မှ ပြုတ်ကျမှု ဖြစ်ပွားရာ ဓမ္မကထိက အကျော်အမော်များဖြစ်သော အရှင်ရာဇိန္ဒ (ရဝေနွယ်(အင်းမ))၊ ဆရာတော် အရှင်ဆန္ဒာဓိက ဗောဓိတထောင်ကျောင်းတိုက်မှ ရဟန်းတစ်ပါးနှင့် ဘုရားဖူး ၅ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့၍ မန္တလေးဆေးရုံတွင် ကုသမှု ခံယူနေကြရသည်။ ဆရာတော်များအား လာရောက်မေးမြန်း လှူဒါန်းသွားသော မုန့်၊ သစ်သီးဝလံနှင့် အစားအစာများအား နေ့စဉ် သံဃာတော်အပါး(၁၀ဝ)အတွက် ပြန်လည် လှူဒါန်းပေးနေရပေသည်။ ၂၀၁၃ ခုနစ်၊ မတ်လ မိတ္ထီလာပဋိပက္ခ[၁] ကို ပြေလည်ငြိမ်းချမ်းသွားအောင် ဆရာတော် ဦးဝီရသူရွှေညဝါ ဆရာတော်ဓမ္မဒူတ ဆရာတော် ဦးဆေကိန္ဒ ဆရာတော် ဦးဆန္ဒာဓိက[၂] စသော ရဟန်းသံဃာတော်များ၊ အတိုက်အခံ နိုင်ငံရေး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု မိတ္ထီလာမြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီး(ဟောင်း) ဦးဝင်းထိန်[၃][၄] ကလည်းအတတ်နိုင်ဆုံးကူညီထိန်းသိမ်းပေးခဲ့သည်။[၅][၆] [၇][၈]

လိပ်စာ ပြင်ဆင်ရန်

သထုံမြို့၊ ကေလာသတောင်၊ ရွှေပါရမီတောရကျောင်း၌ တစ်ပါးတည်း ဧကစာရီတောရဆောက်တည်လျက် ပရိယတ်၊ ပဋိပတ်အလုပ် အားထုတ်လျက်ရှိသည်။

ရေးသားသော စာအုပ်များ ပြင်ဆင်ရန်

  1. တစ်ယောက်တည်းနေ တစ်စိတ်တည်းထား ရွှေပါရမီ စာစဉ်(၁)
  2. ကိုယ့်စိတ် ကိုယ်စစ် ရွှေပါရမီ စာစဉ်(၂)
  3. မသေခင်ဘာလုပ်ကြမလဲ ရွှေပါရမီ စာစဉ်(၃)
  4. ငြိမ်းအေးသောဘဝပိုင်ရှင် ရွှေပါရမီ စာစဉ်(၅)
  5. လောက၌အကောင်းဆုံးသောအရာ ရွှေပါရမီ စာစဉ်(၆)
  6. ဘယ်အိမ်မှာ နေကြမလဲ ရွှေပါရမီ စာစဉ်(၇)
  7. အိုဘယ့်အလှူရှင် ရွှေပါရမီ စာစဉ်(၈)
  8. အနှိုင်းမဲ့ချမ်းသာ ရွှေပါရမီ စာစဉ်(၉)
  9. ရဟန်းဘာကြောင့်ပြုရတယ် ရွှေပါရမီ စာစဉ်(၁၀)
  10. မြင့်မြတ်သူတို့၏စံအိမ် ရွှေပါရမီ စာစဉ်(၁၂)
  11. အလင်းစေတမန် ရွှေပါရမီ စာစဉ်(၁၄)
  12. အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် ရွှေပါရမီ စာစဉ်(၁၅)
  13. ငါ့ကိုမချစ်ပါနဲ့ ရွှေပါရမီ စာစဉ်(၁၆)
  14. လိုတရနှလုံးသား ရွှေပါရမီစာစဉ်(၁၈)
  15. နို့နှစ်လုံးဖိုးကျေပါတယ် ရွှေပါရမီစာစဉ် (၂၀)
  16. ဝေးလေကောင်းလေ ရွှေပါရမီစာစဉ် (၂၁)
  17. စိတ်အားဖြည့်ဓမ္မပဒ ရွှေပါရမီစာစဉ် (၂၂)
  18. မချစ်တတ်မမုန်းတတ်တဲ့သူ ရွှေပါရမီစာစဉ် (၂၃)
  19. အနေဝေးပေမယ့် အဝေးနေမဟုတ်ပါ ရွှေပါရမီစာစဉ် (၂၄)
  20. အနှိုင်းမဲ့ရနံ့ ရွှေပါရမီစာစဉ် (၂၅)
  21. အဝေးမှာမနေပါနဲ့ ရွှေပါရမီစာစဉ် (၂၆)
  22. စိတ်အားဖြည့် ဓမ္မနှင်းပွင့် ရွှေပါရမီစာစဉ် (၂၇)
  23. စိတ်အားဖြည့် ဓမ္မမိုးစက် ရွှေပါရမီစာစဉ် (၂၉)
  24. စိတ်အားဖြည့် ဓမ္မရွက်နု
  25. အကောင်းကံချစ်မှ အချစ်ကံကောင်းမယ် ရွှေပါရမီစာစဉ် (၃၀)
  26. ဘယ်လောက်ဝေးဝေး နီးနီးလေး ရွှေပါရမီစာစဉ် (၃၁)
  27. နံ့သာဖြင့်ထုံမွမ်းအပ်သော (၂၀ဝ၇-မေလ) ရွှေပါရမီစာစဉ် (၃၂)
  28. ခိုင်မှခိုင် ရွှေပါရမီစာစဉ် (၃၃)
  29. စိတ်အားဖြည့်ဓမ္မပန်းပွင့် ရွှေပါရမီစာစဉ် (၃၅)
  30. ထူးမှထူး ရွှေပါရမီစာစဉ် (၃၆)
  31. ဘဝအဓိဋ္ဌာန် ရွှေပါရမီစာစဉ် (၃၉)
  32. အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်
  33. တစ်ရာနှင့် တစ်ရက်
  34. အားထုတ်ဖြစ်ဖို့ အဓိက
  35. လူပျိုဘုရား လုံးဝမရှိ
  36. ရည်စူးကုသိုလ်
  37. အနှိုင်းမဲ့ ဘာဝနာ
  38. အနှိုင်းမဲ့ အလှူ
  39. အနှိုင်းမဲ့ လာဘ်
  40. သက်သတ်လွတ်နှင့် ကုသိုလ်စိတ်
  41. စိတ်လျှော်ဖွပ်တဲ့ အလုပ်
  42. နှလုံးသားတောင်ထိပ်က အရဟံစေတီ
  43. နှလုံးသား မိတ္တူ
  44. သတ်သတ်လွတ်နဲ့ ကုသိုလ်စိတ်
  45. ကျောင်းလှူသူသည် ကောင်းကျိုးချမ်းသာအားလုံးကိုလှူရာရောက်သည်
  46. တကယ်မသေခင် အစမ်းသေကြည့်ရအောင်
  47. မိဘကျေးဇူး အကျေဆပ်နည်း
  48. မော်ဒယ်နဲ့ အသစ်လူ
  49. မြင့်မြတ်သော ဥပက္ခာ
  50. ကျေးဇူးသိတတ်သောနွားကလေး နက်ချောနှင့် ဓမ္မပုံပြင်များ
  51. တစ်ရာနဲ့တစ်ရက်
  52. အလင်းစေတမန်


ကိုးကား ပြင်ဆင်ရန်