အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးသမား အတွက် ဉာဏ်ဝင်း၊ ဦး (NLD) ကို ကြည့်ပါ။

ဦးဉာဏ်ဝင်း (၂၂ ဇန်နဝါရီ ၁၉၅၃ မွေးဖွား) သည် ပဲခူးတိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ဇီးကုန်းမြို့နယ် မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသည်။[၂] ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ရွေးကောက်ပွဲမတိုင်မီက သူသည် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၁၈ ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် စစ်မှုထမ်းခဲ့သည်။ တပ်မတော်လေ့ကျင့်ရေး ဒုတိယအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၈ မှ ဘွဲ့ရရှိခဲ့သည်။[၃] ဇနီးဖြစ်သူမှာ ဒေါ်မြင့်မြင့်စိုး ဖြစ်သည်။

ဦးဉာဏ်ဝင်း
၂၀၀၉ ဒီဇင်ဘာတွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့၌ ပြုလုပ်ခဲ့သော ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကွန်ဖရင့်တွင် တွေ့ရသော ဦးဉာဏ်ဝင်း
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၂၀ မတ် ၂၀၁၆
ယခင်လူမရှိ
ဆက်ခံသူဦးဝင်းသိန်း
မဲဆန္ဒနယ်ဇီးကုန်းမြို့နယ်
၁၈ ဦးမြောက် နိုင်ငံခြား​ရေးဝန်ကြီး
တာဝန်သက်တမ်း
၁၈ စက်တင်ဘာ ၂၀၀၄ – ၃၀ မတ် ၂၀၁၁
ခေါင်းဆောင်ဦးသန်းရွှေ
ယခင်လူဦးဝင်းအောင်
ဆက်ခံသူဦးဝဏ္ဏမောင်လွင်
တပ်မတော်လေ့ကျင့်ရေး ဒုတိယအရာရှိချုပ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1953-01-22) ဇန်နဝါရီ ၂၂၊ ၁၉၅၃ (အသက် ၇၁)
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါ်မြင့်မြင့်စိုး
သားသမီးသား ၃ ဦး[၁]
မိခင်ကျောင်းစစ်တက္ကသိုလ်
အမျိုးသားကာကွယ်ရေးကောလိပ် (အိန္ဒိယနိုင်ငံ)[၁]
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဗိုလ်ချုပ်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Burma's New Foreign Minister: Not Ready For Prime Time?။ American Embassy at Rangoon (22 September 2004)။ 21 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 April 2012 တွင် ပြန်စစ်ပြီး။
  2. Aye Nai။ "Burma FM ‘guaranteed election win’"၊ Democratic Voice of Burma၊ 21 August 2011။ 21 August 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 27 September 2011။ 
  3. "Introducing Burma’s New Foreign Minister"၊ The Irrawaddy၊ 20 September 2004။ 21 August 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 3 March 2011။