ဝဏ္ဏမောင်လွင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်

ဦးဝဏ္ဏမောင်လွင် (၃၀ မေ ၁၉၅၂ မွေးဖွား[၂]) သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။[၃] နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၁၉ ဦးမြောက် နှင့် ၂၁ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ခဲ့သည်။ ပထမအကြိမ်သက်တမ်းကို ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီ၏ စစ်အစိုးရအဖွဲ့တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိထမ်းဆောင်ခဲ့သည်။

H.E

ဝဏ္ဏမောင်လွင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၃
နိုင်ငံခြားရေး ဝန်ကြီး
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဖေဖော်ဝါရီ ၂၀၂၃
သမ္မတဦးမြင့်ဆွေ (ယာယီ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမင်းအောင်လှိုင်
ယခင်လူဒေါ်အောင်ဆန်းစုကြည်
ဆက်ခံသူဦးသန်းဆွေ
နိုင်ငံခြားရေး ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
သမ္မတဦးသိန်းစိန်
ယခင်လူဦးဉာဏ်ဝင်း
ဆက်ခံသူဒေါ်အောင်ဆန်းစုကြည်
ကုလသမဂ္ဂ အမြဲတမ်းဌာနေကိုယ်စားလှယ်[၁]
တာဝန်သက်တမ်း
၂၀၀၇ – ၃၀ မတ် ၂၀၁၁
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ဆက်ခံသူမောင်ဝေ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၂-0၅-၃၀) မေ ၃၀၊ ၁၉၅၂ (အသက် ၇၁)
သထုံမြို့မွန်ပြည်နယ်မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါ်လင်းလင်းတင်
သားသမီးတင်သစ္စာလွင်
လင်းမာလာလွင်
လင်းမင်းမောင်လွင်
မိခင်ကျောင်းစစ်တက္ကသိုလ်
အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်း
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၁၉၇၁-၁၉၉၈
ရာထူးဗိုလ်မှူးကြီး

ဘဝအစနှင့် ပညာရေး ပြင်ဆင်ရန်

ဦးဝဏ္ဏမောင်လွင်ကို မွန်ပြည်နယ်သထုံမြို့တွင် မွေးဖွားသည်။ ဖခင်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး မောင်လွင်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၁၉၆၉ ခုနှစ်မှ ၁၉၇၀ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၄] သူသည် ၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၁၆ မှဘွဲ့ရခဲ့သည်။[၂]

အလုပ်အကိုင် ပြင်ဆင်ရန်

၁၉၇၁ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် သံတမန်လောကတွင်းသို့ရောက်ရှိလာသည်။ ၁၉၉၈ ခုနစ် ဇူလိုင်လမှ ၂၀၀၀ ခုနှစ် စက်တင်ဘာလအထိ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဘယ်လ်ဂျီယမ်နိုင်ငံနှင့် ဥရောပသမဂ္ဂ၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကုလသမဂ္ဂ အမြဲတမ်းဌာနေကိုယ်စားလှယ်အဖြစ် ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့များတွင် အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံရေး ပြင်ဆင်ရန်

၂၀၁၁ ဦးသိန်းစိန် အစိုးရတက်လာချိန်တွင် သူသည် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်လာကာ ၂၀၂၀ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဦးသိန်းစိန် အနိုင်ရခဲ့ဖူးသည့် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် ၁၃၀၆၇မဲ[၅]သာ ရရှိခဲ့ပြီး အဓိကပြိုင်ဖက်ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးကျော်ထွေးအား ရှုံးနိမ့်ခဲ့သည်။ သို့သော် ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်မှ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီးနောက် ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမု၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီ တို့ဖြင့် တိတ်တဆိတ် အလွတ်သဘော သွားရောက် တွေ့ဆုံခဲ့သည်။[၆]ထို့အပြင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နှင့်လည်း ဒွန်မောင်းလေဆိပ်တွင် တွေ့ဆုံခဲ့သည်။ဤတွေ့ဆုံမှုများအား ပြည်တွင်းပြည်ပမီဒီယာများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။[၇]

ကိုးကား ပြင်ဆင်ရန်

  1. "Burma Issues and Concerns: Locked In, Tied Up: Burma's Disciplined Democracy" (April 2011) 7: 14. Alternative Asean Network on Burma. 
  2. ၂.၀ ၂.၁ "Cabinet Ministers"၊ Alternative Asean Network on Burma။ 12 February 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 18 October 2013။ 
  3. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်း"။ 
  4. Zay Thu။ "ဒီမိုကရေစီ အစိုးရတွင်လည်း မဆလလူကြီးများ၏ သားသမီးများသာ ရာထူးကြီးများ ရယူထား" (in Burmese)၊ Tomorrow၊ 27 August 2014။ 9 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2015။ 
  5. "ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ" (in Burmese)၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ Archived from the original on 18 June 2022။ 
  6. "အင်ဒိုနိုင်ငံခြားရေးဝန်ကြီး နဲ့ ဦး၀ဏ္ဏမောင်လွင် ဘန်ကောက်မှာတွေ့" (in Burmese)။ 
  7. "ထိုင်းဝန်ကြီးချုပ် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံ" (in Burmese)။ 
  8. Wai Moe။ "Wunna Maung Lwin: Military Commander to Foreign Minister"၊ The Irrawaddy၊ 13 July 2011။ 21 August 2011 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]