အကယ်ဒမီတင်တင်နွဲ့ကို မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့၌ အဖ ဦးကျော်ရင်၊ အမိ ဒေါ်တင်ယုံတို့မှ ၁၉၄၄−ခုနှစ်၊ ဒီဇင်ဘာလ၊ ၉−ရက်တွင် မွေးဖွားသည်။ ငယ်စဉ်က အ.ထ.က(၁)ကြည့်မြင်တိုင်တွင် ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းအထိ ရောက်ရှိခဲ့သည်။ ငယ်စဉ်ကပင် ရုပ်ရှင်သရုပ်ဆောင် ဝါသနာပါပြီး ရုပ်ရှင်ဇာတ်ကားပေါင်း ၄၃ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ အကောင်းဆုံး သရုပ်ဆောင်ဆု ရရှိသည်အထိ အဆင့်ဆင့်ကြိုးပမ်း သရုပ်ဆောင်နိုင်သူအဖြစ် ရုပ်ရှင်လောကတွင် ထင်ရှားကျော်ကြားခဲ့သည်။

အကယ်ဒမီတင်တင်နွဲ့

ထူးချွန်ဆု ပြင်ဆင်ရန်

တင်တင်နွဲ့ ပထမဆုံး ပါဝင်သရုပ်ဆောင် ရိုက်ကူးခွင့် ရရှိခဲ့သော ဇာတ်ကားမှာ ဒါရိုက်တာဦးချစ်ခင်မြတ် ဇာတ်ကားဖြစ်ပြီး ဝင်းဦး၊ မြင့်မြင့်ခင်၊ ချစ်စံပယ်တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ထို့နောက်ရုပ်ရှင်ဇာတ်ကားများစွာ အဆက်မပြတ် ရိုက်ကူးခဲ့ရာ ၁၉၇၀-ပြည့်နှစ်တွင် ဒါရိုက်တာ ဦးသုခ၏ ကျွန်မမှာ မိန်းမသား ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ထူးချွန်ဆုကို ရရှိခဲ့သည်။

အကယ်ဒမီ ပြင်ဆင်ရန်

သရုပ်ဆောင် ထူးချွန်ဆု ဆွတ်ခူးရရှိသည့်နှစ်မှာပင် ခင်ပွန်းဖြစ်သူ ဦးသက်ထွန်း (နောင်တွင် နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး ဝဏ္ဏကျော်ထင် ဦးသက်ထွန်း) နှင့် လက်ထပ်ခဲ့သည်။ လက်ထပ်ပြီး ရှစ်နှစ်အထိ ရုပ်ရှင်ရိုက်ကူးခဲ့ပြီး နောက်ပိုင်းတွင် ကျန်းမာရေးအရ ရုပ်ရှင်ရိုက်ကူးရေးကို ရပ်နားခဲ့သည်။ တင်တင်နွဲ့သည် နှလုံးရောဂါအခံရှိသည်ဖြစ်၍ ထိုင်းနိုင်ငံတွင် ဒူဘိုင်းနိုင်ငံက လာရောက်ဖွင့်လှစ်သော ဆေးရုံသို့ (၁၃)ကြိမ်တိတိ သွားရောက်ကုသခဲ့ရသည်။

ခေတ်ပြိုင် သရုပ်ဆောင်များ ပြင်ဆင်ရန်

အကယ်ဒမီတင်တင်နွဲ့သည် ၎င်းနှင့်ခေတ်ပြိုင်သရုပ်ဆောင်များဖြစ်သည့် ဝင်းဦးညွန့်ဝင်းကြည်စိုးဝင်းညွန့်တွံတေးသိန်းတန်အောင်လွင်ကောလိပ်ဂျင်နေဝင်းစိန်မြင့်စိုးနိုင်လင်းထင်ဇော်လင်းကျော်ဟိန်းခင်မောင်ထွေးစိုးရွှေထွန်းဝေဝင်းဆွေလင်းအောင်ဇော်လွင်ခင်မောင်ချင်းဝါဝါဝင်းရွှေခင်သန်းနုခင်ယုမေစံရှားတင်အေးအေးသင်းစမ်းစမ်းအေးသီသီစန္ဒာဆွေဇင်ထိုက်ယဉ်ယဉ်အေးစိုးမြတ်သူဇာတို့နှင့် ရုပ်ရှင်ဇာတ်ကားများတွင် အတွဲညီစွာ သရုပ်ဆောင်ခဲ့သည်။ ပင်ကိုအသံအားဖြင့် ကရုဏာသံ လွှမ်းမိုးသောကြောင့် မေတ္တာတရားနှင့် ပတ်သက်သော ဇာတ်ရုပ်များကို သရုပ်ဆောင်မှု များခဲ့သည်။

ဒါရိုက်တာများ ပြင်ဆင်ရန်

တင်တင်နွဲ့နှင့် အတွဲညီသည့် ရုပ်ရှင်ဇာတ်ကားများကို ဦးချစ်ခင်၊ ဦးကျော်သန်း၊ ဘုန်းမော်၊ တက္ကသိုလ်ဝင်းဖေ၊ သုခ၊ ထွန်းမြင့်ထွန်း၊ ဦးပါ၊ ရှုမဝချစ်စိန်၊ မောင်လှမျိုး၊ အောင်ကြီးမြင့်၊ ဘိတ်ကလာတဲ့ ငံပြာရည်၊ စန်းအောင်၊ မြင့်အောင်၊ တင်လူ၊ စံရွှေမောင်၊ ဝေဇင်၊ စိန်သော်၊ သိန်းဇော်၊ ရွှေဘော်၊ ဌေးအောင်၊ မင်းနိုင်၊ ထွန်းညွန့်မောင်၊ မိုးသူ၊ စောအောင်မြင့်၊ ပန်းသာတင်ရွှေ၊ ဝင်းဦး၊ သက်လယ်၊ သိန်းကျော်စိုး၊ သက်နောင်၊ အေဝမ်းလှငွေ၊ ကိုငြိမ်းငြိမ်း စသည့် ရုပ်ရှင်ဒါရိုက်တာများက ရိုက်ကူးခဲ့သည်။

ဇာတ်ကားများ ပြင်ဆင်ရန်

တင်တင်နွဲ့ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများအနက် စကားပြောသော အသဲနုလုံး၊ ကျွန်မမှာ မိန်မသား၊ နန်းတစ်လိမ် ပန်းတစ်လိမ်၊ ချစ်သူရွေးမယ် ချစ်ဝဲလယ်၊ ရွှေတံခါးကြီးဖွင့်ပါဦး၊ မာယာထောင်ချောက်၊ မြတ်၊ မေတ္တာပုလဲသွယ်၊ ချစ်ဦးတိမ်ပန်းချီ၊ စေတနာမှန်သော ကံတရား၊ လကွယ်မိုးနှောင်း၊ အပြတ်မပြောနဲ့ မချော၊ စွန့်စားခြင်းအတူတူ ဘယ်သူမြတ်သလဲ၊ ဦးပေါင်းစင်းနဲ့ မြင်းညိုရှင်၊ မောင့်မမငြိမ်း၊ တောင်ပြာတန်းနဲ့ ပန်းသဇင် ဇာတ်ကားများမှာ လူကြိုက်များ ထင်ရှားခဲ့သည်။ တင်တင်နွဲ့ နောက်ဆုံးရိုက်ကူးသည့် ဇာတ်ကားမှာ ၁၉၇၈-ခုနှစ်က ဒါရိုက်တာ ကိုလင်းလင်းရိုက်ကူးသော သက်လယ် ဇာတ်ကားဖြစ်သည်။

တိတ်ခွေဇာတ်လမ်း ပြင်ဆင်ရန်

ကက်ဆက်ဇာတ်လမ်းခေတ်တွင် ကောလိပ်ဂျင်နေဝင်းနှင့် တွဲဖက်ကာ ဗိုလ်အောင်ဒင် အသံဇာတ်လမ်း၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူကြိုက်များရာမှ ကက်ဆက်အသံလွှင့်ဇာတ်လမ်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဒါရိုက်တာ မောင်ကြေးမုံ၊ ဂန္ထဝင်မောင်ဝိုင်းတို့ စီစဉ်သော ကက်ဆက်ဇာတ်လမ်းများတွင် အသံဖြင့် သရုပ်ဆောင်ခဲ့သော ကောလိပ်ဂျင်နေဝင်း၊ တင်တင်နွဲ့၊ ဓနုဖြူကြည်ကြည်သိန်း အတွဲသည် ကက်ဆက်ဇာတ်လမ်းလောက၌ လူသိများသည်။

ချီးမြှင့်ခြင်း ပြင်ဆင်ရန်

ရုပ်ရှင်လောကနှင့် နှစ်ပေါင်း ၃၀ ကျော် ကင်းကွာခဲ့သော်လည်း ရုပ်ရှင်အနုပညာလောကသားများနှင့် ပရိသတ်၏ ချစ်ခင်မြတ်နိုးမှုကို ခံယူရရှိနေဆဲ တင်တင်နွဲ့ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အနုပညာ ဂုဏ်ရည်ဆု (၂၀၁၃) ချီးမြှင့်ပေးအပ်ခြင်း ခံရသည်။ တင်တင်နွဲ့သည် ရုပ်ရှင်အဖွဲ့အစည်း၏ လှုပ်ရှားမှုများ၊ ရုပ်ရှင်ရွှေရတုပွဲများတွင် ပါဝင်လှုပ်ရှားခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

အကယ်ဒမီတင်တင်နွဲ့သည် ၂၀၁၅-ခုနှစ်၊ နိုဝင်ဘာလ ၁၀-ရက် အသက် (၇၁)နှစ် အရွယ်တွင် ရန်ကုန်ဆေးရုံကြီး၌ လူကြီးရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်းဦးသက်ထွန်းနှင့် သား စိုးသူရထွန်း တို့ ကျန်ရစ်သည်။ သားတစ်ယောက်ဖြစ်သည့် ဇာနည်ဝင်းထွန်းသည် ၂၀၀၉-ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၆)