တူဗားလူနိုင်ငံကို ယခင်က အဲလိုက်စ်ကျွန်းများ ဟု သိရှိ ခေါ်ဆိုခဲ့ကြပြီး ပစိဖိတ်သမုဒ္ဒရာ အတွင်းတွင် ရှိသော ပိုလီနီးရှန်း ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် နှင့် ဩစတြေးလျနိုင်ငံ ကြားတွင် ရှိသည်။ ၎င်းနှင့် အနီးဆုံးသော နိုင်ငံများမှာ ကီရီဘတ်စ်နိုင်ငံနအူရူးနိုင်ငံဆမိုးအားနိုင်ငံ နှင့် ဖီဂျီနိုင်ငံ တို့ ဖြစ်ကြသည်။ တူဗားလူနိုင်ငံတွင် သန္တာကျွန်း ၄ ကျွန်း နှင့် အတိုးလ် (atolls) ကျွန်း ၅ ခု ပါဝင်သည်။ လူဦးရေ ၁၀,၇၄၂ မျှသာ ရှိသဖြင့် ကမ္ဘာပေါ်တွင် တတိယမြောက် လူဦးရေ အနည်းဆုံးနိုင်ငံ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၁၀ စတုရန်းမိုင် (၂၆ စတုရန်း ကီလီုမီတာ) မျှသာလျှင် ရှိသည်။ တူဗားလူသည် ကမ္ဘာပေါ်တွင် စတုတ္တမြောက် အသေးဆုံးနိုင်ငံ ဖြစ်ပြီး ဗာတီကန်စီးတီးထက် ၀.၄၄ စတုရန်း ကီလိုမီတာ (၀.၁၇ စတုရန်းမိုင်) ၊ မိုနာကိုနိုင်ငံထက် ၁.၉၅ စတုရန်းမီတာ ကီလိုမီတာ (၀.၇၅ စတုရန်းမိုင်)၊ နအူးရူနိုင်ငံ ထက် ၂၁ စတုရန်းမိုင် ကီလိုမီတာ (၈.၁ စတုရန်းမိုင်) မျှသာ ပို၍ ကြီးသည်။

တူဗားလူနိုင်ငံ
Tuvalu
တူဗားလူနိုင်ငံ၏ အလံတော်
အလံတော်
တူဗားလူနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: Tuvalu for the Almighty
နိုင်ငံတော် သီချင်း: Tuvalu for the Almighty
တူဗားလူနိုင်ငံ ၏ တည်နေရာ
မြို့တော်ဖူနာဖူတီမြို့
ရုံးသုံး ဘာသာစကားများတူဗားလူအင်္ဂလိပ်
အမျိုးအစားပါလီမန် ဒီမိုကရေစီနှင့် စည်းမျဉ်းခံ ဘုရင်စနစ်
အစိုးရ
• ဘုရင်
ချားလ်စ် ဝေလမင်းသား
• ဘုရင်ခံချုပ်
Iakoba Italeli
• ဝန်ကြီးချုပ်
Willy Telavi
တည်ထောင်
• လွတ်လပ်ရေး ကြေညာခြင်း
(ယူကေမှ)
အောက်တိုဘာ ၁၊ ၁၉၇၈
ဧရိယာ
• စုစုပေါင်း
၁၀ စတုရန်းမိုင်(၂၆km²) (အဆင့်: ၂၂၆)
• ရေထု (%)
မပြောပလောက်
လူဦးရေ
• ခန့်မှန်း
၁၀,၅၄၄[၁] (အဆင့် - ၂၂၄)
• သိပ်သည်းမှု
၄၇၅.၈၈/km² (၁၁၄၂/sq mi) (အဆင့် - ၂၂)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၃၆ သန်း (အဆင့် - ၂၂၄)
• Per capita
US $၃,၄၀၀ (အဆင့် - ၁၆၄)
ငွေကြေးတူဗာလူဒေါ်လာ
ဩစတြေးလျ ဒေါ်လာ
အချိန်ဇုန်+၁၂
တယ်လီဖုန်းကုဒ်+၆၈၈
Internet TLD.tv

ကိုးကား ပြင်ဆင်ရန်

  1. The World Factbook (CIA)။ 1 July 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 Sept. 2011 တွင် ပြန်စစ်ပြီး။