ကိုဩဒိနိတ်: 43°44′N 7°25′E / 43.733°N 7.417°E / 43.733; 7.417


မိုနာကိုနိုင်ငံ၏ တရားဝင်အမည်မှာ မိုနာကို ပဒေသရာဇ်နိုင်ငံတော်ဖြစ်ပြီး ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း မြေထဲပင်လယ် ကမ်းရိုးတန်းရှိ ပြင်သစ် ရီဗီးရီးယား ဒေသတွင် တည်ရှိသည်။ မိုနာကို နိုင်ငံသည် အရပ်မျက်နှာ ၃ ခုတွင် ပြင်သစ်နိုင်ငံနှင့် ထိစပ်လျက် ရှိသည်။ ၎င်း၏ အလယ်ဗဟိုသည် အီတလီနိုင်ငံမှ ၁၆ ကီလိုမီတာ (၉.၉ မိုင်) ကွာဝေးသည်။ ဧရိယာ စတုရန်း ကီလိုမီတာ ၁.၉၈ (၀.၇၆ စတုရန်းမိုင်) မျှသာ ရှိသော်လည်း ၂၀၁၁ ခုနှစ် လူဦးရေမှာ ၃၅,၉၈၆ ရှိသည်။ လူတစ်ဦး ပျမ်းမျှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၁၅,၁၆၃ ရှိသဖြင့် ကမ္ဘာပေါ်တွင် လူတစ်ဦးချင်း စုစုပေါင်း ဝင်ငွေ အများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ သိပ်သည်းမှု အများဆုံးနိုင်င့လည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူတစ်ဦးချင်း ပျမ်းမျှ သက်တမ်း အရှည်ဆုံး နိုင်ငံဖြစ်ပြီး လူတစ်ဦး၏ ပျမ်းမျှသက်တမ်းမှာ နှစ် ၉၀ မျှ ရှိသည်။ အလုပ်လက်မဲ့ ရာခိုင်နှုန်းမှာလည်း အနည်းဆုံးဖြစ်သည်။ ဟာကျူလီဆိပ်ကမ်းကို တည်ဆောက်ပြီးချိန်တွင် မိုနာကို၏ စုစုပေါင်း ဧရိယာ ၂.၀၅ စတုရန်းကီလိုမီတာ (၀.၇၉ စတုရန်းမိုင်) ဖြစ်လာခဲ့သည်။ မြေထဲပင်လယ်တွင် မြေဖို့၍ မြေနေရာ အသစ်ကို ရယူခြင်း ဖြစ်သည်။

မိုနာကို ပဒေသရာဇ်နိုင်ငံတော်
Principauté de Monaco (ပြင်သစ်)
Principatu de Mùnegu (Ligurian)
မိုနာကိုနိုင်ငံ၏ အလံတော်
အလံတော်
မိုနာကိုနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: Deo Juvante  (လက်တင်)
(အင်္ဂလိပ်: "With God's Help")
မြန်မာ: "ဘုရားသခင်၏ ကူညီစောင်မမှုဖြင့်"
နိုင်ငံတော် သီချင်း: Hymne Monégasque
(အင်္ဂလိပ်: "Hymn of Monaco")
 မိုနာကိုနိုင်ငံ၏ တည်နေရာ  (green) ဥရောပတိုက်အတွင်း  (green & dark grey)
 မိုနာကိုနိုင်ငံ၏ တည်နေရာ  (green)

ဥရောပတိုက်အတွင်း  (green & dark grey)

မြို့တော်မိုနာကိုမြို့(မြို့ပြနိုင်ငံ)
43°44′N 7°25′E / 43.733°N 7.417°E / 43.733; 7.417
အကြီးဆုံးရပ်ကွက်မွန်တေ ကားလို့
ရုံးသုံး ဘာသာစကားများပြင်သစ်[၁]
အများသုံးဘာသာစကားများ
လူမျိုးစု
ကိုးကွယ်မှု၈၆.၀% ခရစ်ယာန်ဘာသာ

—၈၀.၉% ရိုမန် ကက်သလစ် (တရားဝင်)[၂]
—၅.၁% အခြားခရစ်ယာန်ဘာသာ
၁၁.၇% ဘာသာမဲ့
၁.၇% ဂျူး

၀.၆% အခြား[၃]
Demonym
  • Monégasque
  • Monacan[c]
အစိုးရပြည်ထောင်စု စည်းမျဉ်းခံဘုရင်စနစ်
ဒုတိယ အဲဘတ်မင်းသား
Pierre Dartout
ဥပဒေပြုလွှတ်တော်နိုင်ငံတော်ကောင်စီ
လွတ်လပ်ရေးရခြင်း
• ဂရီမာလ်ဒီ အိမ်တော် (ဂျီနိုအာနိုင်ငံ၏ အချုပ်အခြာအာဏာအောက်)
၁၂၉၇ ခုနှစ် ဇန်နဝါရီလ ၈ ရက်
၁၈၁၄ ခုနှစ် မေလ ၁၇ ရက်
• ဆဋ္ဌမ မဟာမိတ်အဖွဲ့၏ သိမ်းပိုက်ခြင်းမှ
၁၈၁၄ ခုနှစ် ဇွန်လ ၁၇ ရက်
၁၈၆၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်
၁၉၁၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်
ဧရိယာ
• စုစုပေါင်း
၂.၀၂ km2 (၀.၇၈ sq mi) (အဆင့်: ၁၉၃)
• ရေထု (%)
မပြောပလောက်[၄]
လူဦးရေ
• ၂၀၁၉ ခန့်မှန်း
Steady ၃၈,၃၀၀[၅] (အဆင့် - ၁၉၀)
• ၂၀၁၆ သန်းခေါင်စာရင်း
၃၇,၃၀၈[၆]
• သိပ်သည်းမှု
၁၈,၇၁၃/km2 (၄၈,၄၆၆.၄/sq mi) (အဆင့် - )
GDP (PPP)၂၀၁၅ ခန့်မှန်း
• စုစုပေါင်း
Increase $၇.၆၇၂ ဘီလီယံ (၂၀၁၅ ခန့်မှန်း)[၇] (အဆင့် - ၁၅၈)
• Per capita
Increase $၁၁၅,၇၀၀ (၂၀၁၅ ခန့်မှန်း)[၇] (အဆင့် - )
GDP (nominal)၂၀၁၈[b] ခန့်မှန်း
• စုစုပေါင်း
Increase $၇.၁၈၅ ဘီလီယံ[၈] (အဆင့် - ၁၄၅)
• Per capita
Increase $၁၈၅,၇၄၁[၉] (အဆင့် - )
ငွေကြေးယူရို () (EUR)
အချိန်ဇုန်CET (UTC+1)
• နွေရာသီ (DST)
CEST (UTC+2)
ယာဉ်ကြောစနစ်right[၁၀]
တယ်လီဖုန်းကုဒ်+၃၇၇
Internet TLD.mc
  1. ^ Government offices are however, located in the Quartier of Monaco-Ville.
  2. ^ GDP per capita calculations include non-resident workers from France and Italy.
  3. ^ Monacan is the term for residents.

တည်နေရာ နှင့် အကျယ်အဝန်း ပြင်ဆင်ရန်

ပုပ်ရဟန်းမင်းကြီးနေထိုင်သော ဗာတီကင်နန်းမြို့မှလွဲလျှင် မိုနာကိုနိုင်ငံသည် ဥရောပတိုက်ရှိ လွတ်လပ်သော နိုင်ငံ တို့တွင် အငယ်ဆုံးနိုင်ငံ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၃၆၈ ဧကမျှသာ ရှိ၍ လူဦးရေ ခန့်မှန်းခြေ ၂ဝ၄၄၁ (၁၉၆၁) ရှိသည်။ မိုနာကိုနိုင်ငံသည် မြေထဲပင်လယ်ကမ်းခြေတွင် ပြင်သစ်နိုင်ငံနှင့် အီတလီနိုင်ငံတို့ နယ်နိမိတ်ချင်းစပ်ရာ ဒေသ အနီး၌ တည်ရှိ၍ မိုနာကို နယ်စားမင်းသား တတိယရေနယာ က အုပ်ချုပ်သည်။

စီးပွားရေး ပြင်ဆင်ရန်

မိုနာကိုနိုင်ငံသည် ကမ္ဘာကျော် လောင်းတမ်းကစားဝိုင်းများ ရှိသော မွန်တီကာလိုမြို့ကြောင့် ထင်ရှားလေသည်။ နှစ်စဉ် နိုင်ငံခြားမှ ဧည့်သည့်ပေါင်းမြောက်မြားစွာ မိုနာကိုနိုင်ငံသို့ အပန်းဖြေ လာရောက်လည်ပတ်လေ့ရှိကြ၏။ မိုနာကိုမှ ပြင်သစ်နိုင်ငံရှိ နီးစ်မြို့သို့ ခေတ်မီ မော်တော်ကား လမ်းကောင်း ဖောက်လုပ်ထားသည်။ မိုနာကိုနိုင်ငံတွင် ရေငန် သက်ရှိလောကနှင့်ဆိုင်သော နာမည်ကျော် ပြတိုက်ရှိ၏။

မိုနာကိုနိုင်ငံရှိ မြို့များသည် မြေထဲပင်လယ်ကို မျက်နှာမူ လျက် တောင်ကုန်းပေါ်တွင် တည်ရှိသဖြင့် အလွန်သာယာ ပေသည်။ မြို့တော်မှာ မိုနာကိုမြို့ဖြစ်၍ လူဦးရေ ၂ဝဝဝ ခန့် ရှိသည်။ ကျန်မြို့နှစ်မြို့မှာ လာကွန်ဒါမင်းမြို့နှင့် မွန်တီကာလို မြို့များဖြစ်သည်။ မိုနာကို နိုင်ငံသားတို့သည် များသောအား ဖြင့် ဟိုတယ်နှင့် စားသောက်ဆိုင်တို့၌ လုပ်ကိုင်ကြသည်။

မိုနာကိုနိုင်ငံသည် ကစားဝိုင်းများမှ ဝင်ငွေအမြောက်အမြား ရရှိလေသည်။ နိုင်ငံသားများကိုမူ ထိုကစားဝိုင်းများ၌ ဝင်ရောက်ကစားခွင့် မပြုချေ။

သမိုင်းကြောင်း ပြင်ဆင်ရန်

ရောမ သာသနာစောင့်နိုင်ငံကို တည်ထော်သူ ဧကရာဇ်ဘုရင် ပထမ အော့တိုသည် မိုနာကိုနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့၍ ၁၂၉၇ ခုနှစ်မှစ၍ မိုနာကိုသည် ဂျီနိုအာမင်းဆက် လက်အောက်သို့ ရောက်ရှိ ခဲ့သည်။ ၁၈၁၅ ခုနှစ်တွင် ဆာဒင်းနီးယားနိုင်ငံ၏ စောင့်ရှောက်ခံနယ်အဖြစ်လည်းကောင်း၊ ၁၈၆၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ စောင့်ရှောက်ခံနယ်အဖြစ် လည်းကောင်း တည်ရှိခဲ့သည်။ ယခုအခါ မိုနာကိုနိုင်ငံကို ၁၉၁၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ နယ်စား မင်းသားက အုပ်ချုပ်လျက်ရှိသည်။ ဒုတိယ ကမ္ဘာစစ် အတွင်း က ဂျာမန်စစ်တပ်များသည် မိုနာကိုနိုင်ငံကို သိမ်းပိုက်ခဲ့ကြ သည်။ မင်းသား ဒုတိယလူဝီသည် မိုနာကိုနိုင်ငံကို ၁၉၂၂ ခုနှစ်မှ ၁၉၄၉ ခုနှစ်အထိ အုပ်ချုပ်သည်။ လူဝီမင်းသားက ကွယ်လွန်ပြီးနောက် မြေးတော် တတိယ ရေနယာမင်းသားက မိုနာကိုနိုင်ငံကို ဆက်လက်၍ အုပ်ချုပ်လျက်ရှိ၏။

အုပ်ချုပ်ရေး ပြင်ဆင်ရန်

ဥပဒေပြု ရေး အာဏာသည် နယ်စားမင်းသားနှင့် အဖွဲ့ဝင် ၁၈ ဦး ပါဝင်သော အမျိုးသားကောင်စီ၌ တည်ရှိလေသည်။ လူထုက ထိုအမျိုးသားကောင်စီအဖွဲ့ဝင်များကို လေးနှစ်တစ်ကြိမ် ရွေးကောက်တင်မြောက်ကြရသည်။[၁၁]

ကိုးကာ ပြင်ဆင်ရန်

  1. Constitution de la Principauté။ Council of Government (Monaco)။ 22 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2021 တွင် ပြန်စစ်ပြီး။
  2. Constitution de la Principaute at the Wayback Machine (archived 27 September 2011) (French): Art. 9., Principaute De Monaco: Ministère d'Etat (archived from the original on 27 September 2011).
  3. The Global Religious Landscape။ Pewforum.org။ 25 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2021 တွင် ပြန်စစ်ပြီး။
  4. Monaco en Chiffres။ 15 November 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2021 တွင် ပြန်စစ်ပြီး။, Principauté de Monaco. Retrieved 7 June 2010.
  5. Population on 1 January and is one of the smallest country. It is 2nd most smallest country.။ Eurostat။ 4 February 2020 တွင် ပြန်စစ်ပြီး။
  6. Recensement de la Population 2016 (in fr)။ Institut Monégasque de la Statistique et des Études Économiques (IMSEE) (February 2018)။ 10 February 2020 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ EUROPE :: MONACO။ Central Intelligence Agency။ 4 February 2020 တွင် ပြန်စစ်ပြီး။
  8. GDP (current US$) - Monacoကမ္ဘာ့ဘဏ်။ 4 February 2020 တွင် ပြန်စစ်ပြီး။
  9. GDP per capita (current US$) - Monacoကမ္ဘာ့ဘဏ်။ 4 February 2020 တွင် ပြန်စစ်ပြီး။
  10. What side of the road do people drive on?။ Whatsideoftheroad.com။ 13 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 May 2012 တွင် ပြန်စစ်ပြီး။
  11. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)

ပြင်ပလင့်များ ပြင်ဆင်ရန်

Government
ယေဘုယျအချက်လက်


ခရီးသွား
အလုပ်
အခြား