တောဆိတ်
(အင်္ဂလိပ်: Wild goat)
Temporal range: 2.58–0 Ma
Pleistocene - Recent
Bezoarziege.jpg
Bezoar ibex, Capra aegagrus aegagrus
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
Clade: Synapsida
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
မျိုးရင်း: Bovidae
မျိုးရင်းသေး: Caprinae
မျိုးဇာတ်: Caprini
မျိုးစု: Capra
မျိုးစိတ်:
C. aegagrus
ဒွိနာမ
Capra aegagrus
Erxleben, 1777
မျိုးစိတ်ခွဲ

Capra aegagrus aegagrus
Capra aegagrus blythi
Capra aegagrus chialtanensis
Capra aegagrus turcmenica

တောဆိတ် (အင်္ဂလိပ်: Wild goat) တို့သည် ဆိတ်နှင့် နွားများပါဝင်သည့် ‘ဗိုဗီဒီး (Bovidae)’ မျိုးရင်းဝင် နို့တိုက်သတ္တဝါ များဖြစ်ကြသည်။ ‌တောဆိတ်များ၌ သမင်မျိုးမှာကဲ့သို့ ခွာကွဲများနှင့် ဦးချိုများရှိသည်။ သို့‌သော် ‌တောဆိတ်၏ ဦးချိုသည် သမင်မျိုး၏ ဦးချိုများကဲ့သို့ ‌ခေါင်းပိတ်မဟုတ်ဘဲ ကျွဲ နွားသိုးနှင့် ဆိတ်တို့၏ ဦးချိုကဲ့သို့ ‌ခေါင်းပွဖြစ်သည်။ ‌တောဆိတ်သည် စားမြုံ့ပြန်သည်။ သမင်မျိုးကဲ့သို့ ဦးချိုလည်းမလဲ‌ချေ။ ‌မွေးစက‌ ပေါက်လာ‌သော ဦးချိုသည် အသက်ထက်ဆုံး ကြီးရင့်၍တည်‌လေသည်။ အဖိုတွင်‌ရော အမတွင်ပါ ဦးချို‌ပေါက်သည်။ ‌တောဆိတ်၏ဦးချိုသည် သမင်မျိုး၏ဦးချိုကဲ့သို့ ခွလျက်လည်းမရှိ‌ချေ။ ‌ဖြောင့်၍ ချွန်လျက်‌သော် ၎င်း၊ ဝက်အူရစ်ကဲ့သို့‌သော်လည်းကောင်း၊ ‌နောက်ဘက်သို့ ‌ကောက်လျက် ‌သော်လည်းကောင်း၊ ပန်းဆွဲပန်း‌တောင်ကဲ့သို့ အထက်သို့ညီညာစွာတက်၍ ‌ကောက်လျက်‌သော်လည်းကောင်း ရှိတတ်သည်။ များစွာ‌သော ‌တောဆိတ်၏ ဦးချိုတွင် ကွင်းပုံများရှိတတ်သည်။

တောဆိတ်အဖိုကို သူတို့၏ချိုများကိုကြည့်ခြင်းဖြင့် သိနိုင်ပြီး ထိုချိုများမှာ သမင်ချိုတို့ကဲ့သို့ တစ်နှစ်တစ်ခါလဲခြင်းမျိုးမဟုတ်ပဲ အမြဲတမ်းရှိနေခြင်းဖြစ်ကာ တစ်ခါတစ်ရံတွင် ဝင့်ကြွားသော မျဉ်းကွေးသဏ္ဌန် သို့မဟုတ် လိမ်ရှုပ်နေသော သဏ္ဌန်ရှိတတ်သည်။

Capra aegagrus (Chèvre sauvage) - 62.jpg

ကမ္ဘာ‌ဟောင်းတွင် ‌တောဆိတ်အမျိုးကွဲ‌ပေါင်း ၁၀⁠၀ ‌ကျော်မျှ ရှိသည်။ ထိုအနက် အနည်းဆုံး အမျိုး‌ပေါင်း ၉၀ သည် အာဖရိကတိုက်တွင် မူရင်း‌ဒေသအဖြစ် ‌နေထိုင်ကြသည်။ ထို‌တောဆိတ်မျိုး အားလုံးလိုလိုသည် လွင်ပြင်များတွင်‌ နေကြသည်။ ‌တောဆိတ်တို့သည် ခြင်္သေ့ကျားသစ်နှင့် ‌တောလိုက်ခွေးများလိုက်လျှင် အလွန်လျင်မြန်စွာ ‌ပြေးလွှားနိုင်ကြသည်။ ယင်းတို့၏ ကိုယ်ကိုကာကွယ်ရန်အတွက်လည်း ဦးချိုမှလွဲ၍ အခြားမည်သည့်အရာမျှ မရှိ‌ချေ။ လျင်မြန်စွာ ‌ပြေးနိုင်‌သော ‌ကြောင့်သာလျှင် သားရဲတို့‌ဘေးမှ လွတ်‌မြောက်နိုင် ကြ‌ပေသည်။

အလွန်သေးငယ်သော တော်ဝင်ဒရယ်ငယ် မှသည် နွားသိုးနှင့်တူသော အီလန်တောဆိတ် (Elands) အထိ အမျိုးမျိုး ရှိကြသည်။ ‌[၂]တောဆိတ်မျိုးစိတ်ပေါင်း ၉၁မျိုး ရှိပြီး ယင်းအနက် အများစုကို အာဖရိကတိုက်တွင် တွေ့ရသည်။


ကိုးကားပြင်ဆင်

  1. "Capra aegagrus" (2020). IUCN Red List of Threatened Species 2020. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)