ထန်းစေ့မှုတ်လည်နက်
Black-necked grebe | |
---|---|
Subspecies nigricollis, adult breeding plumage | |
Subspecies nigricollis, adult non-breeding plumage | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Podicipediformes |
မျိုးရင်း: | Podicipedidae |
မျိုးစု: | Podiceps |
မျိုးစိတ်: | P. nigricollis
|
ဒွိနာမ | |
Podiceps nigricollis Brehm, 1831
| |
Range of P. nigricollis Breeding Resident Passage Non-breeding |
ထန်းစေ့မှုတ်လည်နက် (Podiceps nigricollis) သည် ထန်းစေ့မှုတ်ငှက်မျိုးနွယ် ငှက်ဖြစ်ပြီး အင်းဆက်များကို အဓိက စားသုံးကြသည်။ ကန်ရေပြင်များတွင် အသိုက်ဆောက်လေ့ရှိပြီး သားပေါက်ရာသီတွင် ဥ ၁ လုံးမှ တခါတရံ ၃-၄ လုံးအထိ ဥလေ့ရှိသည်။ ရက်ပေါင်း ၂၁ ရက်ကြာသောအခါ သားပေါက်ကြပြီး ၁၀ ရက်ခန့်ကြာပါက မိခင်နှင့် သားပေါက်ကလေးများ ခွဲကြသည်။ သားပေါက်ကလေးသည် ရက်သတ္တပတ် ၃ ပတ်ခန့်ကြာသော် အတောင်စုံကြသည်။
ထန်းစေ့မှုတ်လည်နက်ငှက်များသည် ပျံသန်းခြင်းကို ပုံမှန်အားဖြင့် ရှောင်ရှားကြသော်လည်း ဆောင်းခိုကာလတွင် ၆,၀၀၀ ကီလိုမီတာ (၃,၇၀၀ မိုင်) အထိ ပျံသန်းသွားလာကြသည်။ လိုရာခရီးသို့ရောက်ပြီးပါက အစာရေစာ ဝလင်စွာ စားသောက်ရသောကြောင့် ၂ လခန့်အထိ မပျံသန်းတတ်ကြတော့ပေ။ ယင်းအချိန်တွင် ကိုယ်အလေးချိန် ၂ ဆခန့် ရောက်ရှိကြသည်။ ယင်းဆောင်းခိုကာလသည် အန္တရာယ်များပြီး တခါတရံ ထောင်ချီသော ထန်းစေ့မှုတ်လည်နက်ငှက်များ သေဆုံးကြရသည်။ နိုင်ငံတကာသဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအသင်းက ယင်းငှက်အား မျိုးသုဉ်းအန္တရာယ် အနည်းဆုံးစိုးရိမ်ရသောငှက်မျိုးစိတ်အဖြစ် သတ်မှတ်ထားသည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ယင်းငှက်ကို မတ်လ ၁၅ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[၂] ထန်းစေ့မှုတ်လည်နက်ငှက်များကို အာဖရိကတိုက်၊ ယူရေးရှားနှင့် အမေရိကတိုက်များတွင် တွေ့ရှိရသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ BirdLife International (2018). "Podiceps nigricollis". The IUCN Red List of Threatened Species 2018. IUCN.
- ↑ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ (PDF)။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာအမှတ် ၆၉၀/၂၀၂၀၊ (၁၈-၂-၂၀၂၁)။ 18 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 October 2021 တွင် ပြန်စစ်ပြီး။
ဤ ငှက်နှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |