ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) (အတိုကောက် ဒကစ(ကလေး)) သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲအောက်တွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် အခြေစိုက်သည်။ ဒကစ(ကလေး)၏ အဓိကတာဝန်မှာ နမခ ကွပ်ကဲမှုအောက်ရှိ ဝေးလံသောဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်ရန်၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံ နှင့်ထိစပ်နေသော နယ်နိမိတ်မျဉ်းရှိသဖြင့် မဟာဗျူဟာအရ အရေးပါသည့်ဒေသကို ထိန်းချုပ်ရန်၊ နယ်မြေအတွင်းရှိ လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စစ်ရုံးမှ အထက်ဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ လက်ရှိ ဒကစ(ကလေး)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်အောင်နိုင်ဦး (ကြည်း - ၂၅၉၀၅) ဖြစ်သည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) | |
---|---|
ဒကစ(ကလေး) | |
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | ဒေသကွပ်ကဲမှုစစ်ဌာနချုပ် |
အစိတ်အပိုင်း | အနောက်မြောက်တိုင်းစစ်ဌာနချုပ် |
စစ်ဌာနချုပ် အခြေစိုက် | ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး |
အုပ်ချုပ်သူများ | |
ဒေသကွပ်ကဲရေးမှူး | ဗိုလ်မှူးချုပ် အောင်နိုင်ဦး |
ဒုတိယ ဒေသကွပ်ကဲရေးမှူး | ဗိုလ်မှူးကြီး |
အဆောင်အယောင်များ | |
အလံတော် |
သမိုင်း
ပြင်ဆင်ရန်အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ဝေးလံသောဒေသများကို ကွပ်ကဲနိုင်ရန် နှင့် အိန္ဒိယနိုင်ငံ နှင့် ထိစပ်နေသဖြင့် မဟာဗျူဟာအရ အရေးပါသည့်ဒေသကို ထိန်းချုပ်နိုင်ရန်အလို့ငှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် လက်အောက်ခံ တပ်ရင်း (၄) ရင်းသာရှိသော်လည်း ကွပ်ကဲမှု နယ်မြေအတွင်းရှိ လက်ရုံး/ဝန်ထမ်းတပ်ရင်း/တပ်ဖွဲ့များ၊ နမခ လက်အောက်ခံ အခြေချ စစ်ဗျူဟာအဖွဲ့(ခန္တီး) နှင့် လက်အောက်ခံတပ်များ၊ စကခ(၁၀) နှင့် လက်အောက်ခံတပ်များကိုပါ အုပ်ချုပ်ကွပ်ကဲရသည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး
ပြင်ဆင်ရန်- ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးရုံး
- ဒုတိယဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးရုံး
- စစ်ဦးစီးမှူး(ပထမတန်း) ရုံး
- စစ်ဦးစီးမှူး(ဒုတိယတန်း) ရုံး
- ဦးစီးအရာရှိ(ဒုတိယတန်း) (စစ်ရေးဌာန) ရုံး
- ဦးစီးအရာရှိ(ဒုတိယတန်း) (စစ်ထောက်ဌာန) ရုံး
- အုပ်ချုပ်မှုတပ်ခွဲရုံး
ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ
ပြင်ဆင်ရန်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၏ တိုက်ရိုက်ကွပ်ကဲလက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
ဒကစ(ကလေး)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး တာဝန်ထမ်းဆောင်ခဲ့သူများ
ပြင်ဆင်ရန်ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
- ဗိုလ်မှူးချုပ် သန့်ဇင်ဦး[၁]