နတ်-ဗြဟ္မာ-တို့ကို သက်သေအဖြစ်ဖြင့် အာရုံပြု၍-အဖန် တလဲလဲ-ဖြစ်သော အောက်မေ့မှု “သတိ[]။ (သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ ဂုဏ်တို့နှင့် ပြည့်စုံကြသူတို့သည် ဤလူ့ပြည်မှ စုတေကြသည့်အခါ နတ်ပြည်, ဗြဟ္မာ့ပြည်၌ နတ်, ဗြဟ္မာ ဖြစ်၍ ငြိမ်းချမ်းစွာ နေထိုင်ကြရပေသည်။ ငါ့မှာလည်း ထိုကဲ့သို့ သဒ္ဓါ-စသော ဂုဏ်တွေ အပြည့်အစုံ ရှိပေပြီ-ဟု နတ်, ဗြဟ္မာများ၏ သဒ္ဓါ-စသည်တို့ အကျိုးပေးဟန်ကို သက်သေခံထား၍ မိမိ၏ သဒ္ဓါ-စသော အကျင့် ဂုဏ်တို့ကိုပင် ဆင်ခြင်အောက်မေ့ကာ ပီတိဖြင့် မွေ့လျော်ခြင်းသည် “ဒေဝတာနုဿတိ” မည်၏။) [][]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. ဒေဝတာနုဿတိ (ထီ) [ဒေဝတာ+အနုဿတိ]
  2. ဒေဝတာ အာရဗ္ဘ ဥပ္ပန္နာ အနုဿတိ ဒေဝတာနုဿတိ၊ ဒေဝတာ သက္ခိဋ္ဌာနေ ဌပေတွာ အတ္တနော သဒ္ဓါဒိဂုဏာရမ္မဏာယ သတိယာ ဧတံ အဓိဝစနံ။ အံ၊ဋ္ဌ၊၁၊၃၆၈။ ပဋိသံ၊ဋ္ဌ၊၁၊၂၁၄။ ဝိသုဒ္ဓိ၊၁၊၁၉၁။ (အံ၊၂၊၂၅၁၊ ၃၉၃။ အဘိ၊က၊၁၂၂။ ဒီ၊ဋ္ဌ၊၂၊၃၇၂။ မ၊ဋ္ဌ၊၁၊၃၀၀။ သံ၊ဋ္ဌ၊၃၊၁၉၈၊ အဘိ၊ဋ္ဌ၊၁၊၁၁၇။ အဘိ၊ဋ္ဌ၊၂၊၂၆၉။ ပဋိသံ၊ဋ္ဌ၊၁၊၁၁၈။ ဝိသုဒ္ဓိ၊၁၊၁၀၇၊ ၂၁၉။ သာရတ္ထ၊၂၊၂၀၃၊ ၂၂၈။)
  3. တိပိဋကအဘိဓာန် အတွဲ-၁၀