ဒေါက်လောက်ရွာ၊ ရေဖြူမြို့နယ်
ဒေါက်လောက်ရွာ (အင်္ဂလိပ်: Dauk Lauk)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု၌ တည်ရှိသည်။[၁] ဒေါက်လောက်ရွာသည် ထား၀ယ်ရေနက်ဆိပ်ကမ်းစီမံကိန်းပြုလုပ်မည့် နဘုလယ်ရွာနှင့် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ပူနန်ရွန်ရွာကို ဆက်သွယ်ထားသောလမ်းမကြီးနှင့် ထား၀ယ်-ရန်ကုန်အဝးပြေးလမ်းမကြီးတို့ ဆုံရာတွင် တည်ရှိသော အချက်အချာကျသည့် ရွာတစ်ရွာဖြစ်သည်။စာရေးဆရာကြီး ရွှေ၀ယ်ဧ ၏ ထား၀ယ်ရာဇ၀င်သမိုင်းတွင် ထည့်သွင်းဖော်ပြခြင်းခံရသော မုဆိုးမောင်နွား၏ ကျော့ကွင်းမှ ဘုရားလောင်းဥဒေါင်းမင်း လွတ်မြောက်ရာကိုအစွဲပြု၍ ဒေါင်းလွတ်ရွာမှ ကာလရွေ့လျားလာကာ ဒေါက်လာက်ရွာဟုခါ်ဆိုလာကြသည်ဟူ၍လည်း ဆိုသည်။[ကိုးကားချက်လိုသည်] ဒေါက်လောက်ရွာ၏ အဓိကစီးပွားရးလုပ်ငန်းများမှာ ရာဘာစိုက်ပျိုးရေး၊ ကွမ်းသီးစိုက်ပျိုးရေးတို့ဖြစ်သည်။ ရွာ၏အိမ်ထောင်စုမှာ ၈၀ ခန့် ရှိလေသည်။
ဒေါက်လောက် | |
---|---|
ရွာ | |
ဒေါက်လောက်ရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 14°17′19″N 98°11′53″E / 14.2886896133423°N 98.1979293823242°Eကိုဩဒိနိတ်: 14°17′19″N 98°11′53″E / 14.2886896133423°N 98.1979293823242°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | တနင်္သာရီတိုင်းဒေသကြီး |
ခရိုင် | ထားဝယ်ခရိုင် |
မြို့နယ် | ရေဖြူမြို့နယ် |
ကျေးရွာအုပ်စု | တလိုင်းယာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကိုးကား
ပြင်ဆင်ရန်
ဤ တနင်္သာရီတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |