နန်းယွန်းမြို့
(နန်းယွန်း မှ ပြန်ညွှန်းထားသည်)
နန်းယွန်းမြို့ သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ ဖြစ်သည်။[၂]
နန်းယွန်းမြို့ | |
---|---|
မြို့ | |
နန်းယွန်းမြို့တည်နေရာ | |
ကိုဩဒိနိတ်: 26°58′50″N 96°10′5″E / 26.98056°N 96.16806°Eကိုဩဒိနိတ်: 26°58′50″N 96°10′5″E / 26.98056°N 96.16806°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်းတိုင်းဒေသကြီး |
ခရိုင် | နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ |
မြို့နယ် | နန်းယွန်းမြို့နယ် |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၂,၄၄၄[၁] |
အချိန်ဇုန် | MST (UTC+6.30) |
နန်းယွန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၏ မြောက်ဘက်စွန်း မြို့နယ် တခု ဖြစ်သည်။ ၁၉၄၆ က နန်းယွန်းတွင် ဦးဆွမ်ဘောကို တောင်အုပ်အဖြစ် ခန့်ထားသည်။ ၁၃ နိုဝင်ဘာ ၁၉၅၄ တွင် နန်းယွန်းတောင်အုပ် ဦးဆွမ်ဘောသည် ဟူးကောင်း၌ ကွယ်လွန်သောအခါ နန်းယွန်းကို ကားမိုင်းနယ်၏ လကအောက်ခံ အဖြစ် ထားရှိသည်။ ထိုစဉ် ဝိုင်းဝန်းကန့်ကွက်ကြ၍ စစ်ကိုင်းတိုင်းအတွင်း ပါဝင်သွားသည်။
နန်းယွန်းသည် နာဂတိုင်းရင်းသားများ နေထိုင်ရာဒေသ ဖြစ်ပြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ထားသည်။ ၁၄-၁၆ ဇန်နဝါရီ ၂၀၁၀ တွင် ခန္တီးခရိုင်၊ နန်းယွန်းမြို့၌ နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပသည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
- ↑ "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
- ↑ တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၈၉။
ဤ မြန်မာနိုင်ငံ ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |