နယ်(လ်)ဆင် ရော်လီလှာလှာ မန်ဒဲလား (Nelson Rolihlahla Mandela) (Xhosa (ဟိုဆာ) အသံထွက်- xoˈliɬaɬa manˈdeːla;) (၁၉၁၈ ဇူလိုင်လ ၁၈ ရက် - ၂၀၁၃ ဒီဇင်ဘာလ ၅ ရက်) သည် တောင်အာဖရိကနိုင်ငံ၏ သမ္မတအဖြစ် ၁၉၉၄ မှ ၁၉၉၉ အထိ တာဝန်ထမ်းဆောင်ခဲ့သည်သာမက တောင်အာဖရိကနိုင်ငံ၏ ဒီမိုကရေစီစနစ်ဖြင့် အပြည့်အဝ ရွေးချယ်ခြင်းခံရသော အာဖရိကနိုင်ငံ၏ ပထမဆုံးသောသမ္မတလည်း ဖြစ်သည်။[၁] သမ္မတမဖြစ်မီက မန်ဒဲလားသည် အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေးကို တက်ကြွစွာ လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်ပြီး Umkhonto we Sizwe (အမ်ကွန်တိုဝီဆွဒ်)၊ African National Congress (ANC) အာဖရိကန်နေရှင်နယ်ကွန်ဂရက်၏ လက်ရုံးတစ်ဆူလည်းဖြစ်သည်။ နိုင်ငံရေးအရ နှောက်ယှက်မှုနှင့် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်လှုပ်ရှားစဉ်က ကျူးလွန်ခဲ့သော အပြစ်များအတွက် South African courts (တောင်အာဖရိကတရားရုံး) မှအပြစ်အနေဖြင့် ထောင်ဒဏ် ၂၇ နှစ်ကို Robben Island (ရော့ဘင်ကျွန်း) ၌ကျခံရန် ချမှတ်ခဲ့သည်။ ၁၉၉၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထောင်မှပြန်လည်လွတ်မြောက်လာပြီး တောင်အာဖရိကနိုင်ငံ၏ ဒီမိုကရေစီအတွက် အပြောင်းအလဲ ဖြစ်ပေါ်ရန်အတွက် စေ့စပ်ဆွေးနွေးခြင်းနှင့် ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြန်သည်။[၂]

နယ်(လ်)ဆင် ရော်လီလှာလှာ မန်ဒဲလား
(Nelson Rolihlahla Mandela)
နယ်(လ်)ဆင် ရော်လီလှာလှာ မန်ဒဲလား (Nelson Rolihlahla Mandela)
Nelson Mandela
အမည်ရင်း Rolihlahla Mandela
မွေးသက္ကရာဇ် ၁၈ဇူလိုင်၁၉၁၈

ကွယ်လွန် ၅၊ ဒီဇင်ဘာ၊ ၂၀၁၃
နိုင်ငံသား တောင်အာဖရိကနိုင်ငံ
လူမျိုး အာဖရိကန် လူမျိုး
အလုပ်အကိုင် တောင်အာဖရိကနိုင်ငံ ၏ ပထမဆုံးသော သမ္မတ
မွေးရပ်ဇာတိ Mvezo တောင်အာဖရိကနိုင်ငံ
လက်မှတ် Nelson Mandela Signature.svg

မန်ဒဲလားနေ့သတ်မှတ်ပုံပြင်ဆင်

လူမျိုးရေးခွဲခြားမှု ပြီးဆုံးသည်မှစ၍ လူအများက မန်ဒဲလားအား ချီးကျူးမှုပြုလာကြသည်။ အဆိုပါ ချီးကျူးသူ များထဲတွင် ယခင်အတိုက်အခံဖြစ်ခဲ့သူများပါ ပါဝင်လာသည်။ တောင်အာဖရိကနိုင်ငံတွင် မန်ဒဲလားဟူသော အမည်အား Madiba (မက်ဒီဘာ) အဖြစ်သိကြသည်။ ထိုအမည်မှာ မန်ဒဲလားတို့ လူမျိုးစုအကြီးအကဲများက ရယူထားသော ဂုဏ်ပုဒ်တစ်ခုလည်း ဖြစ်သည့်အပြင် မန်ဒဲလားနှင့်လည်း အလွန်လိုက်ဖက်မှုရှိသော အမည်နာမတစ်ခုလည်း ဖြစ်သည်။[၃][၄]

မန်ဒဲလားသည် ဆယ်စုနှစ်လေးစုကျော်အတွင်း ဆုအရေအတွက်ပေါင်း ၂၅၀ ကျော်ရရှိခဲ့သည်။ ၎င်းဆုများအနက် ၁၉၉၃ တွင်ရရှိခဲ့သော Nobel Peace Prize (ငြိမ်းချမ်းရေး နိုဘယ်ဆု)မှာ အထင်ရှားဆုံးဖြစ်သည်။ ၂၀၀၉ ခုနှုစ်၊ နိုဝင်ဘာလတွင် United Nations General Assembly (ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ) မှမန်ဒဲလား၏မွေးနေ့ဖြစ်သော ဇူလိုင် ၁၈ ရက်နေ့ကို 'Mandela Day' 'မန်ဒဲလားနေ့' ဟုသတ်မှတ်ပြီး ကမ္ဘာကြီးသို့ လွတ်မြောက်မှုအရသာကို မျှဝေပေးနိုင်သူအဖြစ် မှတ်တမ်းတင်ခဲ့သည်။[၅][၆]

နိုင်ငံရေးလှုပ်ရှားမှုပြင်ဆင်

၁၉၄၈ ခုနှစ်၊ ရွေးကောက်ပွဲအနိုင်ရပြီးနောက် Afrikaner (အာဖရိကနိုင်ငံသားများ) ကြီးစိုးသော National Party (အမျိုးသားပါတီ) ဟုအမည်ရသည့်အဖွဲ့ကို တည်ထောင်ခဲ့သည်။ ထိုပါတီသည် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးပေါ်လစီအား ထောက်ခံသောပါတီဖြစ်သည်။ ထိုအချိန်တွင် မန်ဒဲလားသည် နိုင်ငံရေး၌ တက်ကြွစွာ စတင်လှုပ်ရှားခဲ့သည်။ သူသည် ANC၏ ၁၉၅၂ ခုနှစ် Defiance Campaign (အာဏာဖီဆန်သောတိုက်ခိုက်မှု) တွင်ပါဝင်ခဲ့ပြန်သည်။ ၁၉၅၅ ခုနှစ် Congress of the People (လူထုကွန်ဂရက်)၏ Freedom Charter (လွတ်လပ်မှုစာချုပ်) စာတမ်းတွင် လူမျိုးရေးခွဲခြားမှုဖြစ်ရသည့် အချက်အလက်များကို ဖော်ပြထားသည်။ ထိုအချိန်အတောအတွင်း မန်ဒဲလားနှင့်ရှေ့နေ Oliver Tambo (အိုလီဗာတန်ဘို) တို့ဖွဲ့စည်းသော Mandela and Tambo (မန်ဒဲလားနှင့် တန်ဘို) အဖွဲ့မှ လူမည်းများအတွက် ရှေ့နေငှားရန် ကိစ္စတို့တွင် အခမဲ့ရှေ့နေလိုက်ပေးခြင်း သို့မဟုတ် သက်သာသောနှုန်းဖြင့် ရှေ့နေလိုက်ပေးခြင်းတို့ ပြုလုပ်ကြပြန်သည်။ Mahatma Gandhi (မဟတ္တမဂန္ဒီ) ၏လမ်းစဉ်ကို အတုယူသော မန်ဒဲလားသည် နောင်လာလတ္တံ့သော အာဖရိကလူငယ်များအတွက် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သောနည်းစနစ်များ ရေးဆွဲသည်။[၇][၈][၉]

ငြိမ်းချမ်းစွာဆန္ဒပြမှုပြင်ဆင်

 
နယ်ဆင် မန်ဒင်လား၏ ငယ်ဘဝ

၂၀၀၇ ခုနှစ်၊ ဇန်နဝါရီ ၂၉-၃၀ ရက်နေ့များတွင် ကျင်းပသော Gandhi's (မဟတ္တမဂန္ဒီ)၏နှစ် ၁၀၀ ပြည့်နေ့တွင် တောင်အာဖရိကတွင် satyagraha (စက်ယာဂရာဟ) (ငြိမ်းချမ်းစွာဆန္ဒပြမှု) စတင်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြမှုဖြင့် စတင်ခဲ့သော မန်ဒဲလားနှင့် အခြားသောအပေါင်းပါ ၁၅၀ တို့သည် ၁၉၅၆ ဒီဇင်ဘာ ၅ ရက်နေ့တွင် ပုန်ကန်မှုဖြင့် စွဲချက်တင်ကာ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထိုပုန်ကန်မှုအတွက် စစ်ဆေးခြင်း အချိန်ကာလ ၁၉၅၆ မှ ၁၉၆၁ အထိ ကြာမြင့်ခဲ့ပြီးနောက် တရားခံများအား တရားသေပြန်လွှတ်ခဲ့သည်။၁၉၅၂ မှ ၁၉၅၉ အထိ လူမည်းလှုပ်ရှားမှု လူတန်းစားအသစ် ပေါ်ပေါက်လာပြီး Africanists (အာဖရိကန်များ) သည် ANC ၏ မြို့နယ်များအတွင်း လူမည်းလှုပ်ရှားမှုကို နှောက်ယှက်လာကြသည်။ ထို့အတွက် လူမည်းများက ANC အား ယခုထက်ပိုမိုပြင်းထန်သော ခြေလှမ်းများဖြင့်ပြုလုပ်ရန် တောင်းဆိုလာကြသည်။[၁၀]

Albert Luthuli (အဲ(လ်)ဘတ် လူသူလီ)၊ Oliver Tambo (အိုလီဗာတန်ဘို) နှင့် Walter Sisulu (ဝေါ်(လ်)တာ စီဆူလု) တို့က အာဖရိကန်တို့သည် လှုပ်ရှားမှုမြန်ဆန်ရုံသာမက ၎င်းတို့၏ဦးဆောင်မှုကို အံတုလာကြသည်ဟု ခံစားမိလာကြသည်။ANC ခေါင်းဆောင်များသည် နောက်ဆုံး၌ ၎င်းတို့၏ အဆင့်အတန်းများ မြင့်တက်စေရန် လူဖြူလူနည်းစုနှင့် လူမည်းများသည် အင်ဒီယန်းနိုင်ငံရေးပါတီများနှင့် မိတ်ဖွဲ့လာကြသည်။ အာဖရိကန်များက Kliptown (ကလစ်တောင်း) အစည်းအဝေး၌ 1955 Freedom Charter (လွတ်မြောက်မှုစာတမ်း) တွင် တောင့်တင်းသော ANC 100,000 တို့ကို လွှတ်တော်နှင့်ဆိုင်သော ပူးပေါင်းသည့်ဆန္ဒမဲတစ်ခုအားသာ လိုက်လျောခြင်းအတွက် သရော်မှုပြုကြသည်။ ANC တွင်ပါဝင်သော ပါတီငါးခုအနက် လေးပါတီ၏ အထွေထွေအတွင်းရေးမှူးများသည် ပြန်လည်ဖွဲ့စည်းသော South African Communist Party (SACP) (တောင်အာဖရိကကွန်မြူနစ်ပါတီ) အဖွဲ့ဝင်များဖြစ်၍ Moscow (မော်စကို) လမ်းစဉ်ကို လိုက်ပါကြသည်။[၁၁][၁၂]

၂၀၀၃ ခုနှစ်တွင် (SACP) တောင်အာဖရိက ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Blade Nzimande (ဘလိပ်ဇီမန်ဒီ) မှ Walter Sisulu (ဝေါ်(လ်)တာ စီဆူလု) ANC အထွေထွေအတွင်းရေးမှူးသည် ၁၉၅၅ တွင် တောင်အာဖရိက ကွန်မြူနစ်ပါတီနှင့် လျှို့ဝှက်စွာဆက်သွယ်ကြောင်း ဖော်ထုတ်ခဲ့သည်။ ထို့အပြင်၊ ANC အဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး ငါးဦးစလုံးမှာ (SACP) တောင်အာဖရိက ကွန်မြူနစ်ပါတီဝင်များ ဖြစ်လာကြသည်။ ထို့အတွက် ANC ၏ ခေါင်းဆောင်မှုကို အခြားပါဝင်သူများနှင့် အဆင့်တူသတ်မှတ်လိုက်ခြင်း ဖြစ်သည်။ ၁၉၅၉ တွင် Robert Sobukwe (ရောဘတ် ဆိုဘူကွေ) နှင့် Potlako Leballo(ပေါ့တာကို လစ်ဘာလို) တို့၏ ညွှန်ကြားချက်အရ အာဖရိကန်အများစုသည် ခွဲထွက်၍ Ghana (ဂါနာ) နိုင်ငံမှ ငွေကြေးအထောက်အပံ့နှင့် Transvaal-based Basotho (ထရန်(စ်) ဗေး(လ်) အခြေပြုသော ဘာဆိုသို) မှအရေးပါသော နိုင်ငံရေး အထောက်အပံ့တို့ဖြင့် Pan Africanist Congress (PAC) (ပန်အာဖရိကန်နစ်ကွန်ဂရက်)ကို ထူထောင်လိုက်သဖြင့် ANC သည်၎င်း၏ စစ်ရေးထောက်ပံ့မှုကို ဆုံးရှုံးနစ်နာခဲ့ရသည်။[၁၃]

အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများပြင်ဆင်

၁၉၆၁ တွင် Mandela (မန်ဒဲလား)သည် ANC၏လက်ရုံး Umkhonto we Sizwe (အမ်ကွန်တိုဝီဆွဒ်) (အမျိုးသားရေးလှံ ဟုအဓိပ္ပာယ်ရသည့် MK ဟုအတိုကောက် ခေါ်ဝေါ်သောအဖွဲ့) ၏ခေါင်းဆောင်ဖြစ်လာခဲ့ပြီး ၎င်းကိုသူသည် ပူးတွဲတည်ထောင်ခဲ့သည်။ မန်ဒဲလားသည် စစ်ရေးနှင့် အစိုးရများကို တိုက်ပွဲဝင်ရန် ညှိုနှိုင်း ဆောင်ရွက်ခဲ့ပြန်သည်။ အကယ်၍ ခွဲခြားမှုဟန့်တားချက်များ မအောင်မြင်ခဲ့လျှင် ပြောက်ကျားစစ်ဆင်ရေး တစ်ရပ်ဆင်နွှဲရန် စီမံချက်များရေးဆွဲခဲ့သည်။ ထို့အပြင်သူသည် MK ပါတီအတွက် နိုင်ငံခြားမှငွေများ လက်ခံရယူခြင်းဖြင့် ရန်ပုံငွေများကို ရှာဖွေပေးခဲ့ပြီး အုပ်စုဝင်များကိုလည်း စစ်ဆင်ရေးအတွက် သင်တန်းများပေးရန် စီစဉ်ခဲ့သည်။[၁၄]

ANC ပါတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော Wolfie Kadesh (ဝုဒ်ဖီကက်ဒတ်ချ်)သည် မန်ဒဲလား၏ ဗုံးခွဲတိုက်ခိုက်ခြင်း စစ်ဆင်ရေးကို ဤသို့ရှင်းပြခဲ့သည်- "၁၉၆၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင်စတင်၍ လူတန်းစား အသားရောင်ခွဲခြားမှု ဖြစ်သောနေရာများဖြစ်သည့် တရားရုံးများ၊ စာတိုက်များ၊ အစိုးရရုံးများကို ဗုံးများခွဲ၍ တိုက်ခိုက်ခဲ့ ကြသည်။ သို့သော်၊ ဒဏ်ရာအနာတရနှင့် သေကြေခြင်းမျိုး တစ်ဦးတလေမျှ မဖြစ်စေရန် ညွှန်ကြားထားကြသည်။ Mandela (မန်ဒဲလား)က Wolfie (ဝုဒ်ဖီ)၏ စစ်ဆင်ရေးအကြံဉာဏ်နှင့် စစ်ရေးအတွေ့အကြုံများသည် မိမိအား များစွာအကူအညီဖြစ်စေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။[၁၅][၁၆][၁၅][၁၇]

လက်နက်ကိုင်တော်လှန်ရေးသည် နောက်ဆုံး အားကိုးအားထားပြုရာဖြစ်ကြောင်း Mandela (မန်ဒဲလား) မှ ဖော်ညွှန်းခဲ့သည်- နှစ်ပေါင်းများစွာကြာအောင် တိုး၍တိုး၍ ဖြစ်လာသော ဖိနှိပ်ချုပ်ချယ်မှုများနှင့် အစိုးရ၏ အကြမ်းဖက်မှုများသည် ငြိမ်းချမ်းစွာဆန္ဒပြခြင်းဖြင့် နှစ်ပေါင်းများစွာတိုင်အောင် အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်ခဲ့ခြင်းသည် မည်သည့်အောင်မြင်မှုမျိုးကိုမျှ မရခဲ့ခြင်းနှင့် မရနိုင်ခဲ့ကြောင်း သူ့အား အခိုင်အမာ ယုံကြည်စေခဲ့သည်။[၁၈]

၁၉၈၀ ပြည့်နှစ်များတွင် MK ပါတီသည် အသားအရောင် ခွဲခြားသောအစိုးရကို ပြောက်ကျားစစ်ဆင်ရေးတစ်ရပ် ဖြင့်ဆင်နွှဲ၍ ပုန်ကန်ခဲ့သည်။ ထို့အတွက် အရပ်သားများစွာ အသက်ဆုံးရှုံးခဲ့ရသည်။ ထို့အတွက် လူသားတို့၏ အခွင့်အရေးများကိုပါ ချိုးဖောက်သကဲ့သို့ ဖြစ်ခဲ့ရသည်။ Truth and Reconciliation Commission (အမှန်တရားနှင့် ပြန်လည်ပေါင်းစည်းခြင်းကော်မရှင်) အစီရင်ခံစာပါ အချက်များကိုပယ်ဖျက်ရန် ကြိုးစားမှုကို မန်ဒဲလားက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။[၁၉][၂၀]

တောင်အာဖရိက၏ အသားအရောင်ခွဲခြားမှု အစိုးရကြီးစိုးသောခေတ်တွင် မန်ဒဲလားနှင့် ANC ပါတီအဖွဲ့ဝင်များကို အကြမ်းဖက်သမားများဟု သတ်မှတ်ထားသောကြောင့် ၂၀၀၈ ဇူလိုင်လအထိ ၎င်းတို့ကို အမေရိကန်ပြည်တွင်းသို့ ဝင်ရောက်ခြင်းအား ကန့်သတ်တားမြစ်ခြင်းခံခဲ့ရပြီး Manhattan (မန်ဟတ်တန်) တွင်ရှိသော ကုလသမဂ္ဂဋ္ဌာနချုပ်များသို့သာ ဝင်ရောက်ခွင့်ရကြမည်ဖြစ်သည်။ သို့သော်ခြွင်းချက်တစ်ခုအနေဖြင့် အမေရိကန်အတွင်းတွင်မူ US Secretary of State (အမေရိကန်နိုင်ငံခြားရေးဝန်ကြီး) ၏ထောက်ခံချက်ဖြင့် ဝင်ရောက်ခွင့်ရကြမည် ဖြစ်ပေသည်။[၂၁]

ဖမ်းဆီးခြင်းနှင့် Rivonia (ရီဗိုးနီးယား) တရားစီရင်စစ်ဆေးခြင်းပြင်ဆင်

U.S. Central Intelligence Agency (CIA) (အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ) မှလုံခြုံရေးရဲများ၏ သတင်းပေးချက်အရ မန်ဒဲလား မည်သည့်နေရာ၌ ရှိနေသည်၊ မည်ကဲ့သို့ ရုပ်ဖျက်ထားသည်ကို သိရှိ သွားသည့်အတွက် တစ်ဆယ့်ခုနှစ်လခန့်ကြာအောင် ရှောင်တိမ်းနေသော မန်ဒဲလားသည် Johannesburg Fort (ဂျိုဟန်(န်)နစ်ဘတ်ခ် ခံတပ်) ၌ ၁၉၆၂ ခုနှစ်၊ ဩဂုတ် ၅ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။ သုံးရက်ကြာ သောအချိန်တွင် မန်ဒဲလားသည် ၁၉၆၁ အလုပ်သမားများ၏ သပိတ်မှောက်ရန် ခေါင်းဆောင်မှု၊ နိုင်ငံတော်မှ တရားမဝင် ထွက်ခွာမှုတို့ဖြင့် တရားစွဲဆိုခံရပြီး ၁၉၆၂ အောက်တိုဘာ ၂၅ တွင် ထောင်ဒဏ် ငါးနှစ်ကျခံရန် အမိန့်ချမှတ်ခြင်း ခံခဲ့ရသည်။ နှစ်နှစ်ကြာပြီးနောက် ၁၉၆၄ ဇွန် ၁၁ ရက်တွင် African National Congress (ANC) (အာဖရိ ကန် အမျိုးသား ကွန်ဂရက်)နှင့် ယခင်က သူဆက်သွယ်ခဲ့မှုများနှင့်ပတ်သက်ပြီး စီရင်ချက်ချမှတ်ခဲ့သည်။[၂၂]

မန်ဒဲလား အကျဉ်းကျခံနေရစဉ် အတွင်းထင်ရှားသော ANC ခေါင်းဆောင်များကို ၁၉၆၃ ဇူလိုင် ၁၁ ရက်တွင် Johannesburg(ဂျိုဟန်(န်)နစ်ဘတ်ခ်) မြို့မြောက်ပိုင်း Rivonia (ရီဗိုးနီးယား) ရပ်ကွက်၊ Liliesleaf Farm (လီလိုင်းလိဖ်ဖန်မ်း) သို့ဖမ်းခေါ်လာခဲ့သည်။ ထို့နောက် အဆိုပါနေရာသို့ မန်ဒဲလားကိုပါ ခေါ်ဆောင်လာခဲ့ သည်။ ၎င်းတို့၏ပုန်ကန်မှုသည် နိုင်ငံတော်သစ္စာဖောက်မှုနှင့် ထပ်တူဖြစ်နေ၍ အကြီးတန်းအစိုးရရှေ့နေ Dr. Percy Yutar (ဒေါက်တာ ပါစီယုတာ)က Rivonia (ရီဗိုးနီးယား) တရားစီရင် စစ်ဆေးခြင်းတွင် စွဲချက်တင်၍ တရားစွဲခဲ့သည်။ ဒုတိယ စွဲချက်ဖြစ်သော အခြားသောတိုင်းပြည်များမှ တောင်အာဖရိကနိုင်ငံသို့ ကျူးကျော်ဝင်ရောက်ရန် တရားခံများက အကွက်ချ စီစဉ်သည်ဟူသော စွပ်စွဲချက်ကိုမူ မန်ဒဲလားက ငြင်းဆို ခဲ့သည်။[၂၃][၂၄][၂၅]

၁၉၆၄ ဧပြီလ ၂၀ တွင် Pretoria (ပရီတိုးရီးယား) တရားရုံးချုပ်တွင် တရားစစ်ဆေးရာ၌ မန်ဒဲလားသည် အဘယ့်ကြောင့် ANC မှ အကြမ်းဖက်ခြင်းကို ဗျူဟာတစ်ရပ်အဖြစ် အသုံးပြုခဲ့ကြောင်းကို သူ၏ခုခံချေပသည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။ သူ၏ကြေညာချက်တွင် ANC သည် အသားအရောင်ခွဲခြားမှုကို Sharpeville Massacre (ရှပ်ဗီးလီ အစုလိုက်အပြုံလိုက်သတ်ခြင်း) အချိန်အထိ နှစ်ပေါင်းများစွာကြာအောင် တွန်းလှန်ရန် ငြိမ်းချမ်းသောနည်းလမ်းများကို မည်သို့အသုံးပြုခဲ့သည်ကို ဖော်ပြထားသည်။ ထိုအချိန်တွင် Republic of South Africa (တောင်အာဖရိက သမ္မတနိုင်ငံ) ကိုစတင်တည်ထောင်ရန် ဆန္ဒခံယူပွဲကျင်းပခြင်း၊ နိုင်ငံတော်၏ အရေးပေါ်အခြေအနေကြေညာခြင်း၊ ANC ပါတီကို ပိတ်ပင်ခြင်းတို့ တပြိုင်တည်းဖြစ်လာ၍ မန်ဒဲလားနှင့် ၎င်း၏အပေါင်းပါများအဖို့ ထိုလုပ်ကြံပုန်ကန်မှုလမ်းစဉ်ကို ရွေးချယ်ခြင်းမှတပါး အခြားသောရွေးချယ်စရာ နည်းလမ်းမရှိခဲ့ပေ။ ထိုသို့မဆောင်ရွက်ပါကလည်း ခြွင်းချက်မရှိ လက်မြှောက်အရှုံးပေးခြင်းသာ ရှိတော့ကြောင်း သဘောသက်ရောက်သည်။[၂၆]

အမ်ကွန်တိုဝီဆွဒ် ကြေညာစာတမ်းပြင်ဆင်

၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်တွင် ရေးဆွဲသော Umkhonto we Sizwe (အမ်ကွန်တိုဝီဆွဒ်) ကြေညာစာတမ်းမှာ နိုင်ငံခြားသားများ၏ နိုင်ငံတွင်းသို့ စွန့်စားရင်းနှီးမြှုပ်နှံမှုအား ဆုံးရှုံးခြင်းများ မဖြစ်ပေါ်စေရန်ဖြစ်သည်ဟု မန်ဒဲလားမှ ပြောကြားခဲ့သည်။ မန်ဒဲလား၏ပြောကြားချက်မှာ “မိမိသည် မိမိဘဝတလျှောက်လုံးတွင် အာဖရိက လူမျိုးများအတွက် မြှုပ်နှံထားပြီးဖြစ်ကြောင်း၊ မိမိသည် လူဖြူများ၏ကြီးစိုးမှုနှင့် လူမဲများ၏ကြီးစိုးမှုကိုပါ တိုက်ခိုက်ခဲ့ကြောင်း၊ လူသားများအားလုံး ဒီမိုကရေစီနှင့် လွတ်လပ်မှုအောက်တွင် အခွင့်အရေးညီတူညီမျှဖြင့် ညီညီညွတ်ညွတ် နေထိုင်နိုင်ကြရန် ရည်ရွယ်ခဲ့ကြောင်း၊ ထိုရည်ရွယ်ချက်မှာလည်း ပြီးမြောက်အောင်မြင်လိမ့်မည်ဟု မျှော်လင့်ထားပါကြောင်း၊ လိုအပ်ပါကလည်း မိမိ၏ခန္ဓာကိုယ်အား စွန့်လွှတ်ရန် အဆင်သင့်ပြင်ဆင်ထားပါကြောင်း” စသည်တို့ဖြစ်သည်။[၂၇][၂၈]

Bram Fischer (ဘရမ်ဖစ်(စ်)ချာ)Vernon Berrange (ဗာနွမ်ဗယ်ရိန့်ချ်)၊ Harry Schwarz (ဟယ်ရီချူးဝါဒ့် (စ်))၊ Joel Joffe (ဂျိုးဂျော့(ဖ်))၊ Arthur Chaskalson (အာသာချာစ်ကာ(လ်)ဆန်) နှင့်George Bizos (ဂျော့ဘီဇို) တို့သည် တရားခံဘက်မှ လိုက်ပါဆောင်ရွက်မည့်သူများဖြစ်ပြီး အမှုပြီးဆုံးခါနီးတွင် Harold Hanson (ဟားရိုးဟန်ဆန်) ကိုပါ ခေါ်ယူထည့်သွင်းခဲ့သည်။ Rusty Bernstein (ရပ်စတီဘန်စတင်း) မှတပါး တရားခံအားလုံးတို့မှာ အပြစ်ထင်ရှားကြောင်း တွေ့ရှိကြရသည်။ သို့သော် သေဒဏ်မှလွတ်ကင်း၍ ၁၉၆၄ ဇွန်လ ၁၂ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံစေရန် စီရင်ချက်ချမှတ်သည်။ စွဲချက်များမှာ လက်နက်ကိုင်ဆောင်ရန် စီမံချက်ရေးဆွဲခြင်းနှင့် အကြမ်းဖက်မှု လေးကြိမ်တို့ပါဝင်ပြီး မန်ဒဲလားမှ ၎င်းတို့ကိုဝန်ခံခဲ့ပြီး နိုင်ငံခြားတိုင်းပြည်များမှ တောင်အာဖရိကသို့ ကျူးကျော်ဝင်ရောက်မှုကို ကူညီရန် လျှို့ဝှက်ပူးပေါင်း ကြံစည်မှုကိုမူ မန်ဒဲလားက ငြင်းဆန်ခဲ့သည်။[၂၉][၃၀][၃၁]

အကျဉ်းကျခံရခြင်းပြင်ဆင်

 
Robben Island (ရော်ဘင်ကျွန်း) ထောင်ဝင်း
 
Robben Island (ရော်ဘင်ကျွန်း)ပေါ်ရှိ Nelson Mandela's (နယ်လဆင် မန်ဒဲလား) ၏ထောင်အခန်း

Nelson Mandela (နယ်လဆင် မန်ဒဲလား)သည် Robben Island (ရော်ဘင်ကျွန်း)တွင် အကျဉ်းကျခံရခြင်းဖြစ်ပြီး၊ သူ၏ ထောင်ဒဏ်နှစ်ဆယ့်ခုနှစ်နှစ်မှ နောက်ထပ်ဆယ့်ရှစ်နှစ်ကို အဆိုပါထောင်တွင်ပင် ဆက်လက်၍ ကျခံရသည်။ ထောင်ထဲတွင်နေထိုင်ရစဉ်အတွင်း သူ၏ဂုဏ်သတင်းသည် ကြီးထွားလာပြီး သူ့အားတောင်အာဖရိက၏ အထင်ရှားဆုံး လူမဲခေါင်းဆောင်ဟု ကျယ်ကျယ်ပြန့်ပြန့် အများကသိလာခဲ့သည်။ ထိုနေရာတွင် မန်ဒဲလားနှင့် အခြားအကျဉ်းသားတို့သည် ထုံးကျောက်တူးဖော်သော အလုပ်ကြမ်းကို လုပ်ကိုင်ကြရသည်။ ထောင်အခြေအနေများသည် သာမန်မျှသာဖြစ်သည်။[၃၂][၃၃]

ထောင်သားများသည် လူမျိုးရေးအရ အသားရောင်ခွဲခြားခံရခြင်း၊ လူမည်းထောင်သားများသည် ရာရှင်အနည်းဆုံးသာ ရရှိခြင်းတို့ ရင်ဆိုင်ကြရသည်။ နိုင်ငံရေးအကျဉ်းသားများကို အခြားသော ရာဇဝတ် အကျဉ်းသားများနှင့် ခွဲထားပြီး၊ နိုင်ငံရေးအကျဉ်းသားများအဖို့ အခွင့်အရေး အနည်းငယ်သာ ပိုမိုရရှိကြသည်။ မန်ဒဲလားသည် D-အုပ်စု အကျဉ်းသား (အနိမ့်ဆုံးအဆင့်) တစ်ယောက်အဖြစ် သူသည် ခြောက်လလျှင် ထောင်ဝင်စာတွေ့သူတစ်ဦးနှင့် စာတစ်စောင်ခွင့်ပြုခြင်း မည်ကဲ့သို့ ခံရသည်ကို ဖော်ပြသည်။ ထို့အပြင် စာများကို အချိန်များစွာ ကြာမှရရှိပြီး၊ ထောင်အာဏာပိုင်များက ဖတ်မရအောင် ဖြတ်တောက်ခြင်း ပြုလုပ်ထားကြပြန်သည်။[၃၄][၃၅]

အကျဉ်းထောင်အတွင်းမှမန်ဒဲလားပြင်ဆင်

အကျဉ်းထောင်တွင်း၌ ရှိနေစဉ် မန်ဒဲလားသည် University of London (လန်ဒန်တက္ကသိုလ်)နှင့် ဆက်သွယ်မှုရယူပြီး စာပေးစာယူစနစ်ဖြင့် စာလေ့လာကာ ၎င်းတက္ကသိုလ်၏ ပြင်ပအစီအစဉ်မှတဆင့် Bachelor of Laws (ဥပဒေဘွဲ့) ကိုရရှိခဲ့သည်။ နောက်ပိုင်းတွင် ၁၉၈၁ ခုနှုစ် University of London (လန်ဒန်တက္ကသိုလ်)၏ ရွေးချယ်ပွဲ၌ အဓိပတိအဖြစ် အမည်စာရင်းတင်သွင်းခြင်း ခံရသော်လည်း Princess Anne (အန်းမင်းသမီး) ကိုရှုံးနိမ့်ခဲ့ရသည်။[၃၆][၃၇]

လျှို့ဝှက်စုံထောက်တစ်ဦးဖြစ်သော Gordon Winter (ဂေါ်ဒန်ဝင်းတား) ၏ ၁၉၈၁ memoir Inside BOSS(ဘော့စ်အတွင်းမှ ကိုယ်တွေ့မှတ်တမ်း) တွင် ၁၉၆၉ ခုနှစ်၌မန်ဒဲလားအားထောင်မှ ကယ်ထုတ်ရာတွင် ၎င်းပါဝင်ခဲ့သည်ဟု ရေးသားဖော်ပြခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် South African intelligence (တောင်အာဖရိက ထောက်လှမ်းရေး အဖွဲ့) ကိုယ်စား ဆောင်ရွက်ခြင်းဖြစ်ပြီး မန်ဒဲလား ထွက်ပြေးရာ၌ ပြန်ဖမ်းမိစဉ်တွင် ပစ်သတ်ရန် စီစဉ်ထားခဲ့ကြကြောင်း သိရှိရသည်။ ထိုလုပ်ကြံမှု အစီအစဉ်ကို British Intelligence (ဗြိတိသျှထောက်လှမ်းရေးအဖွဲ့)မှ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။[၃၈][၃၉][၄၀]

၁၉၈၂ မတ်လတွင် မန်ဒဲလားနှင့် အခြားဝါရင့် ANC ခေါင်းဆောင်များဖြစ်သော Walter Sisulu (ဝေါ(လ်)တာစီဆုလု)၊ Andrew Mlangeni (အန်ဒရူးမလန်ဂနီ)၊ Ahmed Kathrada (အာမက်ကာသရာဒါ)နှင့် RaymondMhlaba (ရေးမွန်မလာဘာ)တို့သည် RobbenIsland (ရော်ဘင်ကျွန်း)မှ Pollsmoor Prison (ပို့(စ်)မောအကျဉ်းထောင်)သို့ ပြောင်းရွှေ့ခြင်းခံရသည်။ ထိုသို့ဆောင်ရွက်ရခြင်း၏ အကြောင်းရင်းမှာ "Mandela University" "မန်ဒဲလား တက္ကသိုလ်" ဟုခေါ်တွင်ကြသော ရော်ဘင်ကျွန်းတွင် လူမည်းလူငယ်များအား ဝါရင့်ခေါင်းဆောင်များ၏ လွှမ်းမိုးမှုကို ဖယ်ရှားရန်ဖြစ်သည်။ သို့သော် National Party (အမျိုးသားပါတီ) ၏ဝန်ကြီးဖြစ်သူ Kobie Coetsee (ကိုဘီ ကိုတက်စီ)ကမူ ထိုပြောင်းရွှေ့ခြင်းသည် မန်ဒဲလားတို့နှင့် South African government (တောင်အာဖရိကအစိုးရ) တို့အကြား သိုသိပ်စွာ ဆက်သွယ်စေနိုင်ရန်အတွက် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။[၄၁][၄၂]

လွတ်မြောက်မှုရအောင်ကြိုးစားပုံပြင်ဆင်

၁၉၈၅ ခု၊ ဖေဖော်ဝါရီလတွင် သမ္မတ P.W. Botha (ပီဒဗလျူ ဘိုသာ)က 'အကြမ်းဖက်မှုကို နိုင်ငံရေးလက်နက်အဖြစ် အသုံးမပြုပါဟု အကြွင်းမဲ့သဘောတူလျှင်' မန်ဒဲလားအား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းလာသည်။ Coetsee (ကိုတက်စီ)နှင့် အခြားဝန်ကြီးများကမူ မန်ဒဲလားသည် မိမိတစ်ကိုယ်တော် လွတ်မြောက်ရေးအတွက် အဖွဲ့အစည်း၏ လက်နက်ကိုင်တော်လှန်ရေးနှင့် လဲလှယ်လိမ့်မည်မဟုတ်ဟု Botha (ဘိုသာ) ကိုပြောဆိုကြသည်။ မန်ဒဲလားကလည်း ထိုကမ်းလှမ်းချက်ကိုပယ်ဖျက်ပြီး၊ ၎င်း၏သမီးဖြစ်သူ Zindzi (ဇင်ဇီ)မှတဆင့် ကြေညာချက်တစ်စောင်ထုတ်ပြီး "လူအများ၏ အဖွဲ့အစည်းကိုပိတ်ပင်ပြီး မည်ကဲ့သို့သော လွတ်မြောက်မှုကို ငါသည် ရယူရပါမည်နည်း။ လွတ်လပ်သူတစ်ဦးဖြစ်မှသာ ညှိုနှိုင်းဆွေးနွေးနိုင်ပြီး အကျဉ်းသားဘဝဖြင့် မည်ကဲ့သို့ စာချုပ်ချုပ်ဆို၍ရပါအံ့ဟု ပြောဆိုခဲ့သည်။[၄၃]

ပထမအကြိမ်အနေဖြင့် မန်ဒဲလားနှင့် National Party government (အမျိုးသား ပါတီ အစိုး ရ)တို့ ၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် တွေ့ဆုံခဲ့ကြသည်။ Cape Town (ကိတ်တောင်းမြို့) Volks (ဗို့စ်)ဆေးရုံ၌ Kobie Coetsee (ကိုဘီ ကိုတက်စီ)နှင့် Mandela (မန်ဒဲလား)တို့သည် မန်ဒဲလား ဆီးကျိတ်ခွဲစိတ်မှုမှ ပြန်လည်သက်သာကာစအချိန်တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။၎င်းနောက် လေးနှစ်ကျော်အထိ တွေ့ဆုံခြင်းများရှိခဲ့ပြီး နောက်ထပ် အဆက်အသွယ်နှင့် အနာဂတ်တွင် ညှိနှိုင်းမှုများအတွက် အခြေခံအလုပ်များကို ချပြနိုင်ခဲ့သည်။ သို့သော်လည်း အမှန်တကယ်မှာမူ တိုးတက်မှုအနည်းငယ်သာ ဆောင်ရွက်နိုင်ခဲ့သည်။[၄၄]

မန်ဒဲလား သမ္မတမဖြစ်ခင်ကြုံတွေ့ခဲ့ရပုံများပြင်ဆင်

၁၉၈၈ တွင် မန်ဒဲလာအား Victor Verster Prison (ဗစ်တာဗာစတာ အကျဉ်းထောင်)သို့ ပြောင်းရွှေ့လိုက်ပြီး ထိုနေရာ၌ လွတ်မြောက်သည်အထိ နေထိုင်ခဲ့ရသည်။ အသီးသီးသော ချုပ်ချယ်မှုများကို ရုပ်သိမ်းလိုက်ပြီး Harry Schwarz (ဟယ်ရီချဝက်(စ်)) စသောပုဂ္ဂိုလ်များ အား မန်ဒဲလားနှင့် ပေး၍တွေ့ဆုံစေခဲ့သည်။ Schwarz (ချဝက်(စ်))မှာ Mandela (မန်ဒဲလား) ဥပဒေသင်တန်း တက်ရောက်ခဲ့သည့်ကာလက စတင်သိကျွမ်းခဲ့သော သူငယ်ချင်းတစ်ဦးဖြစ်သည်။ Schwarz (ချဝက်(စ်))သည် Rivonia Trial (ရီဗိုးနီးယား) တရားစီရင်စစ်ဆေးခြင်း၌ တရားခံရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့သူဖြစ်ပြီး နောင် မန်ဒဲလား သမ္မတဖြစ်လာစဉ်အချိန်ကာလတွင် Washington (ဝါရှင်တန်)သို့ သံအမတ်အဖြစ် ခန့်အပ်စေလွှတ်ခြင်းခံရသူလည်း ဖြစ်သည်။[၄၅]

မန်ဒဲလား အကျဉ်းကျခံနေရစဉ် တစ်လျှောက်လုံးတွင် သူ့အားလွှတ်ပေးရန် ပြည်တွင်းနှင့် နိုင်ငံတကာဖိအားသည် တောင်အာဖရိက အစိုးရအပေါ်တွင် Free Nelson Mandela! (နယ်လဆင် မန်ဒဲလားကို လွှတ်ပေး) ဟူသော ကြွေးကြော်သံအောက်တွင် ပို၍တိုးလာသည်။ ၁၉၈၉ ခုနှစ်တွင်သမ္မတ Botha(ဘိုသာ) မကျန်းမမာဖြစ်ပြီး သမ္မတသစ်အဖြစ် Frederik Willem de Klerk (ဖရေဒရစ် ဝီလီယံဒီကလက်(ခ်)) အားလွှဲပြောင်းပေးခဲ့ရကာ တောင်အာဖရိကနိုင်ငံသည် လမ်းခွဲတစ်နေရာသို့ ရောက်ရှိလာခဲသည်။ သမ္မတအသစ်က ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီလတွင် မန်ဒဲလားအား လွှတ်ပေးလိုက်ကြောင်း ကြေညာသည်။[၄၆][၄၇] [၃]

International Committee of the Red Cross (အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ)၏ တာဝန်ပေးအပ်ခြင်းခံရသောသူများသည် Robben Island (ရော်ဘင်ကျွန်း)နှင့် Pollsmoor Prison (ပို့ (စ်)မော အကျဉ်းထောင်)တွင် မန်ဒဲလားရှိနေစဉ် လာရောက်တွေ့ဆုံ ခဲ့ကြသည်။ ထို့ကြောင့် မန်ဒဲလားက ထိုလာရောက်တွေ့ဆုံခြင်းများနှင့် ပတ်သက်၍ ပြောကြားသည်မှာ "မိမိအတွက်နှင့် ထောင်၏အတွေ့အကြုံကို မိမိနှင့်အတူတကွ ကြုံတွေ့ရသော နိုင်ငံရေးအကျဉ်းသမားများအတွက် ကြက်ခြေနီသည် အမှောင်ထု ကြီးစိုးသော လူသားမဆန်သည့် နိုင်ငံရေးအကျဉ်းကျမှုအတွင်းမှ လူ့ဘဝ၏ မီးရှူးတန်ဆောင် တစ်ခုပင်ဖြစ်ကြောင်း" ပြောဆိုခဲ့သည်။[၄၈][၄၉][၅၀][၅၁]

ကိုးကားပြင်ဆင်

  1. Mandelaen:Collins English Dictionary
  2. "Prizes: And the Winner Is ..."၊ Time၊ 8 May 1989။ 
  3. ၃.၀ ၃.၁ "How the awards have just kept flooding in"၊ The Cape Times၊ 18 July 2012။ 
  4. President Honors Recipients of the Presidential Medal of Freedom။ The White House (9 July 2002)။
  5. Windrem၊ Robert။ "US government considered Nelson Mandela a terrorist until 2008"၊ NBC News၊ 7 December 2013။ 
  6. Fortin၊ Jacey (18 July 2012)။ Mandela and the Dictators: A Freedom Fighter With A Complicated Past
  7. Hooper၊ Simon။ The world's most famous political prisoner (in en)။
  8. Nelson Mandela's letters detail his 27 years as the world's most famous political prisoner (in en-US) (2018-07-13)။
  9. "Mandela death: How a prisoner became a legend" (in en-GB)၊ BBC News၊ 2013-12-07။ 
  10. Mandela used the spelling Rolihlahla, see for example official website. en:Peter Mtuze notes that the orthography of Xhosa names has changed since the time of Mandela's schooling, and that it would now be written Rholihlahla. (Mandela's Long Walk to Freedom: the isiXhosa translator's tall order. Southern African Linguistics and Applied Language Studies 2003, 21(3), 141–152.)
  11. The Life and Times of Nelson Mandela: Genealogy။ Nelson Mandela Foundation။
  12. "Nelson Mandela to spend Christmas in S Africa hospital"၊ BBC News၊ 24 December 2012။ 
  13. SACP statement on the passing away of Madiba (6 December 2013)။; Marrian၊ Natasha။ "SACP confirms Nelson Mandela was a member"၊ 6 December 2013။ 
  14. Ex-CIA spy admits tip led to Nelson Mandela's long imprisonment (15 May 2016)။
  15. ၁၅.၀ ၁၅.၁ "South Africa's Nelson Mandela dies in Johannesburg"၊ BBC News၊ 5 December 2013။ 
  16. "Nelson Mandela dies"၊ Mail & Guardian၊ 5 December 2013။ 
  17. Polgreen၊ Lydia။ "Mandela's Death Leaves South Africa Without Its Moral Center"၊ 5 December 2013။ 
  18. "Mandela discharged from South Africa hospital"၊ Al Jazeera၊ 1 September 2013။ 
  19. "Nelson Mandela condition worsens as Zuma cancels trip"၊ BBC News၊ 27 June 2013။ 
  20. "Nelson Mandela released from hospital"၊ CNN၊ 1 September 2013။ 
  21. Nelson Mandela။ I am prepared to dieNelson Mandela Centre of Memory။ Nelson Mandela Foundation။
  22. "1990: Freedom for Nelson Mandela"၊ BBC၊ 11 February 1990။ 
  23. "Nelson Mandela arrives home in ambulance"၊ The Telegraph၊ 6 April 2013။ 
  24. "Nelson Mandela hospitalized in serious condition"၊ CNN၊ 8 June 2013။ 
  25. AFP 2။ "Mandela wished a 'peaceful end' by Cape Town Archbishop"၊ 26 June 2013။ 
  26. Ormond၊ Roger။ "Mandela free after 27 years"၊ The Guardian၊ 12 February 1990။ 
  27. The text of Mandela's speech can be found at Nelson Mandela's address to Rally in Cape Town on his Release from Prison။ ANC (11 February 1990)။
  28. Nelson Mandela, 94, responding positively to treatment in hospital (28 March 2013)။
  29. Sampson 2011, p. 460; Meredith 2010, pp. 448, 452.
  30. "Nelson Mandela has lung infection"၊ BBC News၊ 11 December 2012။ 
  31. "Mandela Has Surgery for Gallstones"၊ 15 December 2012။ 
  32. "Nelson Mandela Celebrates 90th Birthday by Urging Rich to Help Poor"၊ Fox News Channel၊ 18 July 2008။ 
  33. Smith၊ David။ "South African courts step in over Mandela family burial row"၊ 3 July 2013။ ; Moreton၊ Cole။ "Nelson Mandela's grandson Mandla accused of grave tampering"၊ 2 July 2013။ 
  34. Sampson 2011, pp. 462–463; Meredith 2010, pp. 466–467.
  35. Bingham၊ John။ "Hyde Park concert to mark Mandela's 90th"၊ 6 May 2008။ 
  36. Weir၊ Keith။ "Equipo Nizkor – Mandela slams Western action in Kosovo, Iraq"၊ Derechos.org၊ 13 April 2003။ 
  37. Pienaar၊ John။ "Mandela warns Bush over Iraq"၊ BBC၊ 1 September 2002။ ; Fenton၊ Tom။ "Mandela Slams Bush on Iraq"၊ CBS၊ 30 January 2003။ 
  38. "Mandela becomes SA's first black president"၊ BBC၊ 10 May 1994။ 
  39. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named NPR
  40. Hennessey၊ Kathleen။ "The Obama-Mandela dynamic, reflected in a photo"။ 
  41. Tebas၊ Pablo (13 July 2000)။ Closing Ceremony။ The Body။
  42. Battersby 2011, p. 600; "Mandela joins 'Elders' on turning 89"၊ NBC News၊ 20 July 2007။ ; Mandela launches The Elders။ SAinfo (19 July 2007)။
  43. "Mandela rallies Springboks"၊ BBC Sport၊ 6 October 2003။ ; Carlin၊ John။ "How Nelson Mandela won the rugby World Cup"၊ The Daily Telegraph၊ 19 October 2007။ 
  44. Hogg၊ Chris။ "Mandela urges action to fight TB"၊ BBC News၊ 15 July 2004။ 
  45. Nolen၊ Stephanie။ "Mandela arrived late to the fight against HIV-AIDS"၊ The Globe and Mail၊ 5 December 2013။ 
  46. Healing inequalities: The free health care policy။ Children's Institute။
  47. Statement on the Ataturk Award given to Nelson Mandela။ African National Congress (12 April 1992)။
  48. Land Reform Policies in South Africa Compare To Human Rights Internationally။; No. 3 of 1996: Land Reform (Labour Tenants) Act, 1996။ South African Government Online (22 March 1996)။
  49. Sampson၊ Anthony။ "Mandela at 85"၊ The Observer၊ 6 July 2003။ ; Can Mandela's AIDS Message Pierce the Walls of Shame?။ Peninsula Peace and Justice Center (9 January 2005)။; Quist-Arcton၊ Ofeibea။ "South Africa: Mandela Deluged With Tributes as He Turns 85"၊ en:AllAfrica၊ 19 July 2003။ 
  50. Sampson 2011, pp. 560–561.
  51. "Mandela in Pakistan"၊ London: Independent Print Limited၊ 3 October 1992။ 

ပြင်ပလင့်ခ်များပြင်ဆင်