နေမြဲ တွေ့ကြုံရှုထောင့်
ရူပဗေဒသုံး နေမြဲ လိုက်ပါမှု (သို့) နေမြဲ ရှုထောင့် (အင်္ဂလိပ်: innertial refrence frame) သို့မဟုတ် နေမြဲ တွေ့ကြုံရှုထောင့် (အင်္ဂလိပ်: innertial frame of reference) ဆိုသည်မှာ -
- နျူတန်ပျိုး ရူပဗေဒ အတွင်း၌၊ ကိန်းသေအလျင်ဖြင့် ရွေ့လျားနေ (အရပ်စကားဖြင့်လျှင် ရပ်ငြိမ်လျက်ဖြစ်စေ၊ မကွေ့ဝိုက်မပြောင်းလဲသော မျဉ်းဖြောင့်အတိုင်း ရွေ့လျက်ဖြစ်စေ ရှိနေ)ပြီး၊ အလျင်ပြောင်းနှုန်း မရှိခြင်းကြောင့် ၎င်း၏အလျင်ငြိမ်ငြိမ်က မည်မျှသော အမြန်နှုန်းပမာဏဖြစ်နေစေကာမူ ဒြပ်(innertia)တို့က ဤ အမှတ်ချအိမ်(ရှုထောင့်) ရူပဗေဒ နိယာမများနှင့် ကိုက်ညီစွာ ဖြစ်ပေါ်နေမည့် တွေ့ကြုံရှုထောင့် (frame of reference) ကို ညွှန်းဆို၏။
- နှိုင်းရ ရူပဗေဒ အတွင်း၌ ဒြပ်ဆွဲအားဟူသည့် အား(force) မပါဝင်တော့ဘဲ ဒြပ်ဆွဲမှုအဖြစ် တွေ့ကြုံခံစားရသည်က အချိန်+နေရာ ဖြစ်အင်ထု (spacetime)ကြီးရှိ သဘောသရုပ်တို့၏ ရလဒ်များသာ ဖြစ်သွားသဖြင့်၊ အခြား သက်ရောက်မှုအားတို့ ခံစားရမှုမရှိဘဲ ဒြပ်ဆွဲမှုရှိလျှင်မူ ရှိသည့်အလျောက် ဖြစ်အင်ထု (spacetime) အတွင်း တည်ရှိသွားလာနေသည့် တွေ့ကြုံရှုထောင့် (frame of reference) က နေမြဲ တွေ့ကြုံရှုထောင့် (innertial frame of reference) ဖြစ်၏။