ပဇီကြီးရွာ၊ ကန့်ဘလူမြို့နယ်
ပဇီကြီးရွာ (အင်္ဂလိပ်: Pazigyi)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၀၆၉ ဖြစ်သည်။ [၁]
ပဇီကြီး | |
---|---|
ရွာ | |
ပဇီကြီးရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 23°00′17″N 95°55′14″E / 23.0048599243164°N 95.9206085205078°Eကိုဩဒိနိတ်: 23°00′17″N 95°55′14″E / 23.0048599243164°N 95.9206085205078°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်း |
ခရိုင် | ကန့်ဘလူခရိုင် |
မြို့နယ် | ကန့်ဘလူမြို့နယ် |
ကျေးရွာအုပ်စု | ပဇီကြီး |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
၂၀၂၃ ဖြစ်ရပ်
ပြင်ဆင်ရန်၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ပဇီကြီးကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲပြုလုပ်နေစဉ်[၂] စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ဧပြီလ ၁၃ ရက်နေ့ ၂၀၂၃ အထိ အတည်ပြုချက်အရ အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၂၅ ဦး၊ ကလေးသူငယ် ၃၈ ဦး၊ စုစုပေါင်း ၁၇၄ ဦး သေဆုံးခဲ့သည်။[၃]
ကန့်ဘလူနယ် ပဇီကြီးကျေးရွာအား စစ်ကောင်စီမှ လေကြောင်းမှတိုက်ခိုက်၍ သေဆုံးသူများတွင်ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ပြည်သူ့လုံခြုံရေး(ပလဖ)နှင့် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)တာဝန်ယူထားသူ ၁၈ ဦးသာပါဝင်ပြီး ကျန် ၁၅၀ ဦးမှာပြည်သူများသာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ-NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧပြီ ၁၆ ၂၀၂၃ တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထုတ်ပြန်ခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ ကန့်ဘလူ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၅၀ ကနေ ၁၀၀ ကြား သေဆုံးနိုင် (in my)။ ၁၁ ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကန့်ဘလူ၊ ပဇီကြီးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာလုံး ကျွတ် နေအိမ်တိုင်း နာရေးအိမ်ဖြစ်သွားရပြီး ၆ လသားအရွယ် ကလေးငယ် ပင် ဗုံးထိမှန် သေဆုံးခဲ့ရ - Khit Thit Media (in my-MM) (15 ဧပြီ 2023)။ ၂၀ ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
ဤ စစ်ကိုင်းတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |