ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်

ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် နှင့် မရောထွေးပါနှင့်။

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (အင်္ဂလိပ်: Union Pa.O National Organization; အတိုကောက် ပအမဖ) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၂]

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
အင်္ဂလိပ် အမည်Union Pa.O National Organization
ဥက္ကဋ္ဌဦးခွန်အောင်စစ်
တည်ထောင်ခြင်း၂၃ ဇန်နဝါရီ ၂၀၁၄ (၂၀၁၄-၀၁-၂၃)
ဌာနချုပ်တောင်ကြီးမြို့ရှမ်းပြည်နယ်
အဖွဲ့ဝင်၁၀,၀၀၀ ကျော်[၁]
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၅၀ ဩဂုတ် ၂ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၅၂ ရွေးကောက်ပွဲတွင် ညောင်ရွှေအရှေ့ဘက်ခြမ်း မဲဆန္ဒနယ်၊ မိုင်းပွန်မဲဆန္ဒနယ်၊ ရပ်စောက်မဲ ဆန္ဒနယ်တို့တွင် အနိုင်ရရှိခဲ့သည်။ ၁၉၅၆ ရွေးကောက်ပွဲတွင် လွိုင်လုံ၊ သာမိုင်ခမ်းမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမဲဆန္ဒနယ်များ၌ အနိုင်ရရှိခဲ့သည်။ ၁၉၉၁ တွင် နိုင်ငံတော်က ပအမဖကို ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO) နှင့် အပစ်အခတ်ရပ်စဲရေး ကော်မရှင်အဖြစ် ဆောင်ရွက်ပေးရန် အကူအညီတောင်းခံခဲ့သဖြင့် ၁၉၉၁ ဧပြီ ၁၁ ရက်တွင် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO) ဥပဒေဘောင် အတွင်းဝင်ရောက်နိုင်ခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်" (၃၁ ဇူလိုင် ၂၀၁၅). ၇ ရက်သတင်းဂျာနယ် (၈၁၁). Retrieved on ၂၁ မတ် ၂၀၁၇.  Archived 25 September 2017 at the Wayback Machine.
  2. ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ 17 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။