ပြည်ပရန်နှိမ်တံဆိပ်
တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရာတွင် ပြည်ပရန်နှိမ်တံဆိပ် သည် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွင်ပါဝင်သည်။[၁] လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ပြည်ပနိုင်ငံများ၏ ကျူးကျော်ဝင်ရောက်မှုများအား သက်စွန့်ကြိုးပမ်းကာ ပြန်လည်တိုက်ထုတ်ခဲ့ရသည့် စစ်ဆင်ရေးများတွင်ပါဝင်သူများကို ချီးမြှင့်ခြင်းဖြစ်သည်။
ပြည်ပရန်နှိမ်တံဆိပ် | |
---|---|
ပြည်ပရန်နှိမ်တံဆိပ်ပုံ | |
နိုင်ငံတော်သမ္မတ မှ ချီးမြှင့်ခြင်း | |
အမျိုးအစား | မြန်မာ့တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်[၁] |
နိုင်ငံ | မြန်မာ |
အရည်အချင်းပြည့်မီ | စာတွင်ရှု့ |
Precedence | |
နောက်ထပ် (ပိုမြင့်သော) | နိုင်ငံတော်စစ်မှုထမ်းတံဆိပ်[၁] |
နောက်ထပ် (ပိုနိမ့်သော) | ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်[၁] |
ဆားဗစ်တန်းပုံ[၂] |
အရည်အချင်းများ
ပြင်ဆင်ရန်အောက်ဖော်ပြပါ စစ်ဆင်ရေးများတွင်သက်စွန့်ကြိုးပမ်း ပါဝင်တိုက်ခိုက် တာဝန်ထမ်းဆောင်ခဲ့လျက် ယင်းစစ်ဆင်ရေးများအနက် စစ်ဆင်ရေးတစ်ရပ်ရပ်တွင်လည်းကောင်း၊ စစ်ဆင်ရေးတစ်ရပ်ထက်ပိုသော စစ်ဆင်ရေးများတွင်လည်းကောင်း ပါဝင်ခဲ့ကြသူများကို ချီးမြှင့်သည်။စုစုပေါင်း တိုက်ပွဲဝင်ရက် ၁၅ ရက်ရှိရမည်ဟုလည်း သတ်မှတ်ထားသည်။[၃]
- ၁၉၅၃ ခုနှစ်၊ မတ်လမှ ၁၉၅၃ ခုနှစ်၊ ဧပြီလအတွင်းမိုင်းပန်နယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် နဂါးနိုင်စစ်ဆင်ရေး၊
- ၁၉၅၃ ခုနှစ်၊ ဇွန်လမှ ၁၉၅၃ ခုနှစ်၊ စက်တင်ဘာလ အတွင်းမိုင်းဆတ်နယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ဗန္ဓုလစစ်ဆင်ရေး၊
- ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ပြုလုပ်ခဲ့သောမော်ချီးနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ချယ်ရီ စစ်ဆေးရေး၊
- ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ပြုလုပ်ခဲ့သောဝမ်စလောင်းနှင့် ဂဒူးကြီးနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ယုဇနစစ်ဆင်ရေး၊
- ၁၉၅၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၁၉၅၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ ကာလအတွင်း မိုင်းတုံ၊ မိုင်းပုနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ဘုရင့်နောင်စစ်ဆင်ရေး၊
- ၁၉၅၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှ စတင်ပြုလုပ်ခဲ့သော သင်္ကန်းညီနောင်၊ မြဝတီလမ်းခွဲနှင့် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်ဝိုက်၌ ပြုလုပ်ခဲ့သည့်ဆင်ဖြူရှင်စစ်ဆင်ရေး၊
- ၁၉၅၅ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှ ၁၉၅၅ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ ကာလအတွင်း လွယ်လန်းနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ရန်ကြီးအောင်စစ်ဆင်ရေး၊
- ၁၉၆၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၉၆၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ကာလအတွင်း ကျိုင်းတုံခရိုင်၊ ကျိုင်းလပ်နယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့်မဲခေါင်စစ်ဆင်ရေး၊
- အထက်ပါ စစ်ဆင်ရေးများအပြင် ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၁၇ ရက်နေ့မှစ၍ နိုင်ငံ တစ်ဝန်းလုံးတွင် ပြုလုပ်ခဲ့သည့် ပြည်ပရန်နှိမ် စစ်ဆင်ရေးများ၊
- စစ်ဆင်ရေးကာလအတွင်း တပ်မတော်တွင် စစ်မှုထမ်းဆောင်လျက်ရှိခြင်း။
ချီးမြှင့်ခြင်းခံရသူများ
ပြင်ဆင်ရန်ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
နောက်ထပ်ကြည့်ရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၇.၁၂.၂၀၀၉)။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် (pdf) (in မြန်မာဘာသာ)။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝဘ်ဆိုက်။ 4 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၀၄.၀၂.၂၀၂၃ တွင် ပြန်စစ်ပြီး။ “အခန်း(၆)။ ချီးမြှင့်အပ်နှင်းရန် သတ်မှတ်သည့် ဂုဏ်ထူးဆောင်တံဆိပ်များနှင့် အဆင့်များ”
- ↑ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၇.၁၂.၂၀၀၉)။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် (pdf) (in မြန်မာဘာသာ)။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝဘ်ဆိုက်။ 4 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၀၄.၀၂.၂၀၂၃ တွင် ပြန်စစ်ပြီး။ “နောက်ဆက်တွဲ (င)။ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ နှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ၏ ပုံသဏ္ဌာန်၊ အရွယ်အစား၊ အတိုင်းအထွာ၊ ဖဲကြိုးအရောင်အသွေးနှင့် တံဆိပ်ပါ အမှတ်အသားများနှင့်ပတ်သက်၍အဓိပ္ပာယ်ဖော်ဆောင်ချက်များ”
- ↑ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် ထုတ်ပြန်ခြင်း၊အမိန့်ကြော်ငြာစာအမှတ်၊ ၄၈/ ၂၀၀၉။ မြန်မာဥပဒေသတင်းအချက်အလက်စနစ် (၁၇ ဒီဇင်ဘာ ၂၀၀၉)။ ၂၉ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]