ပွင့်ဆန်း
ဒေါက်တာ ပွင့်ဆန်း [၁]သည် အလုပ်သမားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး[၂] နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထိုတာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် တွင် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာပွင့်ဆန်း | |
---|---|
အလုပ်သမားဝန်ကြီးဌာန | |
တာဝန်သက်တမ်း ၁၉ ဩဂုတ် ၂၀၂၂ – ၂ ဩဂုတ် ၂၀၂၃ | |
ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
ယခင်လူ | ဦး မြင့်ကြိုင် |
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၃ ဖေဖော်ဝါရီ ၂၀၂၁ – ၁၉ ဩဂုတ် ၂၀၂၂ | |
ယခင်လူ | ဦး သန်းမြင့် (ဝန်ကြီး) |
ဆက်ခံသူ | ဦး အောင်နိုင်ဦး |
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး | |
တာဝန်သက်တမ်း ၂၀၁၀ – ၃၁ မတ်၂၀၁၆ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ရန်ကုန် | ၁၃ ဇူလိုင်၊ ၁၉၆၁
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
သားသမီး | ၄ |
မိခင်ကျောင်း | ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ရန်ကုန် စီးပွားရေး တက္ကသိုလ် |
အလုပ်အကိုင် | ဆရာဝန်၊စီးပွားရေးလုပ်ငန်းရှင် |
ငယ်ဘဝနှင့်နိုင်ငံရေးသမားဖြစ်လာခြင်း
ပြင်ဆင်ရန်ဒေါက်တာပွင့်ဆန်း သည် ဆေးတက္ကသိုလ်(၂) ကျောင်းဆင်းဆရာဝန်တစ်ဦးဖြစ်သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ နေ၍လည်း ဘွဲ့ရရှိခဲ့သည်။ နောက်ပိုင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာသည်။[၃] ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ အထွေထွေရွေးကောက်ပွဲ ၂၀၁၀ တွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ရင်း အနိုင်ရပြီးနောက် နိုင်ငံရေးသမားတစ်ဦးဖြစ်လာသည်။[၄] သမ္မတ ဦးသိန်းစိန်၏ သမ္မတသက်တမ်းအတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတာဝန်ထမ်းဆောင်သည်။ [၅] ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ဗဟိုအလုပ်အမှုဆောင်ဖြစ်လာသည်။ အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် မရမ်းကုန်းမဲဆန္ဒနယ် အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လည်းကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲ ဝင်ခဲ့သည်။[၆] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းအား မဲ အပြတ်အသတ်ဖြင့် ရှုံးနိမ့်သည်။[၇] [၈] ၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်း နောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ၃ရက်တွင် ၎င်းအား စစ်ကောင်စီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အဖြစ် တာဝန်ပေးသည်။[၉]ထိုရာထူး လက်ခံခဲ့၍ ဘီဘီစီမှတဆင့် ၎င်း၏သားဖြစ်သူ ဩစတြေးလျနေ ဒေါက်တာ ဘရိုင်ယန်၏ ဝေဖန်ချက်ကလည်း ထင်ရှားလှသည်။ ယင်းနောက် ဒေါက်တာပွင့်ဆန်းသည် အလုပ်သမားဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်းခံရသည်။ ၂၀၂၃ ဩဂုတ် ၂ရက်တွင် ဝန်ကြီးအဖြစ်မှ အနားပေးခံရသည်။ [၁၀]
ပိတ်ဆို့အရေးယူခံရမှု
ပြင်ဆင်ရန်အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာန (အိုအက်ဖ်အေစီ)က ၂၀၂၁ ခုနှစ် မေလ ၁၇ရက်နေ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွင် ဒေါက်တာပွင့်ဆန်းလည်းပါဝင်ခဲ့သည်။[၁၁] [၁၂] ၂၀၂၃ ဇူလိုင် ၂၀ရက်တွင် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှု စာရင်းထဲ ထည့်သွင်းခဲ့သည်။[၁၃][၁၄]
မိသားစုဘဝ
ပြင်ဆင်ရန်အိမ်ထောင်ရှိကာ သား၊သမီး ၄ဦးရှိပြီး တစ်ဦးမှာ ဩစတြေးလျတွင် နေထိုင်နေသည်။[၁၅]
ကိုးကား
ပြင်ဆင်ရန်- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 25 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 18 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီအဖွဲ့ဝင်အချို့နှင့်ဝန်ကြီးအချို့ ရာထူးမှဖယ်ရှားခံရ။ New Day Myanmar (၂ ဩဂုတ် ၂၀၂၃)။ 2 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ Myanmar/Burma: EU imposes seventh round of sanctions against six individuals and one entity။ Council of the EU (20 July 2023)။ 22 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2023 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီရဲ့စစ်ထောက်ချုပ်အပါအဝင် လူပုဂ္ဂိုလ် ၆ဦးနှင့်လုပ်ငန်းတစ်ခုကို EUအရေးယူပိတ်ဆို့ဒဏ်ခတ်။ New Day Myanmar (၂၁ ဇူလိုင် ၂၀၂၃)။ 22 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ You must specify archiveurl = and archivedate = when using {{cite web}}.မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။