ဖက်ဒရယ်ပြည်နယ်

ဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံများ၏ အုပ်ချုပ်ရေးဒေသ
မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်နယ်များ အတွက် မိုက်ခရိုနီးရှားနိုင်ငံ ကို ကြည့်ပါ။
ဖက်ဒရေးရှင်း နှင့် မရောထွေးပါနှင့်။

ဖက်ဒရယ်ပြည်နယ် (အင်္ဂလိပ်: Federated State၊ ရည်ညွှန်းသည့်အခေါ်အဝေါ်များ: state၊ province၊ region၊ canton၊ land၊ governorate၊ oblast၊ emirate သို့မဟုတ် country) ဆိုသည်မှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးသော နိုင်ငံများ (ဖက်ဒရေးရှင်းများ) ကို နယ်မြေအရသော်လည်းကောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရသော်လည်းကောင်း ဖွဲ့စည်းထားသည့် ပြည်နယ်မျိုးဖြစ်သည်။[၁] ဖက်ဒရယ်ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ရေးရှိသော်လည်း အချုပ်အခြာအာဏာပိုင်အဖြစ် သတ်မှတ်၍မရနိုင်ပေ။ ဖက်ဒရယ်ပြည်နယ်များဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကိုသာ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် သတ်မှတ်နိုင်သည်။[၂] ဖက်ဒရယ်ပြည်နယ်များတွင် ကိုယ်ပိုင်ဥပဒေပြုရေး၊ ကိုယ်ပိုင်တရားစီရင်ရေး စသည်တို့ရှိသည်။

အစိမ်းရောင်ခြယ်နိုင်ငံများသည် ဖက်ဒရယ်ပြည်နယ်များပါဝင်သည့် ဖက်ဒရယ်နိုင်ငံများဖြစ်သည်။

ဖက်ဒရယ်နိုင်ငံများသည် လွတ်လပ်သည့်နယ်မြေများ သို့မဟုတ် ကိုလိုနီကဲ့သို့ "Dependent territory" ခေါ် မှီခိုနယ်မြေများ (သာဓက– အမေရိကန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံ) မှဖွဲ့စည်းခြင်းဖြင့် ဖြစ်ပေါ်လာသည်။ သို့တည်းမဟုတ်လျှင် ပြည်ထောင်စုနိုင်ငံများ၏ အုပ်ချုပ်ရေးဒေသများကို ပြန်လည်ဖွဲ့စည်းခြင်းမှ ဖြစ်ပေါ်လာသည်။

ဖက်ဒရယ်နိုင်ငံတွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာကို ဗဟိုဖက်ဒရယ်အစိုးရနှင့် ပြည်နယ်များအကြားခွဲဝေရသည်။ သို့ဖြစ်ရာ ဖက်ဒရယ်ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ရေးကို အတိုင်းအတာတစ်ခုအထိရရှိသည်။ ဖက်ဒရယ်ပြည်နယ်များသည် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းနိုင်သည်။ ပြည်နယ်၏ဥပဒေပြုရေးကို ဗဟိုအစိုးရမှဗီတိုအာဏာဖြင့် ကန့်ကွက်ခြင်းမျိုးလည်းမရှိပေ။ ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရအကြား ဆက်ဆံရေးဆိုင်ရာ ဥပဒေများကို နှစ်ဖက်လုံးမှ ဆွေးနွှေးတိုင်ပင်ပြီး ပြောင်းလဲပြင်ဆင်နိုင်သည်။

အခေါ်အဝေါ်ကွဲပြားပုံ ပြင်ဆင်ရန်

အင်္ဂလိပ်ဘာသာစကားတွင် အစိုးရအဖွဲ့ဝင်များကို ခေါ်ဆိုရာတွင် ပြည်နယ်နှင့်နိုင်ငံတော်အဆင့်အလိုက် ကွဲပြားနိုင်သည်။ ဤဇယားသည် ယေဘုယျအားဖြင့် ခေါ်ဆို‌လေ့ရှိသော အခေါ်အဝေါ်များဖြစ်သည်။

အခေါ်အဝေါ် နိုင်ငံတော်အဆင့် ပြည်နယ်အဆင့်
နိုင်ငံခေါင်းဆောင် (Head of State)
သမ္မတနိုင်ငံခေါင်းဆောင် President Governor
သမ္မတနိုင်ငံခေါင်းဆောင် (ဒုတိယ‌) Vice President Lieutenant Governor
ဘုရင် Queen / King Queen / King
ဘုရင် (ကိုယ်စား) Governor General Governor / Lieutenant Governor
အစိုးရအဖွဲ့ (Executive branch)
အစိုးရခေါင်းဆောင် Prime Minister / Chancellor Premier
Chief Minister
Minister President
ဝန်ကြီးဌာနခေါင်းဆောင် Minister / Secretary Minister / Secretary
Commissioner
Superintendent
အစိုးရအဖွဲ့ Cabinet Cabinet
Privy Council Executive Council
Federal Government / Union Government State Government
Council of Ministers Board of Ministers / Council of Ministers
ဥပဒေပြုရေး (Legislative branch)
ဥပဒေပြုယန္တရား Parliament Legislature
Congress State Council
National Assembly General Assembly
အထက်လွှတ်တော် Council of States/ Senate Legislative Council
အောက်လွှတ်တော် House of Representatives Legislative Assembly
Chamber of Deputies Landtag
National Assembly House of Assembly
တရားစီရင်ရေး (Judicial branch)
အမြင့်ဆုံးတရားရုံး Supreme Court High Court
Court of Final Appeal

ပြည်နယ်အလိုက်ဖက်ဒရယ်နိုင်ငံများစာရင်း ပြင်ဆင်ရန်

နောက်ထပ် အချက်အလက်များ။ ဖက်ဒရယ်ခရိုင် နှင့် ဖက်ဒရယ်နယ်မြေ

ကိုးကား ပြင်ဆင်ရန်

  1. The Australian National Dictionary: Fourth Edition, pg 1395. (2004) Canberra. ISBN 978-0-19-551771-2.
  2. Crawford, J. (2006). The Creation of States in International Law. Oxford, Clarendon Press.
  3. Daniel၊ Kate; Special Broadcasting Service Corporation (2008)။ SBS World Guide: The Complete Fact File on Every Country, 16th ed.။ Prahran, Victoria, Australia: Hardie Grant Books။ p. 827။ ISBN 978-1-74066-648-0။ p26။
  4. SBS World Guide 2008, p38
  5. SBS World Guide 2008, p46
  6. SBS World Guide 2008, p74
  7. Decision of the Constitutional Court of the Federation of Bosnia and Herzegovina on Canton 10။ Constitutional Court of the Federation of Bosnia and Herzegovina။ 3 February 2020 တွင် ပြန်စစ်ပြီး။
  8. SBS World Guide 2008, p101
  9. SBS World Guide 2008, p132
  10. SBS World Guide 2008, p239
  11. SBS World Guide 2008, p275
  12. SBS World Guide 2008, p328
  13. SBS World Guide 2008, p346
  14. SBS World Guide 2008, p460
  15. SBS World Guide 2008, p481
  16. SBS World Guide 2008, p486
  17. SBS World Guide 2008, p537
  18. SBS World Guide 2008, p549
  19. SBS World Guide 2008, p600
  20. Chapter 3. The Federal Structure: Article 65The Constitution of the Russian Federation
  21. The Federal Republic of Somalia - Harmonized Draft Constitution။ Federal Republic of Somalia။ 26 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 July 2021 တွင် ပြန်စစ်ပြီး။
  22. Guidebook to the Somali Draft Provisional Constitution။ 14 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 July 2021 တွင် ပြန်စစ်ပြီး။
  23. SBS World Guide 2008, p687
  24. SBS World Guide 2008, p700
  25. SBS World Guide 2008, p760
  26. SBS World Guide 2008, p774
  27. SBS World Guide 2008, p798