ဖိုးရှမ်းဘုရားကမ်းခြေ သည် တနင်္သာရီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေတစ်ခု ဖြစ်သည်။ ကမ်းခြေသည် မြိတ်ခရိုင် အတွင်းရှိ ပုလောမြို့နယ် ရှပ်ပုံရွာတွင် တည်ရှိသည်။ ရှပ်ပုံရွာ၏အနောက်ဘက် (၁၃) မိုင်ကျော်ခန့်အကွာတွင် ကပ္ပလီပင်လယ်ပြင်ကြီးအား မျက်နှာမူထားလျှက် တည်ရှိပြီး ကွန်ကရစ်လမ်းခင်းထားသော ကြောင့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များဖြင့် အလွယ်တကူ ရာသီ မရွေးသွားလာနိုင်သည်။ ပုလောမြို့ မှ ရပ်ပုံရွာအား ဖြတ်ကျော်ပြီး သွားရမည် ဖြစ်သည်။ ပင်လယ်ရေတက်ချိန်များတွင် ပင်လယ်ကမ်းခြေမှ ရေလယ်ဘုရား တည်ရှိရာ ကျွန်းသို့ဝါးနှင့်သစ်သားတို့ဖြင့် ဆောက်လုပ်ထားသည့် တံတားပေါ်မှဖြတ်သန်းသွားလာ ရပြီး ရေကျချိန်များတွင် သဲသောင် ပြင်မှ လမ်းလျှောက်ကာ ရေလယ် ကျွန်းပေါ်ရှိ သမုတ်တောင်ထိပ်၌ တည်ထားကိုးကွယ်ထားသည် ရှေး ဟောင်း ဖိုးရှမ်းဘုရားအား ဖူးမြော် ကြည်ညိုနိုင်သည်။

ဖိုးရှမ်းဘုရား ကမ်းခြေ
ဖိုးရှမ်းဘုရား ကမ်းခြေ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဖိုးရှမ်းဘုရား ကမ်းခြေ
ဖိုးရှမ်းဘုရား ကမ်းခြေ
ကိုဩဒိနိတ်: 13°01′4.95″N 98°34′59.94″E / 13.0180417°N 98.5833167°E / 13.0180417; 98.5833167ကိုဩဒိနိတ်: 13°01′4.95″N 98°34′59.94″E / 13.0180417°N 98.5833167°E / 13.0180417; 98.5833167
နိုင်ငံမြန်မာနိုင်ငံ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
မြို့နယ်ပုလောမြို့နယ်
ကျေးရွာရှပ်ပုံကျေးရွာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC6:30)