B သည် အင်္ဂလိပ်အက္ခရာတွင် ဒုတိယမြောက် အက္ခရာဖြစ်သည်။ နှုတ်ခမ်းနှစ်ခု ထိပြီး (bi/) Bee သံဖြင့် ဟူ၍ အသံထွက်ပြီး အများကိန်းအတွက် Bees ဟူ၍ အသံထွက်သည်။အလယ်ခေတ်( ဘီစီ ၁၀၅၀ ခန့်) အီဂျစ်တို့ ရေးဆွဲခဲ့သော အီဂျစ်အရုပ်စာသင်္ကေတမှ အိမ်ပုံစံကလေးမှ စတင်၍ ဖြစ်ပေါ်လာသည်ဟု ပြောနိုင်သည်။ အောက်ပါ ဇယားသည် ဖြစ်ပေါ်လာပုံနှင့် အသုံးပြုသော ဘာသာများတွင် ရေးသားထားပုံများ ဖြစ်ကြသည်။

B
အခြေခံ လက်တင်အက္ခရာ
Aa Bb Cc Dd    
Ee Ff Gg Hh
Ii Jj Kk Ll Mm Nn
Oo Pp Qq Rr Ss Tt
Uu Vv Ww Xx Yy Zz
အီဂျစ်အရုပ်စာသင်္ကေတ
တိုက်ပု
Proto-Canaanite
အိမ်
Phoenician
beth
ဂရိအက္ခရာ
Beta
ဩပ်ရုစကမ်း
B
ရောမ
B
Egyptian hieroglyphic house Proto-semitic house Phoenician beth Greek beta Etruscan B Roman B

အသုံးပြုပုံပြင်ဆင်

  • B ကို အဆင့်အတန်း၊ အုပ်စုဖွဲ့စည်းမှုများ သတ်မှတ်ရာတွင် ဒုတိယမြောက် အဖြစ်သတ်မှတ်ကြသည်။
  • B# ဟူ၍ဂီတသင်္ကေတအတွက် သတ်မှတ်ထားသည်။
  • ဆေးပညာရပ်တွင် သွေးအုပ်စုခွဲခြားရာ၌လည်း B သွေးအုပ်စု ဟူ၍ ရှိသည်။
  • အနုမြူ ဓာတ်ရောင်ခြည်၌ Beta ရောင်ခြည်ကို βသင်္ကေတဖြင့် သတ်မှတ်ချက်ရှိသေးသည်။
  • ဓာတုဗေဒ ပညာရပ်တွင် ဘိုရွန်( Boron ) ဓာတ်ကို B ဟုသတ်မှတ်ထားသည်။
  • အိုင်တီလောကတွင် B ကို စာလုံးအားကြီး၍မည်းစေအောင် ပြုလုပ်နိုင်သည့် သင်္ကေတအနေဖြင့် အသုံးပြုသည်။
  • အင်တာနက် အချက်ပြလှိုင်းများ၏ မြန်နှုန်းကိုလည်း B(b) သင်္ကေတဖြင့် ပြဆိုသည်။
  • ထို့အပြင် "B" သင်္ကေတ အကြီးကို ကို ကွန်ပျူတာယူနီကုဒ်အမှတ် U+0042 အဖြစ်အသုံးပြုပြီး "b"အသေးကို ယူနီကုဒ်အမှတ် U+0062 အဖြစ်အသုံးပြုထည့်သွင်းထားသည်။

ယနေ့ခေတ် မော်ဒန် စာလုံးစတိုလ်များတွင် ဘီကို ဤသို့ အမျိုးမျိုးရေးသားကြသည်။

   
     

[၁]


ကိုးကားပြင်ဆင်

  1. B - Simple English Wikipedia, the free encyclopedia