အမ် (အက္ခရာ)
M သည် လက်တင်ဘာသာ၊ အင်္ဂလိပ်အက္ခရာစဉ်တွင် ၁၃ လုံးမြောက် အက္ခရာဖြစ်၍ (/ˈɛm/; အမည်-em)[၁]ဟု အသံထွက်ပါသည်။
အခြေခံ လက်တင်အက္ခရာ | |||||
---|---|---|---|---|---|
Aa | Bb | Cc | Dd | ||
Ee | Ff | Gg | Hh | ||
Ii | Jj | Kk | Ll | Mm | Nn |
Oo | Pp | Rr | Ss | Tt | |
Uu | Vv | Ww | Xx | Yy | Zz |
သမိုင်း
ပြင်ဆင်ရန်M ဆိုသည့် အင်္ဂလိပ်စကားလုံးအား ဂရိ မြူ (Greek Mu) မှတဆင့် ဖိုးနီးရှန်းန် မမ်(Phoenician Mem) မှ ရရှိခဲ့ကြသည်။ စီမီတစ် မမ်(Semitic Mem)၏ မူလသည် ရေပုံမှဖြစ်လာသည်မှာ သေချာသလောက်ရှိသည်။ အီဂျစ်ခေတ်တွင် စီမီတစ်လူများ အလုပ်လုပ်နေသည်ကို သိပြီးဖြစ်သည်။ ၎င်းတို့သည် ၂၀၀၀ ဘီစီခန့်တွင် ရေအတွက်အီဂျစ်စာလုံး(n-t)ကြောင့် နှာသံပါသွားရင်းဗျည်းတစ်ခုအတွက် ရေပုံ အရုပ်စာကို ပထမဆုံး ငှားယူအသုံးပြုခဲ့ကြသည်။ ဤတူသောသင်္ကေတသည် စီမီတစ်ဘာသာတွင် /m/ အတွက် အသုံးပြုဖို့ရန်ဖြစ်လာခဲ့သည်မှာ ၎င်းတို့၏စာလုံးတွင် ရေအတွက် ၎င်းစာလုံးအသံထွက်သောကြောင့်ဖြစ်သည်။ ခေတ်သစ်ဘာသာစကားများကဲ့သို့သော စံနှုန်းထားသည့်ဘာသာစကားများတွင် အက္ခရာ <m>သည် နှုတ်ခမ်းဗျည်းအက္ခရာအသံ (m)ကို ကိုယ်စားပြုသည်။ အောက်စဖိုဒ်အင်္ဂလိပ်အဘိဓာန်(ပထမတည်းဖြတ်မှု)တွင် ပြောဆိုသည်မှာ (m)သည် နောက်၌ ism နှင့် spasm ကဲ့သို့ စကားလုံးများအတွင်း သရအက္ခရာတစ်ခုဖြစ်သည်ဟု ဖြစ်သည်။ ခေတ်သစ်ဘာသာဗေဒများတွင်မူ ဝဏ္ဏဗျည်းသံတစ်ခုကဲ့သို့ ဖော်ပြခြင်း ခံရသည်။-IPA [m]
အီဂျစ်အရုပ်စာသင်္ကေတ "N" |
Proto-Semitic M |
ဖိုးနီးရှန်းန် mem |
ဩပ်ရုစကမ် M |
ဂရိ mu | |||
---|---|---|---|---|---|---|---|
|
အသုံးပြုပုံ
ပြင်ဆင်ရန်- ယူနီကုဒ်တွင် အက္ခရာကြီး Mသည် ကုဒ်အမှတ် U+004D ဖြစ်၍ အက္ခရာသေးသည် ကုဒ်အမှတ် U+006D အဖြစ်တည်ရှိသည်။
- ASCII ကုဒ်တွင် အက္ခရာကြီး Mသည် ၇၇ ဖြစ်၍ အက္ခရာကြီး Mသည် ၁၀၉ သို့မဟုတ် ဘိုင်နရီ ၀၁၀၀၁၁၀၁ နှင့် ၀၁၁၀၁၁၀၁ စသဖြင့် လိုက်ရောညီထွေ တည်ရှိနေကြသည်။
- EBCDIC ကုဒ်အတွက် M အကြီးသည် ၂၁၂ ဖြစ်၍ အသေးသည် ၁၄၈ ဖြစ်ပြန်သည်။
- HTML နှင့် XMLတို့တွင် ဂဏန်းဆိုင်ရာရုပ်လက္ခဏာညွှန်းဆိုမှုသည် are "M" နှင့် "m" ဖြစ်ကြပြီးလျှင် အက္ခရာအကြီးနှင့် အသေးပုံစံ အသီးသီး ရှိကြသည်။
NATO phonetic | မောရ်စ်၏ သင်္ကေတ |
Mike |
အချက်ပြအလံ | Flag semaphore | မျက်မမြင် သင်္ကေတ |
ကိုးကား
ပြင်ဆင်ရန်- ↑ "M" Oxford English Dictionary, 2nd edition (1989); Merriam-Webster's Third New International Dictionary of the English Language, Unabridged (1993); "em," op. cit.