အက်ဖ် (အက္ခရာ)

လက်တင်စကားလုံး
(F မှ ပြန်ညွှန်းထားသည်)

F သည် ၆ ခုမြောက် အခြေခံ ခေတ်သစ် လက်တင် အက္ခရာ ဖြစ်သည်။အင်္ဂလိပ်ဘာသာတွင် (/ɛf/) သည် (ef) သို့မဟုတ် F ဟု အသံထွက်သည်။[၁][၂]

F
F
အခြေခံ လက်တင်အက္ခရာ
Aa Bb Cc Dd    
Ee Ff Gg Hh
Ii Jj Kk Ll Mm Nn
Oo Pp Qq Rr Ss Tt
Uu Vv Ww Xx Yy Zz

စီမီတစ်ဘာသာ၌ vâv သည် /v/ ကို ကိုယ်စားပြုပြီး ယေဘူယျအားဖြင့် တင်းပုတ် သို့မဟုတ် ချိတ်ပုံစံလေးဖြင့် ဖော်ပြကြသည်။ F သည် ထိုပုံစံလေးများမှ ဖြစ်ပေါ်လာသည်။ ထို့အပြင် ၎င်းသည် အီဂျစ်အရုပ်စာ သင်္ကေတလေးများကို အခြေခံထားခြင်းလည်း ဖြစ်နိုင်သည်။ ဥပမာ- အောက်ပါပုံလေးကို အခြေခံထားခြင်းသည်လည်း ဖြစ်နိုင်သည်။

T3


ပရိုတို-စီမီတစ်
W
ဖိုနီးရှန်း
waw
ဩရုစကမ်
W
ဂရိ
Digamma
ရောမ
F
Roman F

ဖိုနီးရှင်းဘာသာမှ F ၏ပုံစံကို ဂရိဘာသာသို့ မွေးစားထားခဲ့ပြီး အသံထွက်ကို upsilon (၎င်းသည် ဂရိဘာသာတွင် Yကို ကိုယ်စားပြုသည်၊ နောက်ပိုင်း၌ ရောမအက္ခရာတွင်လည်း < U >,< V >,< W > ဖြစ်ပေါ်လာစေသည်။) ဟုခေါ်သည်။ ထို့အပြင် ဂရိဘာသာမှ digamma (၎င်းသည် F ပုံစံဖြစ်သော်လည်းအသံထွက်မှာ /w/ ဖြစ်သည်။)F ကိုအတုခိုး ရေးသား ထားခြင်းသည်လည်း ဖြစ်နိုင်သည်။ ဩရုစကမ် ဘာသာတွင် -- ကို wအဖြစ်သာ ဖော်ပြခဲ့ကြသည်။ ရောမအက္ခရာတွင် digraph (FH) ကို /f/ ကို ဖော်ပြရန်အတွက် အသုံးပြုခဲ့ကြသည်။ ၎င်းစကားလုံးကို ဩရုစကမ် ဘာသာတွင် wအဖြစ်သာ အသုံးပြုခြင်းမှာ ၎င်းတို့သည် ဂရိဘာသာမှ U ကို w အဖြစ်ဖော်ပြရန်အတွက် အသုံးပြုထားပြီးသောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် ဂရိဘာသာမှ ဖိုင်(Phi)‹Φ› ကို နှုတ်ခမ်းဟသံထွက်ရန်အတွက် အသုံးပြုခဲ့ကြပြီးဖြစ်သော်လည်း လက်ရှိ ခေတ်သစ်ဂရိဘာသာတွင်မူ ထိုအသံထွက်သည် F နှင့် အနီးစပ်ဆုံးတူသော အသံထွက်ဖြစ်သည်။

အသုံးပြုပုံ ပြင်ဆင်ရန်

အက်ဖ် (အက္ခရာ) ကို အခြားနည်းဖြင့် ဖေါ်ပြချက်များ
NATO phonetic မောရ်စ်၏ သင်္ကေတ
Foxtrot ··–·
     
အချက်ပြအလံ Flag semaphore မျက်မမြင် သင်္ကေတ
  • F ကို ဖေဖော်ဝါရီလ နှင့် Friday (သောကြာနေ့) အဖြစ် ပြက္ခဒိန်တွင် ဖော်ပြကြသည်။
  • ဓာတုဗေဒ ဘာသာရပ်တွင် Fကို ဖလိုရင်း ဒြပ်စင်တစ်ခု၏ သင်္ကေတအဖြစ်ဖော်ပြကြသည်။
  • ပညာရေးနယ်ပယ်တွင် Fသည် ကျဆုံးခြင်း အဓိပ္ပာယ် ဖြစ်သည်။
  • ထို့အပြင် ဂီတသင်္ကေတွင် Fသည် နုတ်တစ်ခုပင်ဖြစ်သည်။
  • အပူချိန်တိုင်းတာရာ၌လည်း F ကို ဖာရင်ဟိုက် အဖြစ်အတိုကောက် ဖော်ပြခဲ့သည်။
  • ယုတ္တိဗေဒတွင် F ကို (False) *အမှားအဖြစ်ကိုယ်စားပြုပြီး T ကို (True)အမှန်ဟူ၍ ဖော်ပြကြသည်။
  • ယူနီကုတ်တွင် F အကြီးကို U+0046 အဖြစ်လည်းကောင်း၊ f အသေးအား U+0066 အဖြစ်သတ်မှတ်ထားသည်။[၃]


[၄]

ကိုးကား ပြင်ဆင်ရန်

  1. The American Heritage Dictionary of the English Language. 1976.
  2. "F" Oxford English Dictionary, 2nd edition (1989); "ef", "eff", "bee" (under bee eff) op. cit.
  3. The Unicode Standard, Version 5.0, chapter 7, page 236 37။ Unicode Consortium (2006-10-01)။ 2009-04-14 တွင် ပြန်စစ်ပြီး။
  4. F - Simple English Wikipedia, the free encyclopedia