Gသည် ၇ လုံးမြောက်သော အခြေခံ လက်တင်အက္ခရာတစ်ခုဖြစ်သည်။ G သည် C ၏ မူကွဲ စာလုံးတစ်လုံးဖြစ်ပြီး K သံမှ ကွဲပြားစေရန်အတွက် ရှေးဟောင်းလက်တင်စာပေအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ G အား အင်္ဂလိပ်ဘာသာဖြင့် /ge/; အများကိန်းအတွက် /ges/ ဟူ၍ အသံထွက်သည်။[၁]ရောမခေတ် ဘီစီ ၂၃၀ ခန့်တွင် ပထမဆုံးသော အခပေးစာသင်ကျောင်း ဖွင့်လှစ်ရန်အတွက် အကျဉ်းသား ဘဝမှ လွတ်မြောက်ပေးခြင်းခံရသူတစ်ဦးဖြစ်သူ Spurius Carvilius Ruga မှ ထိုစာလုံးအား တီထွင်ပေးခဲ့သည်။ ထို့နောက်သူ၏ကျောင်းတွင် ထိုစာလုံးကို သင်ကြားပို့ချပေးခဲ့သည်။
ဂျီ (အက္ခရာ) ကို အခြားနည်းဖြင့် ဖေါ်ပြချက်များ
ယခင်က G အား Z နေရာတွင် အစားထိုးခဲ့သည်။ ထို့နောက်G သံသည် K ဖြစ်လာသကဲ့သို့ပင် G သံသည် ပျော့ပြောင်းလာခဲ့သည်။ ထို့ကြောင့် G အသံထွက်သည် အင်္ဂလိပ်ဘာသာမှသည် ရောမဘာသာထိအောင် အသံထွက် အမျိုးမျိုး ရှိလေသည်။
G တွင် ရေးသားနည်း ၂ မျိုး ရှိလေသည်။ အက္ခရာအသေး G တွင် g ကို Double-Story ၍ခေါ်ပြီး နှင့် ɡ ကို Single-Story ဟုခေါ်သော G ဟူ၍ နှစ်မျိုးရှိသည်။ သို့သော် ɡ သည်သာလျှင် နိုင်ငံတကာ အက္ခရာရေးနည်းတွင် အသုံးပြုလေသည်။
Double Story Gတွင် အဝိုင်းနှစ်ခု ဆက်ထားသော g အပေါ်ရှိ အမျှင်ကလေးကို နား(ear) ဟု ခေါ်လေသည်။