ဘောလခဲမြို့နယ် သည် မြန်မာနိုင်ငံကယားပြည်နယ်ဘောလခဲခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ ဘောလခဲမြို့နှင့် ရွာသစ်မြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ဘောလခဲမြို့ ဖြစ်သည်။

ဘောလခဲမြို့နယ်
ကယားပြည်နယ်အတွင်းရှိ မြို့နယ်
ဘောလခဲခရိုင်အတွင်းတည်နေရာ (အနီ)
ဘောလခဲခရိုင်အတွင်းတည်နေရာ (အနီ)
ဘောလခဲမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဘောလခဲမြို့နယ်
ဘောလခဲမြို့နယ်
ဘောလခဲမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 19°10′33″N 97°20′37″E / 19.17583°N 97.34361°E / 19.17583; 97.34361ကိုဩဒိနိတ်: 19°10′33″N 97°20′37″E / 19.17583°N 97.34361°E / 19.17583; 97.34361
နိုင်ငံ မြန်မာ
ပြည်နယ် ကယား
ခရိုင်​ဘောလခဲ
မြို့နယ်ရုံးစိုက်ရာမြို့ဘော်လခဲမြို့
ဧရိယာ
 • စုစုပေါင်း၃၅၂.၈၉ စတုရန်းမိုင် (၉၁၄�၀ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၅၄၂ ပေ (၁၆၅ မီတာ)
လူဦးရေ (အောက်တိုဘာ ၂၀၁၇)
 • စုစုပေါင်း၇,၅၀၈
 • သိပ်သည်းမှု၂၁/sq mi (၈.၂/km)
 • ဒေသခံလူမျိုးများကယား (၆၄.၆၄%)
ရှမ်း (၂၇.၃၈%)
ဗမာ (၆.၁၀%)
ကရင် (၁.၃၆%)
ချင်း (၀.၂၉%)
ရခိုင် (၀.၁၉%)
အခြား (၀.၀၄%)
 • ကိုးကွယ်မှုဗုဒ္ဓခရစ်ယာန်
 [၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်း​ကြောင်း ပြင်ဆင်ရန်

မင်းတုန်းမင်းလက်ထက်တွင် ဖဘန့်မင်း(ဖိုးဘျား)​စော်ဘွားကြီးအုပ်ချုပ်​သော နယ်ပယ်တစ်ခုအဖြစ် တည်ရှိခဲ့သည်။​ဘောလခဲဟူ​သောစကားမှာ ယင်းတလဲဘာသာစကားဖြင့် မှည့်​ခေါ်​သော တ​ဘော့လျာနှင့် တခဲလျာ ​ချောင်းနှစ်​ချောင်းအကြားတွင် တည်ရှိပြီး အဆိုပါ​ချောင်းနှစ်​ချောင်းကို​ပေါင်းပြီး တ​ဘော့တခဲဟု မှည့်​ခေါ်ထားသည်။ အချိန်ကြာ​သော် ​ဘောလခဲဖြစ်လာခဲ့သည်။​ဘောလခဲကို ​ဟော်နန်းစိုက်၍ စိုးစံ​သော ဖဘန့်မင်းလက်ထက်တွင် တိကျ​သော နယ်နိမိတ်မရှိ​သော်လည်း နယ်ချဲ့တို့လက်ထက်တွင် နယ်နိမိတ် သတ်မှတ်ခဲ့သည်။​ဘောလခဲ​စော်ဘွားလက်ထက်တွင် ​တောင်ပိုင်း​ဘောလခဲနှင့် ​မြောက်ပိုင်း​ဘောလခဲဟူ၍ ၂ပိုင်းရှိသည်။​တောင်ပိုင်း​ဘောလခဲတွင် ဖား​ဆောင်း၊​မော်ချီးနှင့် နန်းဖဲ၊ ​မြောက်ပိုင်း​ဘောလခဲတွင် နန်းဖယ်ခုံ၊ ​ဒေါ​ရောက်ခူ၊ ​ဆောင်းဒူးနှင့် မုဆိုးတို့ပါဝင်သည်။ ၁၉၆၀ပြည့်နှစ်တွင် ကယားပြည်နယ်ကို ​စောဖျာဒူးဟု​ခေါ်​သော ​စော်ဘွားအုပ်ချုပ်နယ်၃နယ်မှ မြို့နယ်၆ခုအထိ တိုးချဲ့ဖွဲ့စည်းရာ ​ဘောလခဲနယ်မှာ ​ပျောက်ကွယ်ခဲ့ရသည်။ ယခင် ​တောင်ပိုင်း​ဘောလခဲကို ဖား​ဆောင်းနယ်​မြေအတွင်းလည်း​ကောင်း၊ ​မြောက်ပိုင်း​ဘောလခဲကို ဒီး​မော့ဆိုမြို့နယ်အဖြစ်လည်း​ကောင်း ထည့်သွင်းဖွဲ့စည်းခဲ့သည်။၁၉၇၂ခုနှစ် ဇူလိုင်လ၈ရက်​နေ့တွင် ​ဘောလခဲမြို့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

ပထဝီဝင်အ​နေအထား ပြင်ဆင်ရန်

တည်နေရာနှင့် အကျယ်အဝန်း ပြင်ဆင်ရန်

ဘော်လခဲမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၀ မိနစ်မှ ၁၉ ဒီဂရီ ၁၄ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၇ မိနစ်မှ ၉၇ ဒီဂရီ ၅ဝ မိနစ်အတွင်း တည်ရှိသည်။ ဘော်လခဲမြို့နယ်၏ အကျယ်အဝန်းမှာ ၃၅၂.၈၉ စတုရန်းမိုင် (၉၁၄.၀ စတုရန်း ကီလိုမီတာ) ဖြစ်သည်။[၂]

နယ်နိမိတ် ပြင်ဆင်ရန်

ဘော်လခဲမြို့နယ်သည် မြောက်ဘက်တွင် လွိုင်ကော်မြို့နယ်ဒီမောဆိုးမြို့နယ်နှင့် ရှားတောမြို့နယ်၊ အရှေ့ဘက်တွင် ရှားတောမြို့နယ်နှင့် မယ်စဲ့မြို့နယ်၊ တောင်ဘက်တွင် မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ အနောက်ဘက်တွင် ဖားဆောင်းမြို့နယ်၊ ဖရူးဆိုးမြို့နယ်တို့နှင့် နယ်နိမိတ် ဆက်စပ်နေသည်။

မြေမျက်နှာ သွင်ပြင် ပြင်ဆင်ရန်

ဘော်လခဲမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၂ ပေတွင် တည်ရှိပြီး တောင်ကုန်းတောင်တန်းများ ဝန်းရံနေသော ချိုင့်ဝှမ်းဒေသ ဖြစ်သည်။[၂]

ရေဆင်း ပြင်ဆင်ရန်

ဘော်လခဲမြို့နယ်တွင် မြစ်ချောင်းများနည်းပါးပြီး မြစ်ချောင်းများသည် မြောက် မှတောင်သို့ စီးဆင်းသည်။ ထင်ရှားသောချောင်းမှာ ပွန်ချောင်းဖြစ်ပြီး ဘော်လခဲမြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းသည်။

ရာသီဥတု ပြင်ဆင်ရန်

ဘော်လခဲမြို့နယ်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၃ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ပုံမှန်မိုးရေချိန်မှာ ၃၅ လက်မ ဖြစ်သည်။[၂]

လူဦးရေ ပြင်ဆင်ရန်

​ဘောလခဲမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ကယားလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ဗမာ၊ကရင်၊ချင်းနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်ဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။

ဘောလခဲမြို့နယ်၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်း​ခေါင်စာရင်းအရ ၈,၄၈၀ ဦး ဖြစ်ပြီး[၃] ၂၀၁၈ ခုနှစ် မတ်လအထိ လူဦးရေမှာ ၇,၇၃၉ ဦး ဖြစ်ကာ ဘောလခဲမြို့ပေါ်တွင် ၂,၉၇၀ ဦး၊ ဘော်လခဲကျေးလက်ဒေသတွင် ၄,၇၆၉ ဦးနှင့် ရွာသစ်မြို့ပေါ်တွင် ၂၂၃၃ ဦးတို့ နေထိုင်ကြသည်။[၁]

စီးပွား​ရေး ပြင်ဆင်ရန်

​ဘောလခဲမြို့နယ်သည် ကယားပြည်နယ်အတွင်းရှိ စီးပွား​ရေး ဖွံ့ဖြိုးမှု​နှေး​ကွေး​သော​မြို့နယ်ဖြစ်သည်။ မြို့နယ်​နေလူထုသည် ​တောင်ယာနှမ်းစိုက်ပျိုးခြင်းကို အဓိက လုပ်ကိုင်ကြသည်။ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၃ခုရှိသည်။

​ဈေးများ ပြင်ဆင်ရန်

  • ​ဘောလခဲမြို့မ​ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး ပြင်ဆင်ရန်

ဘောလခဲမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးအတွက် ရေကြောင်း၊ လေကြောင်းနှင့် မီးရထားလမ်းများ မရှိဘဲ ကားလမ်းတစ်မျိုးသာ ရှိသည်။

ပညာရေး ပြင်ဆင်ရန်

အ​ခြေခံပညာ ပြင်ဆင်ရန်

အထက ပြင်ဆင်ရန်

အထက်တန်းကျောင်း ၁ကျောင်းရှိသည်။

  • အထက ​ဘောလခဲ

အထက(ခွဲ)/အလက ပြင်ဆင်ရန်

  • အလက (ထ(ခွဲ)) နန်းဖဲ
  • အလက (ထ(ခွဲ)) ချိကွဲ့

အမက ပြင်ဆင်ရန်

မူလတန်း​ကျောင်း ၁၇ကျောင်းရှိသည်။ [၁]

ကျန်းမာရေး ပြင်ဆင်ရန်

ဘော်လခဲမြို့နယ်တွင် ခုတင် ၅၀ ဆံ့ မြို့နယ်ဆေးရုံ ၁ ခု၊ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခု၊ နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၁၅ ခု ရှိသည်။[၁]

​ဆေးရုံများ ပြင်ဆင်ရန်

  • ​ဘောလခဲ​ဆေးရုံ
  • ရွာသစ် တိုက်နယ်​ဆေးရုံ

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ဘောလခဲမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (PDF)။ ဘောလခဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။ အောက်တိုဘာ ၂၀၁၇။ ၂ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ဘောလခဲမြို့နယ်၏ ဒေသန္တရအချက်အလက်များ။ ကယားပြည်နယ်အစိုးရအဖွဲ့။ ၂ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၀။