ဖရူဆိုမြို့နယ်

(ဖရူးဆိုးမြို့နယ် မှ ပြန်ညွှန်းထားသည်)

ဖရူဆိုမြို့နယ် (အင်္ဂလိပ်: Hpruso Township) သည် မြန်မာနိုင်ငံကယားပြည်နယ်ဒီးမော့ဆိုခရိုင်တွင် ပါဝင်သည့် မြို့နယ် တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဖရူဆိုမြို့ ဖြစ်သည်။

ဖရူဆိုမြို့နယ်
မြို့နယ်
ဒီး​မော့ဆိုခရိုင်အတွင်း တည်နေရာ (အနီ)
ဒီး​မော့ဆိုခရိုင်အတွင်း တည်နေရာ (အနီ)
ဖရူဆိုမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဖရူဆိုမြို့နယ်
ဖရူဆိုမြို့နယ်
ဖရူဆိုမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 19°2′58″N 97°7′32″E / 19.04944°N 97.12556°E / 19.04944; 97.12556ကိုဩဒိနိတ်: 19°2′58″N 97°7′32″E / 19.04944°N 97.12556°E / 19.04944; 97.12556
နိုင်ငံ မြန်မာ
ပြည်နယ် ကယား
ခရိုင်ဒီး​မော့ဆို
မြို့နယ်ရုံးစိုက်ရာမြို့ဖရူဆိုမြို့
ဧရိယာ
 • မြို့နယ်၂၄၈.၂၃ စတုရန်းမိုင် (၆၄၂.၉၁ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၃၂၆၀ ပေ (၉၉၀ မီတာ)
လူဦးရေ (မတ် ၂၀၁၇)[၁]
 • မြို့နယ်၂၉,၆၅၁
 • သိပ်သည်းမှု၁၂၀/sq mi (၄၆/km)
 • မြို့ပေါ်၃,၇၉၆
 • ကျေးလက်၂၅,၈၅၅
 • လူမျိုးများကယား (၉၉.၆%)
ဗမာ (၀.၂၅%)
ကရင် (၀.၁၃%)
ရှမ်း (၀.၀၁%)
အိန္ဒိယ (၀.၀၁%)
 • ကိုးကွယ်မှုဗုဒ္ဓခရစ်ယာန်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်း​ကြောင်း ပြင်ဆင်ရန်

အမည်ရင်းမြစ် ပြင်ဆင်ရန်

မြို့၏ အနောက်တောင်ဘက်တွင် ဂူပေါက်ရှိသော တောင်နှင့် တောင်ကမ်းပါးကို အမှီပြု၍ ကယားဘာသာစကားဖြင့် ဖရူဆိုဟု ခေါ်ဆိုခဲ့သည်။ ပရို - တန်ခိုးအာနုဘော် ဖော်ပြနိုင်သူ၊ ဆို - တောင် ဟု အဓိပ္ပာယ်ရသည်။[၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

ဖရူဆိုမြို့နယ် အမည်မတွင်မီက ကြယ်ဖိုးကြီးနယ်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။ ကယားဘာသာစကားဖြင့် "ကေးလျား"၊ မြန်မာဘာသာစကားအရ "ကျယ်ဝန်းသော နယ်မြေ" ဟု အဓိပ္ပာယ်ရသည်။

ကေးလျားကြယ်ဖိုးကြီးနယ်သည် ရှားရယ် (ခ) ကေးဖိုးဒူမင်း (ကေးဖိုးဒူစော်ဘွား) လက်ထက်မှစ၍ စော်ဘွားများ အာဏာစွန့်လွှတ်သည့် ၁၉၅၆-၆၀ ခုနှစ်အထိ ထင်ရှားသော နယ်တစ်နယ် ဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အုပ်ချုပ်ရေးရုံးစိုက်ရာဒေသကို ကြယ်ဖိုးကြီးရွာမှ ဖရူဆိုရွာ (ညောင်ဇင်ရွာ) သို့ ပြောင်းရွှေ့ခဲ့သည်။[၁]

တော်လှန်ရေးကောင်စီ မတက်မီအထိ ဖရူဆိုမြို့မ၊ မိုဆို၊ တော်ခူ၊ ဟိုယာ၊ ဝေဝါ၊ ကေကော အစရှိသော တိုက်နယ် ၆ နယ်ဖြင့် အုပ်ချုပ်လာပြီး ၁၉၆၂ မှစ၍ ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၁၄ ခု၊ ကျေးရွာ ၁၁၅ ရွာ ခွဲ၍ အုပ်ချုပ်ခဲ့သည်။[၁]

ပထဝီဝင်အ​နေအထား ပြင်ဆင်ရန်

မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၇ မိနစ်နှင့် ၁၉ ဒီဂရီ ၅၈ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀ မိနစ်နှင့် ၉၇ ဒီဂရီ ၇၃ မိနစ် အကြားတွင် တည်ရှိပြီး ၆၄၂.၉၁ စတုရန်းမိုင် (၁,၆၆၅.၁ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းသည်။[၂] အရှေ့မှ အနောက်သို့ ၆၄ မိုင်နှင့် တောင်မှ မြောက်သို့ ၇၈ မိုင် ရှည်လျားသည်။

နယ်နိမိတ် ပြင်ဆင်ရန်

ဖရူဆိုမြို့နယ်၏ အရှေ့ဘက်တွင် ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်၊ တောင်ဘက်တွင် ဖားဆောင်းမြို့နယ်၊ အနောက်ဘက်တွင် ကရင်ပြည်နယ်ရှိ သံတောင်ကြီးမြို့နယ်ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့နယ်၊ မြောက်ဘက်တွင် ဒီးမော့ဆိုမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

ဖရူဆိုမြို့နယ်သည် မြစ်ချောင်းများနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ၂၉၈၂ ပေတွင် တည်ရှိသည်။ မြို့နယ်တွင်းရှိ ထင်ရှားသောတောင်မှာ ခေါသခေါတောင်ဖြစ်ပြီး ၆၆,၈၃၂ ပေ မြင့်မားသည်။[၂]

ရာသီဥတု ပြင်ဆင်ရန်

ဖရူဆိုမြို့နယ်သည် အပူအအေး မျှတသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန် ၆ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ပုံမှန်မိုးရေချိန်မှာ ၃၅ လက်မ ဖြစ်သည်။[၂]

ရေဆင်း ပြင်ဆင်ရန်

ဖရူဆိုမြို့နယ်တွင် သောက်သုံးရေအဖြစ်အသုံးပြုသော ခီးပရာလိုချောင်းနှင့် နန်းဖဲချောင်းတို့သည် ဟိုယာကျေးရွာ၊ သိုသီးဖိုရွာနှင့် တော်ခူရွာများကို ဖြတ်သန်း စီးဆင်းသည်။ ထင်ရှားသောချောင်းမှာ ထူးချောင်းဖြစ်ပြီး ဟိုယာကျေးရွာအုပ်စုနှင့် သိုသီးဖိုကျေးရွာအုပ်စုအနီးမှ ဖြတ်၍ ဘောလခဲမြို့နယ်ရှိ ပွန်ချောင်းသို့ စီးဝင်သည်။[၂]

လူဦး​ရေ ပြင်ဆင်ရန်

ဖရူဆိုမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ကယားလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာ၊ကရင်နှင့် ရှမ်းလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၀.၀၁%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယလူမျိုးများဖြစ်သည်။ ဖရူဆိုမြို့နယ်၏ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ လူဦးရေမှာ ၂၉,၇၈၉ ဦး ဖြစ်သည်။[၁]

စီးပွားရေး ပြင်ဆင်ရန်

ဖရူဆိုမြို့နယ်သည် ကယားပြည်နယ်အတွင်းရှိ စီးပွာရေးအရ တိုးတက်မှုနှေးကွေးသော မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်​နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ မြေပဲ၊ အစေ့ထုတ်ပြောင်းတို့ဖြစ်ပြီး လွိုင်​ကော်မြို့သို့ အဓိကတင်ပို့​ရောင်းချသည်။[၁]

​​ဈေးများ ပြင်ဆင်ရန်

  • ဖရူဆိုမြို့မ​ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး ပြင်ဆင်ရန်

ဖရူဆိုမြို့နယ်သည် ကုန်းလမ်း​ဆုံရာ လမ်းမ​ပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်​ရေး​ကောင်းမွန်သည်။

ပညာရေး ပြင်ဆင်ရန်

အ​ခြေခံပညာ ပြင်ဆင်ရန်

အထက ပြင်ဆင်ရန်

အထက်တန်းကျောင်း ၁ကျောင်းရှိသည်။

  • အထက ဖရူဆို

အထက(ခွဲ)/အလက ပြင်ဆင်ရန်

  • အလက (ထ(ခွဲ)) မာခ​ရော်​ရှေ့
  • အလက (ထ(ခွဲ)) ဟိုယာ
  • အလက (ထ(ခွဲ)) ထီး​ပေါ်ဆို
  • အလက ဒိုးလာ​ဆော

အမက ပြင်ဆင်ရန်

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၈၉ကျောင်းရှိသည်။ [၁]

ကျန်းမာရေး ပြင်ဆင်ရန်

ဖရူဆိုမြို့နယ်တွင် မြို့နယ်ဆေးရုံ ၁ ခု၊ တိုက်နယ်ဆေးရုံ ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၅ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၀ ခု တည်ရှိသည်။[၁]

​ဆေးရုံများ ပြင်ဆင်ရန်

  • ဖရူဆို ပြည်သူ့​ဆေးရုံ
  • ဟိုယာ တိုက်နယ်​ဆေးရုံ

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ ဖရူဆိုမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (PDF)။ ဖရူဆိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။ အောက်တိုဘာ ၂၀၁၇။ ၈ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ဖရူဆိုမြို့နယ်၏ ဒေသန္တရအချက်အလက်များ။ ကယားပြည်နယ်အစိုးရအဖွဲ့။ ၈ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။