ဦးဘော့စ်ကို (၁၄ အောက်တိုဘာ ၁၉၇၄-၂၄ ဒီဇင်ဘာ ၂၀၂၁) သည် ကယားပြည်နယ် အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၁] ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်နေ့တွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ရာထူးမှ ရပ်စဲလိုက်ပြီးနောက် ဦးဘော့စ်ကိုအား ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ခန့်အပ်ခဲ့သည်။[၂][၃]

ဦးဘော့စ်ကို
ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁
ကယားပြည်နယ်
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
တာဝန်သက်တမ်း
၇ ဧပြီ ၂၀၁၆ (၂၀၁၆-၀၄-၀၇) – ၂၀၂၁
သမ္မတဦးထင်ကျော်
ဦးဝင်းမြင့်
ကယားပြည်နယ် ဝန်ကြီးချုပ် (ယာယီ)
တာဝန်သက်တမ်း
၃ စက်တင်ဘာ ၂၀၂၀ (၂၀၂၀-၀၉-၀၃) – ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁
ခန့်အပ်သူဦးဝင်းမြင့်
ယခင်လူဦးအယ်လ်ဖောင်းရှို
ဆက်ခံသူဦးခင်မောင်ဦး (ပစက ဥက္ကဋ္ဌအဖြစ်)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1974-10-14)၁၄ အောက်တိုဘာ၊ ၁၉၇၄
ပူဖားကျေးရွာ၊ ဆောင်ဒူရွာသစ်ကျေးရွာအုပ်စု၊ ဒီးမော့ဆိုမြို့နယ်
ကယားပြည်နယ်
ကွယ်လွန်ဒီဇင်ဘာ ၂၄၊ ၂၀၂၁(2021-12-24) (အသက် ၄၇)
နိုင်ငံသားမြန်မာ
လူမျိုးကယန်း
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်လူစီးယာ
မိဘဦးသောင်း၊ ဒေါ်မူရှိ
အစိုးရအဖွဲ့ကယားပြည်နယ် အစိုးရအဖွဲ့
ကိုးကွယ်သည့်ဘာသာခရစ်ယာန်

၂၀၂၁ခုနှစ် ​ဖေ​ဖော်ဝါရီလ ၁ရက်​နေ့တွင် တပ်မ​တော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားပြီး​နောက် အခြားဝန်ကြီးချုပ်များနည်းတူ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ သို့​သော် လအနည်းငယ်အကြာတွင် ပြန်လည်လွတ်​မြောက်လာခဲ့သည်။[၄] ထို့​နောက် ဒီး​မော့ဆိုမြို့နယ်တွင် ​နေထိုင်ကာ ဒီး​​မော့ဆို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကို အကူအညီ​ပေးလျက် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ခဲ့ပြီး ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့ နံနက် (၅)နာရီ (၁၅) မိနစ်အချိန်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့သည်။[၅]

အစောပိုင်းဘဝ ပြင်ဆင်ရန်

ဦးဘော့စ်ကို ကို ၁၉၇၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကယားပြည်နယ်ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာတွင် ဖခင် ဦးသောင်းနှင့် မိခင် ဒေါ်မူရှိတို့က မွေးဖွားခဲ့ပြီး ကယန်းလူမျိုးတစ်ဦး ဖြစ်သည်။[၆] အထကခွဲ (သေးဆူလဲ)၊ အထက(နန်းမယ်ခုံ)၊ အထက(၂) လွိုင်ကော်မြို့တို့တွင် ဆယ်တန်းအထိ ပညာသင်ကြားခဲ့သည်။[၆]

နိုင်ငံရေး ပြင်ဆင်ရန်

ဦးဘော့စ်ကိုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာကို ဒီးမော့ဆိုမဲဆန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရ ရွေးကောက်ခံခဲ့ရသည်။[၇]ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့တွင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဖြစ်လာခဲ့သည်။ ၂၀၂၀ပြည့်နှစ်တွင် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရပြီး တာဝန်မှ ရပ်စဲခံရပြီးနောက် ဦးဘော့စ်ကိုအား ယာယီဝန်ကြီးချုပ်အဖြစ် သမ္မတရုံးမှ ခန့်အပ်ခဲ့သည်။[၈] ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူခဲ့ရာ အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနည်းတူ ဖမ်းဆီးခံခဲ့ရသည်။ သို့သော်မကြာမီတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။[၉]

ဦးဘောစ့်ကိုသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးမခံသော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်သူလူထုများ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ချိန်တွင်သော်လည်ကောင်း ရရာလက်နက်စွဲကိုင်တော်လှန်ချိန်တွင်လည်းကောင်း ပြည်သူနှင့်အတူ တစ်သားတည်းပူးပေါင်းပါဝင်ခဲ့သူဖြစ်သည်။အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးကာလတွင် ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO-PDF)အား အကြံပေးခြင်း၊ စိတ်ဓာတ်များမြင့်တင်ပေးခြင်း၊ စည်းကမ်းများကြပ်မတ်ပေးခြင်းတို့ကို တတ်နိုင်သည့်ဘက်မှ အကူအညီပေးခြင်းများကို မကွယ်လွန်ခင် အချိန်ထိ ကိုယ်တိုင်ကိုယ်ကျ အနီးကပ်ကူညီဆောင်ရွက်ပေးခဲ့သူဟု ဆိုသည်။

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

ဦး​ဘော့စ်ကိုသည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်​နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၄၇)နှစ်ရှိပြီဖြစ်သည်။ သူသည် အသည်း​ရောဂါအခံရှိသူလည်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်​ရောဂါ​ သံသယဖြင့် ကွယ်လွန်ခဲ့သည်ဟု သတင်းများတွင် ​ဖော်ပြခဲ့ကြသည်။[၅][၁၀]ဦးဘောစ့်ကို၏ ကျန်ရစ် ရုပ်ကလာပ်အား ကက်သလစ်ထုံးတမ်းအစဉ်အလာနှင့်အညီ ၂၀၂၁ခုနှစ်၊ဒီဇင်ဘာ(၂၄)ရက် ညနေ (၃း၃၀)နာရီ အချိန်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြသည်။[၁၁]

ကိုးကား ပြင်ဆင်ရန်

  1. ကယားပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း (အမိန့်အမှတ်၊ ၂၃/၂၀၁၆)။ နိုင်ငံတော် သမ္မတရုံး (၆ ဧပြီ ၂၀၁၆)။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. နော်နိုရင်း (၃ စက်တင်ဘာ ၂၀၂၀)။ ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးဘော့စ်ကို ခတ္တဝန်ကြီးချုပ်အဖြစ်ခန့်အပ်ဒီဗွီဘီ။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. စိုးစိုးထက်၊ ခေမဏီဝင်း (၃ စက်တင်ဘာ ၂၀၂၀)။ ကယားဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲ။ RFA။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. "ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုတို့အား ထိန်းသိမ်းထား"။ 
  5. ၅.၀ ၅.၁ "ကယား ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို ကွယ်လွန်"။ 6 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 6 February 2022။ 
  6. ၆.၀ ၆.၁ ဦးဘော့စ်ကို ကိုယ်ရေးရာဇဝင်။ ကယားပြည်နယ် လွှတ်တော်။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  7. ကိုယ်စားလှယ် အကြောင်း။ ပွင့်လင်းလွှတ်တော်။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  8. တာဝန်မှ ရပ်စဲခံရသည့် ဆုံးဖြတ်ချက်အပေါ် ဦးအယ်လ်ဖောင်းရှို တုံ့ပြန်
  9. ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပွဲ ဖမ်းဆီးခံရသူများစာရင်း
  10. "ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဘော့စ်ကို ကိုဗစ်ရောဂါနဲ့ ကွယ်လွန်"။ 
  11. ဦးဘောစ့်ကိုအား ကက်သလစ်ထုံးတမ်းအစဉ်အလာနှင့်အညီ ဂူသွင်းသင်္ဂြိုဟ်