သမ္မတရုံး ဝန်ကြီးဌာန
သမ္မတရုံး ဝန်ကြီးဌာန (တနည်းအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၊ အင်္ဂလိပ်: Office of the President of the Republic of the Union of Myanmar) သည် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်သည့်ရုံး ဖြစ်သည်။ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဦးလွင်ကိုလတ်အား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[၂]
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
ပြည်ထောင်စုဝန်ကြီး | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
ဌာနချုပ် |
|
ဝန်ကြီးများ | လစ်လပ်၊ ပြည်ထောင်စုဝန်ကြီး |
ဝက်ဘ်ဆိုက် | president-office.gov.mm |
သမိုင်းကြောင်း
ပြင်ဆင်ရန်စစ်အစိုးရအုပ်ချုပ်ရေးမှ ဒီမိုကရေစီအုပ်ချုပ်ရေးသို့ကူးပြောင်းရာ ၂၀၁၁ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။နိုင်ငံတော်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊ ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန်နှင့် ၂၀၁၄အာဆီယံထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန်အတွက် ၂၀၁၂ခုနှစ် စက်တင်ဘာလ၄ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနကို ဝန်ကြီးဌာန၆ခုအထိတိုးချဲ့ခဲ့သည်။ [၃]၂၀၁၃ခုနှစ် ဇန်နဝါရီလ၉ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရဲထွဋ်ကို နိုင်ငံတော်သမ္မတရုံး၏ ပထမဆုံးသော ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။[၄]ထို့နောက်တွင် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆက်လက်ဆောင်ရွက်ခဲ့သည်။သမ္မတဦးထင်ကျော်လက်ထက်တွင် ဝန်ကြီးဌာနတစ်ခုတည်းအဖြစ်လျှော့ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်- ပြည်ထောင်စုဝန်ကြီးရုံးအဖွဲ့
- သမ္မတဦးစီးရုံး
- ဒုတိယသမ္မတ (၁) ဦးစီးရုံး
- ဒုတိယသမ္မတ (၂) ဦးစီးရုံး
- နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီး
- စီးပွားရေးရာဌာနကြီး
- လူမှုရေးနှင့် ယဉ်ကျေးမှုဌာနကြီး
- စီမံရေးနှင့် ဘဏ္ဍာရေးဌာနကြီး
- အိမ်တော်များဌာနကြီး
- လုံခြုံရေးအရာရှိချုပ်ဌာနကြီး
- သုတေသန၊ သတင်းပြန်ကြားရေးနှင့် တိုင်ကြားစာများဌာနကြီး[၅]
ဌာနချုပ်
ပြင်ဆင်ရန်နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရုံးထိုင်သည့် နိုင်ငံတော်သမ္မတရုံးကို နိုင်ငံတော်သမ္မတအိမ်တော်တွင် ထားရှိထားသည်။ထိုရုံးကို တာဝန်ခံသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနအား နေပြည်တော်ရှိ ရုံးအမှတ် (၁၈)တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် တွဲ၍ ဖွင့်လှစ်ထားသည်။[၁]၂၀၂၀ပြည့်နှစ်တွင် ပြည်ထောင်စုတရားလွှတ်တော်အနီးတွင် ဝန်ကြီးရုံးအသစ် တည်ဆောက်လျက်ရှိသည်။[၆]ရုံးအမှတ် (၁၈)သည် ယခင် နအဖအစိုးရလက်ထက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးနှင့် ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာနတို့ ဖွင့်လှစ်ခဲ့သည့် ရုံးအဆောက်အဦးဖြစ်သည်။
ဝန်ကြီးများစာရင်း
ပြင်ဆင်ရန်№ | ပုံ | အမည် (မွေးဖွား-ကွယ်လွန်) |
ရာထူးသက်တမ်း | နိုင်ငံရေးပါတီ | နိုင်ငံတော်သမ္မတ | ဒုတိယဝန်ကြီး | ||
---|---|---|---|---|---|---|---|---|
တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | ||||||
၁ | ဦးသိန်းညွန့် | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၁၈၂၇
|
USDP | ဦးသိန်းစိန် | - | |
၂ | ဦးစိုးမောင် | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၁၈၂၇
|
USDP | ဦးသိန်းစိန် | - | |
၃ | ဦးစိုးသိန်း | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁
|
USDP | ဦးသိန်းစိန် | - | |
၄ | ဦးအောင်မင်း | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁
|
USDP | ဦးသိန်းစိန် | - | |
၅ | ဦးလှထွန်း | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁
|
USDP | ဦးသိန်းစိန် | - | |
၆ | ဦးတင်နိုင်သိန်း | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁
|
USDP | ဦးသိန်းစိန် | - | |
၇ | ဒေါ်အောင်ဆန်းစုကြည် | ၃၀ မတ် ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၉
|
NLD | ဦးမင်းသူ | ||
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးနှင့် နိုင်ငံခြားရေးဝန်ကြီးရာထူးများပါတွဲဖက်ထမ်းဆောင် |
သမ္မတအကြံပေးပုဂ္ဂိုလ်များ (၂၀၁၁-၂၀၁၆)
ပြင်ဆင်ရန်သမ္မတဦးသိန်းစိန်လက်ထက်တွင် စီးပွားရေး၊ သာသနာရေး၊ဥပဒေ၊ ပညာရေးဆိုင်ရာသမ္မတအကြံပေးပုဂ္ဂိုလ်များ ခန့်အပ်ခဲ့သည်။ သမ္မတအကြံပေးအဖွဲ့ဝင်၉ဦး[၇]ကို ၂၀၁၁ခုနှစ် ဧပြီ၁၉ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[၈]၂၀၁၄ခုနှစ် ဇွန်လ၁၈ရက်နေ့တွင် ဦးမြင့်မောင်နှင့် ဦးစိန်ဝင်းအောင်ကို သာသနာရေးဆိုင်ရာ အကြံပေးအဖြစ် ထပ်မံခန့်အပ်ခဲ့သည်။[၉][၁၀][၁၁]
၂၀၁၄ခုနှစ်အထိ သမ္မတအကြံပေးအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
- နိုင်ငံရေး: ဦးကိုကိုလှိုင်[၁၂]
- စီးပွားရေး: ဦးမြင့်[၁၂]
- ဥပဒေ: ဦးစစ်အေး[၁၂]
- သာသနာရေး: ဦးမြင့်မောင်[၁၀]
- ပညာရေး: ဒေါ်ရင်ရင်နွယ်[၁၀]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ "စစ်ဘက် အရာရှိဟောင်း ဦးမင်းသူ အစိုးရအဖွဲ့ရုံး ဝန်ကြီး ဖြစ်လာရန်ရှိ"။
- ↑ https://burmese.voanews.com/a/crph-acting-union-minister/5798240.html?nocache=1
- ↑ Nyein Nyein။ "Four New Ministries Created in President’s Office"၊ The Irrawaddy၊ 4 September 2012။
- ↑ "Burma President’s Office Appoints First Spokesperson"၊ The Irrawaddy၊ 9 January 2013။
- ↑ "နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန"၊ National Web Portal။ Archived from the original on 2 April 2019။
- ↑ "နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနရုံး တည်ဆောက်ရန် ကျပ်ရှစ်ဘီလီယံကျော် ဘတ်ဂျက်တောင်း"။ 14 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 14 May 2021။
- ↑ "Myanmar president pledges to work for best of nation with advisory board"၊ CCTV၊ 5 April 2011။ Archived from the original on 7 July 2015။
- ↑ Notification No. 53/2013။ Republic of the Union of Myanmar President Office (7 August 2013)။
- ↑ Mathieson၊ David Scott။ "Burma: the Clash of Church, State, and Society"၊ Human Rights Watch၊ 9 July 2014။
- ↑ ၁၀.၀ ၁၀.၁ ၁၀.၂ Notification (No. 40/2014)။ Republic of the Union of Myanmar Union Government (18 June 2014)။
- ↑ Kyaw Hsu Mon။ "Burmese President Appoints New Religious Advisors"၊ The Irrawaddy၊ 19 June 2014။
- ↑ ၁၂.၀ ၁၂.၁ ၁၂.၂ "Advisory Board"၊ Alternative Asean Network on Burma၊ 9 September 2013။ Archived from the original on 5 December 2014။
ဤ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |