ဘော့ဆွာနာနိုင်ငံ
ကိုဩဒိနိတ်: 24°39.5′S 25°54.5′E / 24.6583°S 25.9083°E
ဘော့ဆွာနာသမ္မတနိုင်ငံသည် အာဖရိက တောင်ပိုင်းတွင် တည်ရှိသော ဆာဟာရတောင်ပိုင်း (sub Saharan country) နိုင်ငံတစ်ခုဖြစ်သည်။ ဘော့ဆွာနာနိုင်ငံသားများကို ဘတ်ဆွာနာ (Batswana) (ဧကဝုစ်ကိန်းအနေဖြင့် မော့ဆွာနာ (Motswana) )ဟုခေါ်သည်။ ယခင်က ဗြိတိသျှ အစောင့်အရှောက်ခံနိုင်ငံ (the British protectorate) တစ်ခု ဖြစ်ခဲ့သော Bechuanaland နိုင်ငံသည် ၁၉၆၆၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ဘော့ဆွာနာဟု အမည်ပြောင်းခဲ့ခြင်း ဖြစ်သည်။ ဓနသဟာယအဖွဲ့ (Commonwealth) နိုင်ငံတစ်ခုဖြစ်သည်။ လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီရွေးကောက်ပွဲများကို လွတ်လပ်ရေးရရှိခဲ့ချိန်မှစ၍ ကျင်းပလာခဲ့သည်။
ဘော့ဆွာနာ သမ္မတနိုင်ငံ Republic of Botswana Lefatshe la Botswana Lefatshe la Botswana (Tswana) | |
---|---|
ဆောင်ပုဒ်: "Pula" (Tswana) "Rain" | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဂါဘရွန်နေမြို့ 24°39.5′S 25°54.5′E / 24.6583°S 25.9083°E |
လူမျိုးစု (၂၀၁၂[၁]) | |
ကိုးကွယ်မှု |
|
လူမျိုး |
|
အစိုးရ | ပြည်ထောင်စု ကြီးစိုးပါတီ[၃][၄][၅] ပါလီမန် ဖွဲ့စည်းပုံ သမ္မတနိုင်ငံစနစ်[၆] |
• သမ္မတ | Mokgweetsi Masisi[၇] |
Slumber Tsogwane | |
Phandu Skelemani | |
Terence Rannowane | |
ဥပဒေပြုလွှတ်တော် | အမျိုးသားလွှတ်တော် |
လွတ်လပ်ရေးရ ယူနိုက်တက် ကင်းဒမ်းမှ | |
• တည်ထောင်ခဲ့ (ဖွဲ့စည်းပုံဥပဒေ) | ၁၉၆၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၅၈၁,၇၃၀ km2 (၂၂၄,၆၁၀ sq mi)[၈] (အဆင့်: ၄၇h) |
• ရေထု (%) | ၂.၇ |
လူဦးရေ | |
• ၂၀၁၆ ခန့်မှန်း | ၂,၂၅၀,၂၆၀[၉] (အဆင့် - ၁၄၅) |
• ၂၀၁၁ သန်းခေါင်စာရင်း | ၂,၀၂၄,၉၀၄ |
• သိပ်သည်းမှု | ၃.၇/km2 (၉.၆/sq mi) (အဆင့် - ၂၃၁) |
GDP (PPP) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၄၃.၃၈၉ ဘီလီယံ[၁၀] (အဆင့် - ၁၂၀) |
• Per capita | $၁၈,၁၁၃[၁၀] (အဆင့် - ၉၉) |
GDP (nominal) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၁၈.၇၂၆ ဘီလီယံ[၁၀] (အဆင့် - ၁၂၀) |
• Per capita | $7,817[၁၁] (အဆင့် - ၁၀၁) |
Gini (၂၀၁၅) | ၅၃.၃[၁၂] မြင့် |
HDI (၂၀၁၉) | ၀.၇၃၅[၁၃] မြင့် · ၁၀၀ |
ငွေကြေး | ပူလာ (BWP) |
အချိန်ဇုန် | ဗဟိုအာဖရိကဒေသ စံတော်ချိန် (GMT+2)[၁၄] |
ရက်စွဲပုံစံ | dd/mm/yyyy |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၂၆၇ |
Internet TLD | .bw |
ဝက်ဘ်ဆိုဒ် gov.bw |
ပထဝီဝင်အနေအထားအရ များသောအားဖြင့် ပြန့်ပြူးသည်။ တိုင်းပြည်၏ ၇၀% ခန့်သည် ကာလာဟာရီသဲကန္တာရ (Kalahari Desert) ဖြင့် ဖုံးလွှမ်းထားသည်။ တောင်ဘက်နှင့် အရှေ့တောင်ဘက်တွင် တောင်အာဖရိက၊ အနောက်ဘက်နှင့် မြောက်ဘက်တွင် နမီးဘီးယား၊ အရှေ့မြောက်ဘက်တွင် ဇင်ဘာဘွေ တို့နှင့် နယိနိမိတ်ချင်းထိစပ်နေသည်။ ဇမ်ဘီယာနှင့်လည်း နယ်နိမိတ်ထိသည် ဆိုရုံမျှ ထိနေသေးသည်။
၁၉၆၆ခုနှစ်၊ ဗြိတိသျှထံမှ လွတ်လပ်ရေးရလာချိန်တွင် လူဦးရေ (၂)သန်းမျှသာရှိသော ကုန်းတွင်းပိတ်နိုင်ငံလည်းဖြစ်သည့် ဘော့ဆွာနာနိုင်ငံသည် လူတစ်ဦးချင်း၏ တစ်နှစ်တာဝင်ငွေ အမေရိကန်ဒေါ်လာ (၇၀)ခန့်သာရှိပြီး အာဖရိကတိုက်၏ အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့သည်။ ဘော့ဆွာနာသားတို့၏ ရုန်းကန်ကြိုးစားမှုကြောင့် နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်း ၉% ရှိပြီး လူတစ်ဦးချင်း၏ တစ်နှစ်တာဝင်ငွေမှာလည်း အမေရိကန်ဒေါ်လာ (၁၄,၈၀၀) အထိရှိလာကာ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်ဆုံး တိုင်းပြည်တစ်ခု ဖြစ်လာခဲ့သည်။
အဆင်းရဲဆုံး၊ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ကျဆုံးနိုင်ငံတစ်ခုအဖြစ်မှ အလတ်တန်းစားနိုင်ငံတစ်ခုအဆင့်ထိရောက်အောင် အုပ်ချုပ်စီမံနိုင်ခဲ့ကြသော ဘော့ဆွာနာသားတို့ကို အထင်ကြီးလေးစားဖွယ်ရာဖြစ်သည်။ ပညာရေးအသုံးစရိတ်မှာ ဂျီဒီပီ ၏ ၁၀%ခန့်အသုံးပြုသည်။ ပညာရေးတွင် သိသာစွာ အောင်မြင်တိုးတက်လာခဲ့သည်။ အခမဲ့နီးပါး ပညာရေးစနစ် ကို အကောင်အထည်ဖော်နေသည်။ ပညာရေးမှ ထွက်ရှိလာသော ရလဒ်များက ဘော့ဆွာနာ၏ လိုအပ်သော ကျွမ်းကျင်မှုနှင့် လုပ်သားအင်အားကို မဖန်တီးပေးနိုင်သေးပေ။ အလုပ်လက်မဲ့နှုန်းမှာလည်း ၂၀% ခန့်အထိ မြင့်မားလျှက်ပင် ရှိနေသေးသည်။ ကျေးလက်ဒေသတွင် ဆင်းရဲနွမ်းပါးမှုများ လျော့နည်းသွားသော်လည်း မိသားစုဝင်ငွေများမှာ မြို့ပြနေလူတန်းစား၏ မိသားစုဝင်ငွေများထက် နိမ့်ကျလျှက်ပင်ရှိနေသေးသည်။ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (အေအိုင်ဒီအက်စ်) တားဆီးရာတွင်လည်း များစွာတိုးတက်မှုရှိသည်။ အဘယ်ကြောင့်ဆိုသော် အစိုးရက တိုင်းသူပြည်သားများအား ဆေးဝါးများကို အခမဲ့နှင့် အတင်းအကျပ် ဆေးပေး ကုသပေးသောကြောင့် ဖြစ်သည်။
တိုင်းပြည်သည် ၎င်း၏ စီးပွားရေးကို စိန်နှင့် အမဲသားတင်ပို့မှုပေါ်တွင် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းနေသည်။ တိုင်းပြည်အတွင်း ဆိုဒါဓာတ်ပြာ၊ ကြေးနီ၊ နီကယ်၊ ရွှေနှင့် ကျောက်မီးသွေးတို့လည်း ထွက်ရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Botswana။ The World Factbook။ Central Intelligence Agency (2014)။ 16 April 2014 တွင် ပြန်စစ်ပြီး။
- ↑ Pew Research Center's Religion & Public Life Project: Botswana Archived 16 December 2013 at the Wayback Machine.
- ↑ Botswana's Dominant Party System။ 9 April 2020 တွင် ပြန်စစ်ပြီး။
- ↑ "Botswana's Masisi retains presidency as BDP wins election"၊ Reuters၊ 24 October 2019။
- ↑ "Monopoly Politikos: How Botswana's Opposition Parties Have Helped Sustain One-Party Dominance" (2002). African Sociological Review 6 (1): 68–90. doi: .
- ↑ Africa :: Botswana – The World Factbook - Central Intelligence Agency။ 17 December 2019 တွင် ပြန်စစ်ပြီး။
- ↑ "Masisi to Lead Botswana as Khama Steps Down After a Decade"၊ 28 March 2018။
- ↑ Global Forest Resources Assessment 2015 – Country Report – Botswana (PDF)။ fao.org (အစီရင်ခံစာ)။ United Nations Food and Agriculture Organization။ 2015။ p. 9။
Total Country Area ('000)ha / 58 173
- ↑ World Population Prospects: The 2017 Revision။ United Nations Department of Economic and Social Affairs, Population Division။ 10 September 2017 တွင် ပြန်စစ်ပြီး။
- ↑ ၁၀.၀ ၁၀.၁ ၁၀.၂ IMF Country Specific Data။ 10 August 2019 တွင် ပြန်စစ်ပြီး။
- ↑ IMF Country Specific Data။ 10 August 2019 တွင် ပြန်စစ်ပြီး။
- ↑ GINI index (World Bank estimate)။ ကမ္ဘာ့ဘဏ်။ 13 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2019 တွင် ပြန်စစ်ပြီး။
- ↑ Human Development Report 2020 (in en)။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (December 15, 2020)။ December 15, 2020 တွင် ပြန်စစ်ပြီး။
- ↑ Chapter: 01:04 (20 July 1984)။ Interpretation Act 1984 (§40(1))။ 28 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 October 2021 တွင် ပြန်စစ်ပြီး။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |