မန္တလေးကွန်ပျူတာတက္ကသိုလ်

ကွန်ပျူတာတက္ကသိုလ်(မန္တလေး) နှင့် မရောထွေးပါနှင့်။

မန္တလေးကွန်ပျူတာတက္ကသိုလ် (အင်္ဂလိပ်: University of Computer Studies, Mandalay; အတိုကောက် UCSM) သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် တည်ရှိသည်။ မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာ ဘာသာရပ်များအတွက် ကွန်ပျူတာသိပ္ပံဘွဲ့နှင့် မဟာဘွဲ့သင်တန်းများကို တက်ရောက်နိုင်သည်။[၁]

မန္တလေးကွန်ပျူတာတက္ကသိုလ်
University of Computer Studies Mandalay Logo.jpg
အမျိုးအစားအများဆိုင်
တည်ထောင်စက်တင်ဘာ ၁၉၉၇[၁]
ပါမောက္ခချုပ်ဒေါက်တာမိုးပွင့်
တည်နေရာပုသိမ်ကြီးမြို့နယ်မန္တလေး
မန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံ[၂]

21°58′0″N 96°11′0″E / 21.96667°N 96.18333°E / 21.96667; 96.18333ကိုဩဒိနိတ်: 21°58′0″N 96°11′0″E / 21.96667°N 96.18333°E / 21.96667; 96.18333
နှီးနွယ်အဖွဲ့အစည်းများခေးအိုးတက္ကသိုလ်UCSY
ဝဘ်ဆိုဒ်ucsm.edu.mm

သမိုင်းကြောင်းပြင်ဆင်

၁၉၉၇ ခုနှစ် မေလတွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၇ ခုနှစ် စက်တင်ဘာတွင် သင်တန်းစတင်ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ အထူးပြုတက္ကသိုလ်များစနစ်အရ မန္တလေးကွန်ပျူတာတက္ကသိုလ်သည် အထက်မြန်မာပြည်၏ ကွန်ပျူတာသိပ္ပံနှင့် နည်းပညာဘာသာရပ်များအတွက် ပထမဆုံး အထူးပြုတက္ကသိုလ်ဖြစ်သည်။

သင်တန်းများပြင်ဆင်

သင်တန်း ဘွဲ့ မဟာဘွဲ့ ပါရဂူဘွဲ့
ကွန်ပျူတာသိပ္ပံ B.C.Sc., B.C.Sc. (Honours) M.C.Sc., M.A.Sc., M.I.Sc.
ကွန်ပျူတာနည်းပညာ B.C.Tech., B.C.Tech. (Honours) M.C.Tech.
သတင်းအချက်အလက်နည်းပညာ PhD(IT)

သင်ကြားရေးဌာနများပြင်ဆင်

  • ဆော့ဖ်ဝဲလ်နည်းပညာဌာန
  • ဟက်ဒ်ဝဲလ်နည်းပညာဌာန
  • သတင်းအချက်အလက်သိပ္ပံဌာန
  • ကွန်ပျူတာသင်္ချာဌာန
  • အသုံးချကွန်ပျူတာဌာန
  • မြန်မာစာဌာန
  • အင်္ဂလိပ်စာဌာန
  • ရူပဗေဒဌာန
  • သုတေသနနှင့်ဖွံ့ဖြိုးရေးဌာန

နှီးနွယ်အဖွဲ့အစည်းများပြင်ဆင်

တွဲဖက်တက္ကသိုလ်များပြင်ဆင်

အထက်မြန်မာနိုင်ငံတွင်းရှိ အောက်ပါတက္ကသိုလ်များသည် မန္တလေးကွန်ပျူတာတက္ကသိုလ်၏ တွဲဖက်တက္ကသိုလ်များ ဖြစ်ကြသည်။[၁]

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ ၁.၂ Dr. Sayne Lei Shwe. "Technology and State Development". Ministry of Science and Technology. Retrieved on 2008-12-07.  Archived 10 June 2011 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 10 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2021 တွင် ပြန်စစ်ပြီး။
  2. UCSM။ SOI Asia။ 28 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-12-06 တွင် ပြန်စစ်ပြီး။
  3. Nyi Nyi Aung (2003-02-24). "Joint degree for PhD in computer studies". The Myanmar Times. [လင့်ခ်သေ]