မန္ဓာတ်စကြာမင်း
မန္ဓာတ်မင်း[၁]၊ မန္ဓာတ်စကြာမင်း။ (ယင်း မင်းတရားကြီးသည် ၄-ကျွန်းလုံးကို အစိုးရသူဖြစ်သည်။ [၂] ကာမဂုဏ် ခံစားသူတို့တွင် မန္ဓာတ်မင်းသည် အမြတ်ဆုံး အသာလွန်ဆုံးဖြစ်၏၊
ဆွေစဉ်မျိုးဆက်
ပြင်ဆင်ရန်ကမ္ဘာဦးကာလ၌ မဟာသမ္မတမင်းသည် ရှေးဦးစွာ မင်းဖြစ်လာသူတည်း။ မဟာသမ္မတမင်း၏ သားကား ရောဇ၊ ရောဇမင်း၏ သားကား ဝရရောဇ၊ ဝရရော” မင်း၏သားကား ကလျာဏ၊ ကလျာဏမင်း၏ သားကား ဝရကလျာဏ၊ ဝရကလျာဏမင်း၏ သားကား မန္ဓာတ်မင်း ဖြစ်သည်၊ ထို့ကြောင့် မန္ဓာတ်မင်းသည် မဟာသမ္မတမင်းမှ စ၍ ရေတွက်လျှင် ၆-ဆက်မြောက် မင်းဖြစ်၏။ [၃] ဝရကလျာဏ၏ သားကား ဥပေါသထ၊ ဥပေါသထ၏ သားကား ဝရဥပေါသထ၊ ဝရဥပေါသထ၏ သားကား မန္ဓာတ်မင်းဟု ဇာတ် အဋ္ဌကထာ [၄]၌ ဆို၍ ဥပေါသထ၏သားကား မန္ဓာတ်မင်းဟု [၅]၌ ဆိုထားပြန်သည်။ ထို့ကြောင့် ဇာတ်အဋ္ဌကထာတို့အလို မန္ဓာတ်မင်းသည် မဟာသမ္မတမင်းမှ စ၍ ရေတွက်လျှင် ၈-ဆက်မြောက် ၇-ဆက်မြောက် မင်းဖြစ်သည်ဟု ယူရမည်။
ဂုဏ်ရည်နှင့် သက်တမ်း
ပြင်ဆင်ရန်မန္ဓာတ်မင်းသည် ရတနာ ၇-ပါး တန်ခိုး ၄-ပါးတို့နှင့် ပြည့်စုံသူဖြစ်၏၊ ယင်းမင်းတရားကြီး၏ လက်ဝဲလက်ကို ခွေ၍ လက်ျာလက်ဖြင့် လက်ခမောင်း (= လက်ပန်းပေါင်း) ခတ်တီး လိုက်လျှင် ပုဆစ်ဒူးပမာဏရှိသည့် ရတနာမိုးကို ရွာချစေနိုင်၏။ ပထမ ၈၄၀၀၀-နှစ်တို့ ပတ်လုံး မင်းသားငယ် အဖြစ်ဖြင့်လည်းကောင်း ဒုတိယ ၈၄၀၀၀-နှစ်တို့ပတ်လုံး အိမ်ရှေ့မင်း အဖြစ်ဖြင့်လည်းကောင်း တတိယ ၈၄၀၀၀-နှစ်တို့ပတ်လုံး စကြာမင်းအဖြစ်ဖြင့် လည်းကောင်း အဆင့်ဆင့် စည်းစိမ်ခံစားရသူ ဖြစ်သည်၊
မရောင့်ရဲနိုင်သော ကာမဂုဏ်
ပြင်ဆင်ရန်ယင်းမင်းတရားကြီးသည် လူ့ ပြည် ကာမဂုဏ်များကို မရောင့်ရဲနိုင်သည့်အတွက် ပရိသတ်နှင့် တကွ စတုမဟာရာဇ်နတ်ပြည်သို့ တက်ရောက်၍ လူအဖြစ်ဖြင့် ကာမဂုဏ်ကို ခံစားသည်၊ ထိုမျှဖြင့် မရောင့်ရဲနိုင် ပြန်ရကား တာဝတိံသာ နတ်ပြည်သို့ တက်ရောက်ကာ သိကြားမင်း ၃၆-ယောက်တိုင်အောင် နတ်ပြည်ထက်ဝက်ကို လူအဖြစ်ဖြင့် ကာမဂုဏ် ယင်း ခံစားသည်။ [၆]တို့၌ကား တာဝတိံသာနတ်ပြည်၌ လူအသွင်ပျောက်၍ နတ်ဘဝဖြင့် စည်းစိမ် ခံစားသည်ဟု ဆို၏။)
ထိုမျှဖြင့် မတင်းတိမ် မရောင့်ရဲနိုင်ရကား သိကြားမင်းကို သတ်၍ တာဝတိံသာတပြည်လုံး အုပ်ချုပ်မင်းလုပ်ရန် ကြံစည်နေစဉ် လူ့ပြည်ရှိ ဥယျာဉ်တော်၌ လျှောကျသက်ဆင်းရသည်၊ ထိုဥယျာဉ်တော်၌ သေရာ ညောင်စောင်းတွင် လဲလျောင်းနေစဉ် “အမတ်တို့နတ်ပြည် ၂-ရပ်လုံးကို နှစ်ပေါင်း များစွာ အုပ်စိုး၍ ကာမဂုဏ်စည်းစိမ်များကို ခံစားရသော်လည်း မင်းကြီး၌ ဖြစ်ပေါ်လာသော တဏှာ၏အလိုကို မပြည့်စုံစေမူ၍သာလျှင် သေလွန်ရ၏ဟု ပြောဆိုရစ်ကြလေ”ဟုမှာ ထားသွန်သင်လျက် နတ်ရွာစံလွန်ရလေသည်။ တဏှာ၏ အလိုကို ရုပ်ဝတ္ထုဖြင့် မဖြည့်စွမ်းနိုင်ကြောင်း မန္ဓာတုဇာတ်ဖြင့် သင်ခန်းစာပေး နေ၏။ [၇] [၈]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ မန္ဓာတု (ပု) [မ+ဓာ+တု။ မံ သိရိံ ဓာရေတီတိ မန္ဓာတု၊ အလုတ္တသမာသော။ ပါရာ၊ ယော။ ၁၄၉။]
- ↑ ထေရီ၊၄၃၂။
- ↑ သုတ္တနိ၊ဋ္ဌ၊၂၊၈၅။
- ↑ (ဇာ၊ဋ္ဌ၊၃၊၄၃၁)
- ↑ (ဇာ၊ဋ္ဌ၊၂၊၂၈၁-၂)
- ↑ (ဒီ၊ဋ္ဌ၊၂၊၇၃။ မ၊ဋ္ဌ၊၁၊၂၃၁။ အံ၊ဋီ၊၂၊၂၄၀-
- ↑ ဇာ၊ဋ္ဌ၊၂၈၂၈၁-၃။) သဗ္ဗေဝ ဒါသာ မန္ဓာတု၊ ယေ ပါဏာ ပထဝိဿိတာ။ ဇာ၊၁၊၇၃။ ဓမ္မ၊ဋ္ဌ၊၂၊၁၅၆။ ဟဿ ပုတ္တော မန္ဓာတု နာမ အဟောသိ။ ဇာ၊ဋ္ဌ၊၂၊၂၈၂။
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၆