တင်အောင်စန်း

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး

ဗိုလ်ချုပ်ကြီး တင်အောင်စန်း (၁၆ အောက်တိုဘာ ၁၉၆၀ မွေးဖွား[၂]) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်ဖြစ်သည်။ ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လည်းဖြစ်သည်။ [၃]ယခင်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) တာဝန်များ ထမ်းဆောင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး

တင်အောင်စန်း
မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ​ဖေ​ဖော်ဝါရီ ၂၀၂၃
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
ယခင်လူမြထွန်းဦး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁[၁]
ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၂၁ – ၃ ဩဂုတ် ၂၀၂၃
ယခင်လူဦးသန့်စင်မောင်
ဆက်ခံသူမြထွန်းဦး
 တပ်မတော် (ရေ)
ကာကွယ်ရေးဦးစီးချုပ်
တာဝန်သက်တမ်း
၁၁ ဩဂုတ် ၂၀၁၅ – ​ဖေ​ဖော်ဝါရီ ၂၀၂၁
ယခင်လူဗိုလ်ချုပ်ကြီး သူရ သက်ဆွေ
ဆက်ခံသူဗိုလ်ချုပ်ကြီး မိုးအောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1960-10-16) အောက်တိုဘာ ၁၆၊ ၁၉၆၀ (အသက် ၆၃)
ကြင်ဖော်(များ)ဒေါ်သန်းသန်းအေး
သားသမီးမယဉ်မင်းသူ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ရေ)
ရာထူးဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်ကြီး
တပ်ကက(ရေ)

တပ်မတော်တာဝန် ပြင်ဆင်ရန်

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ အငြိမ်းစားယူပြီးနောက် စစ်ဦးစီးအရာရှိချုပ်(ရေ)အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဗိုလ်ချုပ်ကြီးတင်အောင်စန်းအား ၂၀၁၅ ဩဂုတ်လတွင် ရာထူးတိုးမြှင့်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် ခန့်အပ်ခဲ့သည်။[၄][၅] ၎င်းသည် အမေရိကန်ပြည်ထောင်စုတွင် စစ်သင်တန်း တက်ရောက်အောင်မြင်ခဲ့သူ ရှားရှားပါးပါး ဗိုလ်ချုပ်တစ်ဦးဖြစ်သည်ဟု ဆိုသည်။[၆]

နိုင်ငံ​ရေးတာဝန် ပြင်ဆင်ရန်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် တပ်ရာထူးမှ လျှောကျကာ အသစ်ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ်လည်းကောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[၇]

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့သည်။[၈] ယင်းနောက် ၂၀၂၃ ဩဂုတ် ၃ရက်တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ်မှ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ထမ်းဆောင်သည်။

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေးနှင့် အိမ်ထောင်ကျကာ ယဉ်မင်းသူ ခေါ် သမီးတစ်ဦးရှိသည်။[၉] ယဉ်မင်းသူသည် Global Icon General Trading Company Limited ဒါရိုက်တာတစ်ဦးဖြစ်သည်။[၁၀]

ကိုးကား ပြင်ဆင်ရန်

  1. "နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း"။ 
  2. Issuance of Executive Order "Blocking Property With Respect To The Situation In Burma;" Burma-related Designations and Designations Updates | U.S. Department of the Treasury။ ၁၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းMOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. တပ်မတော်ထိပ်တန်းရာထူးများအပြောင်းအလဲပြုလုပ် (in en)။ 7 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
  5. ဒုတိယ ဗိုလ်ချုပ်ကြီးများ အပါအဝင် အရာရှိကြီး ၄၅ ဦး ကြံ့ခိုင်ရေးပါတီသို့ ကူးပြောင်း။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  6. "စစ်ကောင်စီတွင် တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ"၊ Myanmar Now၊ 6 May 2021။ 
  7. "အစိုးရသစ်က ပြည်ထောင်စု ဝန်ကြီးတွေရဲ့ အမည်စာရင်း ထုတ်ပြန်"။ 
  8. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း"။ 
  9. Myanmar military SAC members, their businesses and associates that require targeted sanctions။ 2021-02-11 တွင် ပြန်စစ်ပြီး။
  10. GLOBAL ICON GENERAL TRADING COMPANY LIMITED။ 2021-02-11 တွင် ပြန်စစ်ပြီး။


စစ်ဖက်ဆိုင်ရာ ရုံးများ
ယခင်က
ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ
ကာကွယ်ရေးဦးစီးချုပ်(ရေ)
၂၀၁၅ – ၂၀၂၁
ဆက်ခံသူ
ဗိုလ်ချုပ်ကြီး မိုးအောင်